Connect with us

Asia

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးတည်ဆောက်ပေးသော လာအိုနိုင်ငံ Mahosot အထွေထွေရောဂါကု ဆေးရုံကြီးစီမံကိန်း ပထမအဆင့် တည်ဆောက်ပြီးစီးမှု လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ဗီယင်ကျန်းမြို့တွင် ကျင်းပ

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ရှိ Mahosot အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပမြင်ကွင်းအား နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသော လာအို Mahosot အထွေထွေရောဂါကုဆေးရုံစီမံကိန်း ပထမအဆင့် တည်ဆောက်ပြီးစီးမှု လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်က လာအိုဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ရှိ Mahosot အထွေထွေရောဂါကုဆေးရုံကြီးပြင်ပ၌ ဖြတ်သန်းမောင်းနှင်သွားသော ကားများအား နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုန်းက လာအိုကျန်းမာရေးဝန်ကြီး Bounfeng Phoummalaysith အား စီမံကိန်းပထမအဆင့်ပြီးမြောက်ကြောင်း အထိမ်းအမှတ်သော့ လွှဲပြောင်းပေးအပ်နေသည်ကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက လူနာအဆောင်၊ ကူးစက်ရောဂါလူနာဆောင် အသစ်ဆောက်လုပ်မှုများ ပါဝင်သည့် စီမံကိန်း၏ ပထမအဆင့် တည်ဆောက်မှုများ ပြီးစီးခဲ့ပြီးဖြစ်သောကြောင့် လာအိုနိုင်ငံအား လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ကျန်းမာရေးကဏ္ဍ၌ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုတွင် ထပ်မံရရှိသည့် ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း၊ မိမိအနေဖြင့် စီမံကိန်း၏ ဒုတိယအဆင့်တည်ဆောက်မှုများကို နှစ်နိုင်ငံအကြား တွန်းအားပေးဆောင်ရွက်သည့် တစ်ချိန်တည်းတွင်ပင် လာအိုနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသများရှိ ပြည်သူလူထုလည်း ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူစွာ ရရှိစေရန်၊ ဒေသခံပြည်သူများ၏ကျန်းမာရေးကို ပိုမိုကောင်းမွန်သည့် အာမခံချက်ရှိစေခြင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် လွမ်ပရာဘွမ်ဆေးရုံ အဆင်မြှင့်တင် မွမ်းမံတည်ဆောက်ရေး စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး Bounfeng Phoummalaysith က Mahosot အထွေထွေရောဂါကုဆေးရုံစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများမှ နှောင်ကြိုးမဲ့ကူညီပံ့ပိုးပေးသည့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက လာအိုနိုင်ငံသို့ ခေတ်မီဆေးရုံတည်ဆောက်ရန် ကူညီထောက်ပံ့ပေးခြင်း၊ ခေတ်မီဆေးကုသသုံးပစ္စည်းများ ပံ့ပိုးပေးခြင်း၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ရာ လာအို အထူးသဖြင့် မြို့တော် ဗီယင်ကျန်း၏ ကျန်းမာရေးဆေးကုသမှုအဆင့်ကို တိုးမြင့်စေကြောင်း၊ Mahosot အထွေထွေရောဂါကုဆေးရုံစီမံကိန်း ဒုတိယအဆင့်တည်ဆောက်မှုများ သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်ဝစွာ လုပ်ငန်းပြီးမြောက်စေရန် ဆက်လက်အကျိုးဆောင်သွားမည်ဖြစ်ပြီး အဆင်ပြေလွယ်ကူစေရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၃ နှစ်တာကာလတွင် Beijing Uni-Construction Group Co., Ltd. (BUCC) က လုပ်ငန်းခွင်ကျပ်တည်းခြင်း၊ ကပ်ရောဂါသက်ရောက်မှုရှိခြင်းစသည့် သက်ရောက်မှုများကို ကျော်လွှားကာ ပထမအဆင့်ဆောက်လုပ်မှုများ ပြီးစီးအောင် အပြည့်အဝဆောင်ရွက်ခဲ့ကြောင်း၊ အနာဂတ်တွင်လည်း ပို၍ကြိုးစားလိုသည့် စိတ်ဓါတ်၊ ကျွမ်းကျင်မှုရှိစွာဖြင့် ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအဖွဲ့ နည်းပညာတာဝန်ခံ ဟန်ရွှီက ပြောကြားခဲ့သည်။

Mahosot အထွေထွေရောဂါကု ဆေးရုံစီမံကိန်းသည် တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် လူထုစားဝတ်နေရေးကဏ္ဍ၏ အထင်ကရ စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အစီအစဉ်အရ Mahosot ဆေးရုံ လက်ရှိအခြေအနေကို အခြေခံ၍ ကုတင် ၆၀၀ အထွေထွေရောဂါကုဆေးရုံသစ်ကြီး တည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦဧရိယာ စုစုပေါင်း ၅၄,၀၀၀ စတုရန်းမီတာခန့်ရှိရာ ၎င်းမှာ တရုတ်နိုင်ငံက လက်ရှိ ပြည်ပသို့ ကူညီပံ့ပိုးပေးသည့် ပမာဏအကြီးဆုံးနှင့် ကုတင်အလုံးရေအများဆုံး၊ ရင်းနှီးမြုပ်နှံမှုအကြီးဆုံး ဆေးရုံစီမံကိန်းတစ်ခု ဖြစ်သည်။ စီမံကိန်းပြီးစီးပါက Mahosot သည် လာအိုနိုင်ငံတွင် ပမာဏအကြီးဆုံး ၊ ဆေးကုသဌာနပါဝင်မှု အပြည့်စုံဆုံး အထွေထွေရောဂါကုဆေးရုံနှင့် အရေးပါဆုံး ဆေးပညာသင်ကြားရေး အခြေစိုက်နေရာ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
(国际)中国援老挝玛霍索综合医院项目一期工程移交仪式在万象举行
2021-11-11 22:02:00
新华社万象11月11日电(记者章建华)中国援老挝玛霍索综合医院项目一期工程移交仪式11日在老挝首都万象举行。
中国驻老挝大使姜再冬在移交仪式上致辞说,包括新建病房楼、传染病楼在内的项目一期工程顺利完工并移交老方,成为两国在卫生健康领域友好合作的又一丰硕成果。他希望中老双方在继续推进医院二期建设的同时,争取尽快上马中国援老挝琅勃拉邦医院升级改造项目,以便让老挝偏远地区百姓也能享受优质医疗服务、更好保障当地人健康、促进当地经济发展。
老挝卫生部长本丰在仪式上表示,玛霍索综合医院项目是中国政府和人民无偿援助老挝的重大合作项目,中方帮助老方建设现代化医院、提供先进医疗器材、举办培训班,提高了老挝特别是首都万象市的医疗水平。老方将继续为保障玛霍索综合医院项目二期工程按期保质完工作出贡献并提供便利。
中国援老挝玛霍索综合医院项目技术组负责人韩旭说,过去三年,北京住总集团克服施工场地狭小、新冠疫情等因素影响,圆满完成了项目一期工程,未来将以更加拼搏的精神和专业的态度完成二期工程。
中国援老挝玛霍索综合医院项目是中国为老挝援建的民生领域标志性项目。项目于2018年12月开工,根据规划,将在玛霍索医院现有院区基础上新建一所设有600个床位的大型综合医院,总建筑面积约5.4万平方米,是中国目前对外援助中规模最大、床位最多、投资最大的医院项目。完工后,它将成为老挝规模最大、科室设置最全的综合性医院和最重要的医学教学基地。(完)

图说1:这是11月11日在老挝首都万象拍摄的玛霍索综合医院外景。新华社发(凯乔摄)
图说2:11月11日,在老挝首都万象,车辆从玛霍索综合医院外驶过。新华社发(凯乔摄)
图说3: 11月11日,在老挝首都万象,中国驻老挝大使姜再冬(右)将象征项目一期工程的钥匙移交给老挝卫生部长本丰。新华社发(凯乔摄)