Connect with us

International Organizations

ဆူနာမီအန္တရာယ်ကို ပိုမိုသတိပြုမိရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကမေတ္တာရပ်ခံ

ကုလသမ္မဂ၊နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က နိုဝင်ဘာ ၅ ရက် ကမ္ဘာ့ဆူနာမီအသိပညာပေးနေ့တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဆူနာမီ အန္တရာယ်ကို သတိပြုမိရန်နှင့် အန္တရာယ်များ လျှော့ချမှုဆိုင်ရာ ဆန်းသစ်သော နည်းလမ်းများ မျှဝေခဲ့သည်။ကျွန်တော်တို့သည် လက်ရှိတိုးတက်မှုအပေါ် အခြေခံပြီး ဆက်လက်ကြိုးပမ်းရန်၊ ကမ္ဘာတစ်ဝှမ်းရှိ ဆူနာမီဒဏ်ခံဒေသများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးဆောင်ရန်၊ ဆူနာမီဖြစ်စဉ်ကို “ကုလရဲ့ ရေကြောင်းသိပ္ပံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆယ်စုနှစ်” တွင်ထည့်သွင်းရန် ဂူတာရက်စ် က ပြောကြားခဲ့သည်။

ဆူနာမီ၏ အန္တရာယ်သည် “ကြီးမားဆဲ” ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်ပြီး ဆူနာမီ၏ အဖျက်စွမ်းအားကို ပိုမိုအရှိန်ပြင်းနိုင်ကြောင်း၊ ဆူနာမီလှိုင်းဒဏ်ခံရနိုင်ခြေများသော ဒေသများတွင် လျင်မြန်သော မြို့ပြအသွင်ဆောင်ခြင်းနှင့် အဆက်မပြတ် တိုးတက်နေသော ခရီးသွားလုပ်ငန်းများသည်လည်း လူအများကို အန္တရာယ်အတွင်းသို့ ရောက်ရှိစေနိုင်ကြောင်း ဂူတာရက်စ်က ဆက်လက်ပြောကြားခဲ့သည်။

သိပ္ပံပညာကို အလေးထားရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ဆောင်ရွက်ရေး စသည်တို့က ပြည်သူများနှင့် လူမှုအသိုက်အဝန်းများ ဘေးကင်းစေရန်အတွက် ကြိုးပမ်းအားထုတ်မှုအားလုံးတွင် အဓိကကျသော ကြိုးပမ်းလုပ်ဆောင်မှုများ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပံ့ပိုးကူညီမှုများ အားကောင်းလာစေရန်နှင့် တိုင်းတာရေးကိရိယာများ ပိုမိုကောင်းမွန်စေရန်နှင့် ကြိုတင်သတိပေးရန် စသည်တို့မှာ မရှိမဖြစ်လိုအပ်သောအချက်ဖြစ်သည်။ ပိုမိုရှုပ်ထွေးပြီး များပြားသော ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်ရာတွင် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် နိုဝင်ဘာလ (၅) ရက်နေ့ကို ကမ္ဘာ့ဆူနာမီ အသိပညာပေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ရေကြီးခြင်း၊ မုန်တိုင်းများနှင့် ဆူနာမီလှိုင်းများကျရောက်နိုင်သော ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)
联合国秘书长呼吁提高对海啸威胁的认识

新华社联合国11月6日电(记者王建刚)联合国秘书长古特雷斯5日在世界海啸意识日致辞中,呼吁国际社会提高对海啸这一致命威胁的认识,并分享降低风险的创新方法。

古特雷斯说:“我们要在现有进展的基础上继续努力,包括更好地向世界各地受海啸影响的社区提供服务,以及将海啸计划纳入联合国‘海洋科学促进可持续发展十年’中。”

古特雷斯表示,海啸潜在风险“仍然巨大”,气候变化导致的海平面上升将进一步加剧海啸的破坏力。在容易发生海啸的地区,快速城市化和不断发展的旅游业也让更多人处于危险之中。

他说,重视科学、加强国际合作、积极防灾和采取早期行动应是保障人民和社区安全所有努力的核心。“加强对发展中国家的支持以及改进监测和预警至关重要。面对日益复杂的多重全球性危机,我们需要做好更充分的准备。”

2015年12月,联合国大会将每年11月5日定为世界海啸意识日。据联合国估计,到2030年,全球50%的人口将生活在容易受洪水、风暴和海啸侵扰的沿海地区。

这是2018年12月25日在印度尼西亚万丹省板底兰县拍摄的遭海啸袭击后的托洛村,村子里近500艘渔船在海啸袭击后受到不同程度的损伤。(新华社记者杜宇摄)