Connect with us

International Organizations

တရုတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်တွင် ဆီရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Feng Biao (ဝဲ) က ဆီးရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Hassan Gabash နှင့် ကိုဗစ်ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် လက်ဆွဲနှုတ်ဆက်နေသည်ကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကတ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Feng Biao နှင့် ဆီးရီးယား စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Fadi Khalil တို့သည် နှစ်နိုင်ငံအစိုးရကိုယ်စားအဖြစ် ဒမတ်စကတ်မြို့၌ ဇန်နဝါရီ ၁၂ ရက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် Feng Biao က ဆီးရီးယားနိုင်ငံသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်သော မိသားစု၏ အဖွဲ့ဝင်အသစ်ဖြစ်လာခြင်းအတွက် ဂုဏ်ပြုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် သမိုင်းဝင်အခြေအနေသစ်အောက်တွင် နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် ဆီးရီးယားသမ္မတ ဘာရှာ အဆိုပြုသော “အရှေ့ဘက်” မဟာဗျူဟာနှင့် ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရန်နှင့် အနာဂတ်တွင် ဆီးရီးယား၏ စီးပွားရေးပြန်လည်တည်ဆောက်ရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ရာတွင် လုပ်ဆောင်ချက်ပန်းတိုင်များ၊ လမ်းညွှန်ချက်များနှင့် အစီအစဉ်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား-တရုတ် ဆက်ဆံရေးသည် ကာလကြာရှည်တည်ရှိကြောင်း ဆီးရီးယားရှိ Aleppo နှင့် Palmyra တို့သည် တစ်ချိန်က ရှေးဟောင်း ပိုးလမ်းမပေါ်ရှိ အရေးပါသော မြို့များဖြစ်ကြောင်း၊ ဆီရီးယားက “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်တွင် ပါဝင်ခြင်းသည် ဆီးရီးယားနှင့် တရုတ်တို့ကြား အခြေခံအဆောက်အအုံ၊ လျှပ်စစ်နှင့် အခြားကဏ္ဍများတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ဆီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်စေမည်ဖြစ်ကြောင်း Khalil က ပြောကြားခဲ့ပါသည်။ (Xinhua)

………………………………………
(Chinese Version)
(国际)中国和叙利亚签署 “一带一路”合作谅解备忘录
2022-01-12 23:16:51 分类: 政治法律
新华社大马士革1月12日电(记者郑一晗 汪健)中国驻叙利亚大使冯飚与叙利亚计划与国际合作署署长法迪•哈利勒分别代表两国政府,12日在大马士革签署 “一带一路”合作谅解备忘录。
冯飚在签字仪式上对叙利亚成为共建“一带一路”大家庭的新成员表示祝贺。他指出,中叙签署“一带一路”合作谅解备忘录,为双方在新的历史条件下深化务实合作,实现“一带一路”倡议与叙总统巴沙尔提出的“东向”战略对接,为中方未来参与叙经济重建提供了行动目标、指南和纲领。
哈利勒表示,叙中关系源远流长,叙利亚的阿勒颇、巴尔米拉曾是古代丝绸之路上的重要城市。叙利亚加入“一带一路”倡议将增进叙中两国在基础设施、电力等多个领域的友好合作,也将推动叙利亚和周边国家开展合作。(完)
图说-11月14日,叙利亚首都大马士革,中国驻叙利亚大使冯飚(左)与叙利亚卫生部长哈桑•加巴什在交接仪式上握手。新华社发(阿马尔•萨法尔贾拉尼摄)