Connect with us

North America

အမေရိကန်နိုင်ငံတွင် ကုန်စည်ထောက်ပို့မှုကွင်းဆက် အကျပ်အတည်း အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ခက်ခဲ

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) Economic Information Daily သတင်းစာတွင် ဆောင်းပါးရှင် ဝမ်ကျင့် ရေးသားသော 《အမေရိကန် ကုန်စည်ထောက်ပို့မှုကွင်းဆက်အကျပ်အတည်း ရေတိုအတွင်းဖြေရှင်းနိုင်ရန် ခဲယဉ်း》ဟူသော ဆောင်းပါးကို ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ ဆောင်းပါးပါအကြောင်းအရာတွင်-တစ်ပတ်ရစ်ကား ရောင်းချသူ ရရှိသည့်ငွေက မူလဝယ်ယူထားသည့် ကားတန်ဖိုးထက် မြင့်မားနေခြင်း၊ အချို့ စူပါမားကတ်တွင် ကုန်ပစ္စည်းမကြာခဏပြတ်လပ်ခြင်း၊ ဆိပ်ကမ်းရှိ ကွန်တိန်နာများ ယခင်အတိုင်း တောင်ပုံယာပုံဖြစ်နေခြင်း…စသည့်တို့က အမေရိကန်၏ ကုန်စည်ထောက်ပို့မှုကွင်းဆက် အကျပ်အတည်း မဖြေရှင်းနိုင်မှုအခြေအနေများကို ပြသနေကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အချို့ကုန်စုံဆိုင်များတွင် ကုန်စည်ပြတ်လပ်မှုဖြစ်ပွားခဲ့ရာ စူပါမားကတ်ဆိုင်တစ်ဆိုင်အတွင်း ကုန်ပစ္စည်းလျော့နည်းပြတ်လပ်ခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် လျင်မြန်စွာ ပြန့်ပွားလာခြင်းက လုပ်သားအင်အားပြတ်လပ်မှုကို ပို၍ ဆိုးဝါးစေသလို ထောက်ပို့ရေးကွင်းဆက် အကျပ်အတည်းဖြစ်နေသည့် အခြေအနေအတွက် မသေချာမရေရာမှုများ ပိုတိုးစေကာ အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ခဲယဉ်းနေကြောင်း သိရသည်။

အမေရိကန်တွင် ယခုအကြိမ်ဖြစ်ပွားသည့် ကုန်စည်ထောက်ပို့ကွင်းဆက် အကျပ်အတည်းဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ရှုပ်ထွေးသည်။ ကပ်ရောဂါအခြေအနေက စီးပွားရေးလုပ်ငန်းများကို ရိုက်ခတ်ခြင်းကြောင့် လုပ်သားအင်အား လိုအပ်မှုကို ဆိုးဆိုးဝါးဝါးဖြစ်ပေါ်စေခြင်းက လည်းကောင်း ၊ အမေရိကန် စီးပွားရေး တစ်ဖြေးဖြေးချင်းပြန်လည်စတင်လာပြီးနောက် စားသုံးသူလိုအပ်ချက် တစ်စစ ပွင်းလင်းလာသော်လည်း ထောက်ပို့ရေးကဏ္ဍက ဈေးကွက်လိုအပ်ချက် ပြန်လည်ရှင်သန်လာမှုနှုန်းကို လိုက်မမီဖြစ်ခြင်းကလည်းကောင်း အကျပ်အတည်းများ ဆက်တိုက် သိသိသာသာဖြစ်လာရကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အချို့ကုန်စုံဆိုင်များတွင် ကုန်စည်ပြတ်လပ်မှုဖြစ်ပွားခဲ့ရာ စူပါမားကတ်ဆိုင်တစ်ဆိုင်အတွင်း ကုန်ပစ္စည်းလျော့နည်းပြတ်လပ်ခဲ့သည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စီးပွားရေးပညာရှင်အချို့က ကွာရန်တင်းနှင့်ကာကွယ်ဆေးထိုးနှံမှုစသည့် မူဝါဒများက အမေရိကန်၌ လုပ်သားအင်အား လိုအပ်မှုပြဿနာ ပို၍ သိသာစေပြီး ထောက်ပို့ရေးကွင်းဆက်ပြဿနာက နောက်တစ်ဆင့် ဆိုးဝါးမည့်အန္တရာယ် ရှိနေကြောင်း ယူဆကြသည်။

အမေရိကန်နိုင်ငံရှိ ဆေးရုံ၊ ရုံး၊ စားသောက်ဆိုင်မှသည် လေကြောင်း ကုမ္ပဏီ၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် လက်လီအရောင်းဆိုင်များအထိ အိုမီခရွန်ကူးစက်မှုကြောင့် ဝန်ထမ်းပြတ်လပ်မှုအခြေအနေနှင့်ကြုံတွေ့ရခြင်း အများအပြားရှိနေရာ လုပ်ငန်းများအနေဖြင့် လုပ်ငန်းဖွင့်လှစ်လည်ပတ်သည့်အချိန် မဖြစ်မနေလျှော့ချရခြင်း၊ လေကြောင်းလိုင်းများ လျှော့ချခြင်းနှင့် ဆိုင်ခန်းများ ပိတ်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အမေရိကန်ကုန်စည်ထောက်ပို့မှုကွင်းဆက် ပြဿနာတွင် သယ်ယူပို့ဆောင်ရေးအကျပ်အတည်းသည် အထူးများပြားသည်။ အမေရိကန်ကုန်စည်သယ်ယူပို့ဆောင်ရေးအသင်း(ATA)၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကြိုတင်တွက်ချက်မှုများတွင် ကုန်တင်ယာဉ်မောင်း ၈ သောင်းခန့် ပြတ်လပ်မှုရှိနေပြီး သမိုင်းစံချိန်သစ်ဖြစ်နေကြောင်း ဆိုသည်။

ကပ်ရောဂါအခြေအနေ၏ဆက်တိုက် အနှောင့်အယှက်များကြောင့် အမေရိကန်နှင့်ကနေဒါကြား ကာကွယ်ဆေးထိုးနှံရေး တောင်းဆိုချက်များက သောင်းနှင့်ချီသည့် ထရပ်ကားယာဉ်မောင်းများ၏အသွားအလာ အကန့်အသတ်ဖြစ်မှုများကြောင့် ကုန်စည်ထောက်ပို့ရေးကွင်းဆက် လမ်းခုလတ်တွင် ပြတ်လပ်စေခဲ့သည်။

ဆိပ်ကမ်းများ၏ ဝန်ဖိအားကလည်း ဆက်တိုက် ထောက်ပို့ရေးကွင်းဆက်ကို အကျပ်ရိုက်စေသည်။ ထောက်ပို့ရေးကွင်းဆက် အကျပ်အတည်းက ခန့်မှန်းကာလထက်ပိုကြာရာ ဆိပ်ကမ်းဝန်ဖိအားများကို လျှော့ချနိုင်ရန် အစိုးရအနေဖြင့် အခြားဆောင်ရွက်မှုများပြုလုပ်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောကြားခဲ့သည်။ မော်တော်ယာဉ်ကဏ္ဍတွင် တစ်ကမ္ဘာလုံးအတိုင်းအတာ ချစ်ပ်ကဒ်ပြတ်လပ်မှုအခြေအနေ ဆက်တိုက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ထောက်ပို့ရေးကွင်းဆက် ကျပ်တည်းမှုဖြစ်နေခြင်းက အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်းကို နှစ်ပေါင်း ၄၀ ကာလ အမြင့်ဆုံးအဖြစ် တွန်းပို့သလို ဖြစ်စေရာ စီးပွားရေးတိုးတက်မှုအလားအလာအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ ကုန်ဈေးနှုန်း တစ်ရှိန်ထိုး ခုန်တက်သွားခြင်းက စားသုံးသူ၏ ဝယ်ယူသုံးစွဲမှုကို အဟန့်အတားဖြစ်စေရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန် လက်လီအရောင်းပမာဏသည် ဈေးကွက်မျှော်မှန်းကာလထက်များစွာ ကျဆင်းခဲ့သည်။

ကုန်စည်ထောက်ပို့ရေးကွင်းစက် အကျပ်အတည်းကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းများက အကျိုးအမြတ် ကြိုတင်မျှော်မှန်းချက်ကို လျှော့ချခဲ့ရသည်။ အမေရိကန်တွင် ရုံးပိတ်ရက်ဈေးဝယ်ကာလသည် အိုမီခရွန်ပြန့်ပွားမှုကြောင့် သက်ရောက်မှုရှိရာတွင် ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်များလာခြင်း၊ ဝန်ထမ်းပြတ်လပ်ခြင်းနှင့်လုပ်ငန်းလည်ပတ်မှုအချိန်လျော့နည်းခြင်း စသည်တို့ ပါဝင်ကြောင်း ၊ ပြီးခဲ့သည့်နှစ် စတုတ္ထ သုံးလပတ်ရလဒ်များက ခန့်မှန်းခြေ၏အောက်ဆုံးပိုင်းတွင် ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ လုပ်ငန်းများက ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)

(经济)美供应链危机短期难以缓解
2022-01-19 11:59:17
新华社北京1月19日电《经济参考报》19日刊发王婧的文章《美供应链危机短期难以缓解》。文章摘要如下:
二手车车主卖车到手的钱超过当初买车花的钱、一些超市货架经常空荡、港口集装箱依旧堆积如山……多重迹象显示,美国供应链危机仍未消除。变异新冠病毒奥密克戎毒株快速传播加剧劳动力短缺,也令供应链紧张局面面临更多不确定性,短期内难以缓解。

美国此次供应链危机产生原因复杂。疫情冲击美国商业活动,导致劳动力严重短缺;另外,美国经济逐步重启后消费需求逐渐释放,而供应端复苏难以跟上需求复苏速度,供应链紧张问题持续凸显。
一些经济学家认为,隔离和疫苗接种等政策可能导致美国劳动力短缺问题更加明显,供应链问题存在进一步恶化风险。

从美国的医院、办公室、餐馆,到航空公司、食品生产线和零售商,奥密克戎毒株感染导致的雇员缺席问题普遍存在,企业不得不减少营业时间、缩减航班或关闭店铺。

在美国供应链问题中,运输瓶颈极为突出。美国货运协会2021年10月预计,美国大概存在8万名货车司机短缺,达到历史新高。疫情正在带来持续干扰,在美国和加拿大之间疫苗接种要求可能令数万名卡车司机往来受限,导致供应链中断。

港口压力也持续令供应链趋紧。美国白宫官员日前表示,供应链瓶颈持续时间比预期长久,美国政府正准备采取额外措施缓解港口压力。在汽车领域,全球芯片短缺局面预计仍将持续。

供应链瓶颈因素助推美国通胀率升至近40年高点,威胁美国经济增长前景。物价飙升抑制了消费者支出,2021年12月美国零售销售额环比降幅远超市场预期。

供应链瓶颈令美国企业下调盈利预期。相关企业表示,美国假日购物季受到奥密克戎毒株传播影响,包括不断上升的产能受限、雇员短缺和营业时间缩短等,去年第四季度业绩表现可能处于预测区间下端。(完)
图说1:美国华盛顿部分商店物资短缺。 1月10日,在美国首都华盛顿,一家商店货架上的商品寥寥无几。新华社发(沈霆摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.