Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ပေဟိုင်တွင် နှစ်ထောင်ချီ ဂူသင်္ချိုင်း ၂၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့

ပေဟိုင်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ ပေဟိုင်ပြတိုက်မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ရှေးဟောင်းသုတေသနရလဒ်များအရ ရှေးဟောင်းသုတေသနပညာရှင်များက ပေဟိုင်မြို့၊ ရင်ဟိုင်ခရိုင်၊ ဖူချိန်မြို့နယ်၊ တာ့ဆန်းကိန်ကျေးရွာတွင် စတုရန်းမီတာ ၇၀,၀၀၀ ကျယ်ဝန်းသော ရှေးဟောင်းဂူသင်္ချိုင်းအုပ်စုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကနေဦးစူးစမ်းလေ့လာမှုအရ အဆိုပါ ဂူသင်္ချိုင်းအုပ်စုတွင် ရှေးဟောင်းဂူသင်္ချိုင်း ၂၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့သည် မင်းဆက်ခြောက်ဆက်ကာလမှ Sui နှင့် Tang မင်းဆက်ကာလအထိ ဖြစ်ပြီး သုတေသနတန်ဖိုးမြင့်မားကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ခန့်မှန်းကြသည်။အစီရင်ခံချက်များအရ ဤသင်္ချိုင်းအုပ်စု၏သိသာသော လက္ခဏာမှာ သင်္ချိုင်းဂူများကို “shalun pian” ဟုခေါ်သော ကျောက်တုံးတစ်မျိုးဖြင့် တည်ဆောက်ထားပြီး အချို့သော သင်္ချိုင်းဂူများသည်အုတ်ဖြင့်တည်ဆောက်ကာရှည်လျားပြီးကျဉ်းမြောင်းသော ပုံသဏ္ဍာရှိသည်။ဂူသင်္ချိုင်းမှစုဆောင်းရရှိသော အမွေအနှစ်များမှာမြေအိုး၊ ကြွေထည်၊ သံထည်စသည်တို့ ပါဝင်ကြောင်းသိရသည်။

တာ့ဆန်းကိန် ဂူသင်္ချိုင်းအနီးတွင် စုဆောင်းရရှိသည့် ကြွေထည်များကိုတွေ့ရစဉ် ( Beihai Museum/Handout via Xinhua)

တာ့ဆန်းကိန် ဂူသင်္ချိုင်းအနီးတွင် စုဆောင်းရရှိသည့် မြေအိုးတစ်လုံးကိုတွေ့ရစဉ် ( Beihai Museum/Handout via Xinhua)

ပေဟိုင်ပြတိုက်နှင့်ကွမ်ရှီးယဉ်ကျေးမှုအမွေအနှစ်ထန်းသိမ်းရေးနှင့်ရှေးဟောင်းသုတေသနဌာနတို့သည် မကြာသေးမီနှစ်များက ဒေသတွင်း ကမ်းရိုးတန်းများတွင် ရှေးဟောင်းသုတေသနနှင့် စူးစမ်းလေ့လာမှူများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ပေဟိုင်မြို့တွင် Shanzhukengling Warring States Qin နှင့် Han အခြေချနေထိုင်သောနေရာ၊ Wujie Shuihan မင်းဆက် ၆ ဆက် သင်္ချိုင်းများ၊ Wayaoling Tang မင်းဆက်ကာလမြေအိုးဖို၊ Youxingwu Song နှင့် Yuan မင်းဆက်ကာလ အပျက်အစီးများ၊ Langengang Wayao Ming မင်းဆက်ကာလမြေအိုးဖို၊ Muyantangqing မင်းဆက် ကြွေအိုးဖိုစသည့် ရှေးဟောင်းအပျက်အစီးနေရာ ၁၀ ခုကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————————
(Chinese Version)

广西北海发现约200座千年古墓
2022-01-08 17:46:45 分类: 考古和历史
图片轮播
北海市博物馆近日发布最新考古成果称,考古工作者在北海市银海区福成镇古城村委大树根村发现7万平方米古墓葬群,初步调查勘探大树根古墓群约有200座古墓,专家推测该墓葬群的年代约在六朝至隋唐时期,具有较高的研究价值。

据介绍,该墓葬群最突出的特征是墓室普遍采用一种俗称“砂轮片”的石片构筑,也有部分墓葬以砖石合构,形制狭长而浅。墓地采集遗物有陶器、瓷器、铁器等类。

北海市博物馆联合广西文物保护与考古研究所近年来持续对当地沿海进行考古勘探调查。2021年北海市先后新发现了山猪坑岭战国秦汉聚落、屋街水汉六朝墓葬、瓦窑岭唐代窑址、油行屋宋元遗址、榄根缸瓦窑明代窑址、木岩塘清代青花窑址等10余处遗址及遗物分布点。

图说1-大树根古墓群发现的“窅亭”铭文砖。(图片由北海市博物馆提供)
图说2-大树根古墓群周边采集陶瓷器。(图片由北海市博物馆提供)
图说3-大树根古墓群周边采集的乳钉纹陶器。(图片由北海市博物馆提供)