Connect with us

Social, Education & Health

တရုတ်နိုင်ငံ၊ ချင်းဟိုင်ပြည်နယ်၊ ယူရှုလေဆိပ်တွင် ခရီးသွားအဝင်အထွက်ပမာဏ စံချိန်တင်မြင့်မားခဲ့ရာ လေကြောင်းဖြင့် ခရီးသွားလာမှုသည် ဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေး

ရှီးနင်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် ယူရှုလေဆိပ် ခရီးသွားအဝင်အထွက်ပမာဏသည် ၃၇၄,၅၆၁ အထိရောက်ရှိခဲ့ပြီး ချင်းဟိုင်ပြည်နယ်တွင်း ဒေသဆိုင်ရာလေဆိပ်များထဲမှ ခရီးသွားအဝင်အထွက်ပမာဏ အများဆုံးဖြစ်ကြောင်း ချင်းဟိုင်လေဆိပ်ကုမ္ပဏီ၊ ယူရှုလေဆိပ်ကုမ္ပဏီခွဲမှ သိရသည်။ယူရှုပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် အားကစားဌာန အကြီးအကဲ Bai Yuxiang က ပြီးခဲ့သည့်နှစ် ယူရှုသို့ လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက်သည် ၁ ဒသမ ၄၈၉၇ သန်းရှိပြီး ခရီးသွားလုပ်ငန်းဝင်ငွေ ယွမ် ၉၆၈ သန်းရှိကြောင်း၊ ယူရှုလေဆိပ်ဖွင့်လှစ်ခြင်းနှင့် လေကြောင်းလိုင်းများ ဆက်လက်တိုးလာသည်နှင့်အမျှ ယူရှုသို့ ခရီးသွားများ လာရောက်လည်ပတ်ရန် ပိုမိုအဆင်ပြေစေပြီး ဒေသတွင်းခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရာတွင် အရေးကြီသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ် ၇ ရက်က ရိုက်ကူးထားသော ယူရှုမြို့မြင်ကွင်း (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၆ ရက်က ချင်းဟိုင်ပြည်နယ်၊ ယူရှုတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ Zhiduo ခရိုင်၊ Lixin ကျေးရွာအုပ်စု၊ Yeqing ကျေးရွာတွင် ရိုက်ကူးထားသော”Yangtze မြစ်၏ပထမအကွေ့” မြင်ကွင်း (ဆင်ဟွာ)

ယူရှုတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ချင်းဟိုင်ပြည်နယ်တောင်ပိုင်း၊ တိဗက်ကုန်းပြင်မြင့်အလယ်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄,၂၀၀ မီတာကျော်တွင် တည်ရှိသည်။ ၎င်း၏ ပထဝီမြေအနေအထားသည် ဒေသလမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဆီးမှုများဖြစ်စေသည်။
ယူရှုလေဆိပ်ကုမ္ပဏီခွဲ ရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး Li Zhengji က ယူရှုလေဆိပ်တည်ဆောက်ပြီးစီးမှု မတိုင်မီ ရှီးနင်မြို့သို့ သွားလိုပါက ၁၈ နာရီကျော် ဘက်စ်ကားစီးရကြောင်း၊ ဆောင်းရာသီကာလတွင် ဆီးနှင်းများထူထပ်ကာ လမ်းပိတ်ဆို့ခြင်း၊ လမ်းဖောင်ဒေးရှင်းပျိုကျခြင်း၊ ရွှံ့စီးကြောင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ယူရှုဒေသခံများအတွက် ခရီးသွားလာမှု အဟန့်အတားဖြစ်နိုင်ကြောင်း ဆိုသည်။

ယူရှုလေဆိပ်ကို ၂၀၀၇ ခုနှစ် မေတွင် စတင်တည်ဆောက်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်း ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၁ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယူရှုနှင့် ရှီးနင်ကြား သွားလာမှုသည် ၁ နာရီ သာ ကြာမြင့်ကြောင်း၊ ယင်းလေဆိပ်သည် ယူရှုပြည်နယ်ခွဲ၊ ယူရှုမြို့၊BaTang ကျေးရွာ၊ Ba Tang မြက်ခင်းတွင်တည်ရှိပြီး၊ ချင်းဟိုင်ပြည်နယ်၏ အမြင့်ဆုံး ဒေသဆိုင်ရာ လေဆိပ်ဖြစ်ကြောင်း၊ လေဆိပ်အဆင့်သတ်မှတ်ချက်မှာ 4C ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဧပြီ ၁၄ ရက်တွင် ယူရှုမြို့၌ ငလျင်ဖြစ်ပွားခဲ့စဉ် ကီလိုမီတာ ၈၂၀ ကျော်ကွာဝေးသော ချင်းဟိုင်ပြည်နယ်သို့ ကားလမ်းဖြင့်သွားလာမှုအဆင်မပြင်ရာ ယူရှုလေဆိပ်သည် လေကြောင်းကယ်ဆယ်ရေးအသက်လမ်ကြောင်းကို တည်ဆောက်ခဲ့သည့်အပြင် ဘေးအန္တရာယ် အလွန်ကာလတွင် ဒေသဆိုင်ရာပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း သဘာဝယာဉ်ကျေးမှု ခရီးသွား အရင်းအမြစ်များ ကြွယ်ဝခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ခြင်းကြောင့် ယူရှုသည် ခရီးသွားများလာရောက်လည်ပတ်သည့်နေရာ တစ်ခုဖြစ်လာရာ လေကြောင်းခရီးသွားစျေးကွက် အနာဂတ် ကျယ်ပြန့်ကြောင်း သိရသည်။
လက်ရှိ ယူရှုလေဆိပ်တွင် လုပ်ငန်းလည်ပတ်လျက်ရှိသော လေကြောင်း ကုမ္ပဏီ ၃ ခုရှိပြီး ပေကျင်း၊ ရှီးအန်း၊ ချိန်တူး၊ ရှီးနင်၊ လားဆ သို့သွားသည့် လေကြောင်းလိုင်း ၅ ခု ဖွင့်လှစ်ထားကြောင်း ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ ခရီးသွားအဝင်အထွက်ပမာဏ နှစ်စဉ်ပျမ်းမျှ တိုးတက်မှုသည် ၁၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ကပ်ရောဂါသက်ရောက်မှုကြောင့် လေကြောင်းကုမ္ပဏီ အသီးသီးမှ လေကြောင်းသွားလာမှုလျှော့ချခြင်း(သို့) ရပ်တန့်ခြင်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ ယူရှုလေဆိပ်က ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး လေကြောင်းကုမ္ပဏီများသို့ သွား‌ေရာက်လေ့လာခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ယူရှုပြည်နယ်ခွဲပြည်သူ့အစိုးရသည် လေကြောင်းလိုင်းတည်ဆောက်ရေး၊ ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း၊ လုပ်ငန်းအခွင့်အလမ်းရရှိရေးနှင့် ဖန်တီးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန် တီဗက်လေကြောင်းကုမ္ပဏီနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့သည်။

အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ယူရှုလေဆိပ်သည် ” ချင်းဟိုင်ဗဟိုလေဆိပ်ခွဲ၊ Kangba ဒေသဗဟိုလေဆိပ်၊ အလှပဆုံး ဒေသဆိုင်ရာကုန်းပြင်မြင့်လေဆိပ်” တည်ဆောက်ရန် ရည်ရွယ်ကာ ၂၀၂၁ ခုနှစ်အတွင်း လေယာဉ်ဆင်းသက်မှု ၄,၅၆၄ ကြိမ်၊ ခရီးသွားအဝင်အထွက်ပမာဏ ၃၇၄,၅၆၁ အထိရောက်ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်ထက် ၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်ထက် ၂၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၁၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရသည်။

ယူရှုလေဆိပ် ဖွင့်လှစ်ပြီးချိန်မှစ၍ ဒေသတွင်းအကြီးစားပွဲတော်များဖြစ်သည့် Kangba အနုပညာပွဲတော်၊ မြင်းစီးပြိုင်ပွဲ နှင့်ကမ္ဘာ့ရေဖောင်စီးပွဲ စသော ပွဲတော်ပေါင်း ၄၀ ကျော်ကျင်းပရန်အတွက် အထောက်အကူပြုကြောင်း၊ ယူရှုလေဆိပ် ဖွင့်လှစ်မှုသည် နှင်းများဖုံးလွှမ်းနေသော ကုန်းပြင်မြင့်ဒေသနှင့် ဝေးမသွားအောင် လေကြောင်းဖြင့် ချမ်းမြေ့ပျော်ရွှင်မှုတံတားတစ်ခုတည်ဆောက်ပေးကြောင်း Li Zhengji ကပြောကြားခဲ့ပါသည်။

…………………………………………
(Chinese Version)

机场旅客吞吐量达新高 航空旅游助推青海玉树高质量发展

2022-01-18 17:34:09 分类: 社会
新华社西宁1月18日电(记者柳泽兴、李琳海)记者从青海机场公司玉树机场分公司最新获悉,2021年,玉树机场旅客吞吐量374561人次,创历史新高,居于青海省内支线机场旅客吞吐量首位。

玉树州文体旅游广电局文旅科科长白玉香说,去年,玉树州共接待游客148.97万人次,实现旅游收入9.68亿元。玉树机场的开通和航线的不断增加,使得其他地区的游客往返玉树更加便利,对于本地旅游市场有着很大的促进作用。

玉树藏族自治州位于青海省南部、青藏高原腹地,平均海拔4200米以上。受自然条件所限,当地交通发展受到很大的制约。

玉树机场分公司综合办公室副主任李正基说,玉树机场建成前,通过公路乘车去西宁要18个小时左右,“大雪封山、路基跨塌、泥石流等灾害一旦发生,玉树当地群众的出行便会极大受阻,很多人只能‘望路兴叹’”。

2007年5月,玉树机场正式开工建设,经过2年多的修建,于2009年8月1日正式通航。通航后,西宁到玉树最快仅需1个多小时。这座机场位于玉树州玉树市巴塘乡巴塘草原,是青海海拔最高的高高原支线机场,机场等级为4C级。
2010年4月14日,玉树市发生7.1级地震。因距省会西宁820公里,公路交通不便,玉树机场发挥了巨大作用,搭建起“空中救援生命线”,并为玉树地区灾后重建提供有力支撑。

近年来,由于自然人文旅游资源丰富、交通运输条件不断改善,玉树成为众多旅游爱好者的“打卡地”,航空旅游市场前景广阔。

目前,玉树机场运营航空公司3家,通航航点5个,分别为北京、西安、成都、西宁、拉萨,开通航线5条。2016年至2020年,旅客吞吐量年平均增长14.5%。

2021年,受新冠肺炎疫情影响,各航空公司减班或取消飞行航班。对此,玉树机场协调州政府,积极走访多家航空公司。2021年12月9日,玉树州人民政府与西藏航空公司签订战略合作协议,在航线建设、文化旅游、就业创业、乡村振兴、产业助推等方面深化合作。

据统计,2021年,玉树机场以“建设青海次中心机场、康巴地区中心机场、高原最美支线机场”为目标,全年共完成航班起降4564架次,旅客吞吐量374561人次,较2020年同比增长7.8%、5.2%,较2019年同比增长28.1%、17.5%。
“自玉树机场通航以来,共保障当地大型康巴艺术节、赛马节、虫草节、世界水上漂流等重大活动40余次。”李正基说,“玉树机场的建成通航,就是在空中架起一座‘幸福桥’,让雪域高原不再遥远。”

图说1- 2010年6月11日,中国国际航空公司开通北京至玉树往返直飞航班,图为中国国际航空公司CA1276航班停靠在青海省玉树机场。新华社记者 张宏祥 摄
图说2- 这是2021年8月7日拍摄的玉树市城区(无人机照片)。新华社记者 吴刚 摄
图说3- 2020年8月26日,在青海省玉树藏族自治州治多县立新乡叶青村拍摄的“万里长江第一湾”。新华社记者 李琳海 摄