Connect with us

Europe

တရုတ်နိုင်ငံသည် ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၏ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်

ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့နှင့် ပိုလန်နိုင်ငံ လော့ဒ်ဇ်မြို့သို့ မောင်းနှင်မည့် တရုတ်-ဥရောပ (ချိန်ယွီ)ရထားကြီးအား ဇန်နဝါရီ ၁ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မေ ၂၁ ရက်(ဆင်ဟွာ)

ယခုနှစ် ပထမသုံးလပတ်တွင် ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်း၏ အကြီးဆုံး တင်ပို့မှုဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်နေရာကို တရုတ်နိုင်ငံက ရောက်ရှိခဲ့ကြောင်း နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှုကဏ္ဍမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်း ပမာဏသည် ယခုနှစ်ပထမသုံးလပတ်တွင် ယူရိုငွေ (၄.၉) ဘီလီယံရှိရာ ပြီးခဲ့သည့်ကာလတူထက် (၂၀.၃)ရာခိုင်နှုန်းတိုးတက်လာပြီး အမေရိကန်သို့ တင်ပို့သည့်ပမာဏသည် ယူရိုငွေ (၄.၇) ဘီလီယံရှိရာ ပြီးခဲ့သည့်ကာလတူထက် (၆.၈)ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်းအသင်း၏ ယခုအပတ်ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ကမ္ဘာ့စက်မှုစီးပွားရေးပြန်လည်နိုးထလာခြင်းနှင့်အတူ ကုန်ပစ္စည်းမှာယူမှုအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ရာ ဂျာမနီ၏စက်ပစ္စည်းထုတ်ကုန်တင်ပို့မှုကလည်း တိုးတက်လာသည်ဟုယုံကြည်ကြောင်း၊ ”တရုတ်ရဲ့ အပြုသဘောဆောင်တိုးတက်မှုက အံ့ဩစရာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် လုပ်ငန်းတော်တော်များများက ရင်းနှီးမြှုပ်နှံဖို့အရှိန်ယူနေကြပြီ ”ဟု ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်းအသင်းက ဆိုသည်။

ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှု လျင်မြန်စွာ ပြန်လည်နိုးထလာခြင်းက ဤကဏ္ဍတွင် ဂျာမနီ၏ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှု ရှိသည်ကို ပြသခြင်းဖြစ်ရာ ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ မတိုင်မီ အခြေအနေကို ပြန်ရောက်ရန်အတွက် မျှော်မှန်းထားကြောင်း ဂျာမနီ ပြည်ပကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာန၏ ကျွမ်းကျင်သူ Claudia Grüne က ပြောသည်။

ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်းအသင်းတွင် ကုမ္ပဏီလုပ်ငန်းပေါင်း (၃,၂၀၀)ကျော် ရှိရာ ဥရောပတိုက်၏ အဓိက စက်မှုလုပ်ငန်းအသင်းတစ်ခုဖြစ်သည်။ (Xinhua)

ပုံစာ- ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့နှင့် ပိုလန်နိုင်ငံ လော့ဒ်ဇ်မြို့သို့ မောင်းနှင်မည့် တရုတ်-ဥရောပ (ချိန်ယွီ)ရထားကြီးအား ဇန်နဝါရီ ၁ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာတွင် တွေ့ရစဉ် (ဆင်ဟွာ)

———————————–
(Chinese Version)
(经济)中国成为德国机械制造业最大出口市场
2021-05-21 09:07:23
新华社柏林5月20日电(记者朱晟 张雨花)最新数据显示,今年第一季度中国取代美国成为德国机械制造业第一大出口市场。
德国机械设备制造协会本周公布的数据显示,今年第一季度德国在机械制造领域对中国的出口额为49亿欧元,同比增长20.3%;对美国的出口额为47亿欧元,同比减少6.8%。
德国机械设备制造协会认为,全球工业经济复苏正逐步改善订单状况,德国机械设备制造出口增加。“来自中国的积极发展并不让人惊讶,去年许多企业已经感受到了强劲的投资动力。”
德国联邦外贸与投资署专家克劳迪娅•格吕内对记者表示,德国机械制造迅速恢复显示了德国在该领域作为投资地的吸引力,期待到2022年能够恢复到新冠疫情暴发前水平。
德国机械设备制造协会拥有超过3200家会员企业,是欧洲主要机械制造行业协会之一。(完)

新华社照片,重庆,2021年1月1日
中欧班列(成渝)号首列班车发车
2021年1月1日,中欧班列(成渝)号首列班车在重庆团结村站等待发车。
当日上午,重庆、成都两地同时发出2021年中欧班列(成渝)号第一趟列车。满载电子产品、机械零件、智能家电的两列中欧班列一路向西,驶往欧洲的德国杜伊斯堡和波兰罗兹。