Connect with us

China

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် လျိုဟဲ့ နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် လျိုဟဲ့အား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ဦးဆောင်သူ လျိုဟဲ့သည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellenနှင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် မက်ခရို စီးပွားရေးအခြေအနေ၊ ဘက်စုံ၊နှစ်ဖက်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ပွင့်လင်းစွာ အပြုသဘောဆောင် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရန် အရေးကြီးအချိန်အခါဖြစ်ရာ တရုတ်-အမေရိကန် နှစ်နိုင်ငံ မက်ခရိုမူဝါဒဆွေးနွေးညှိနှိုင်းမှု တိုးမြှင့်ရန် အလွန်အရေးကြီးသည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ အခွန်ထပ်တိုးကောက်ခံမှုနှင့်ပိတ်ဆို့မှုကို ဖျက်သိမ်းရန်၊ တရုတ်ကုမ္ပဏီလုပ်ငန်းများကို တရားမျှတစွာဆက်ဆံရန်စသည့် ကိစ္စရပ်များအပေါ် ဂရုပြုကြောင်းပြောကြားခဲ့သလို နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)刘鹤与美财政部长耶伦通话
2021-10-26 09:11:21
新华社北京10月26日电10月26日上午,中共中央政治局委员、国务院副总理、中美全面经济对话中方牵头人刘鹤应约与美财政部长耶伦举行视频通话。双方就宏观经济形势、多双边领域合作进行了务实、坦诚、建设性的交流。双方认为,世界经济复苏正处于关键时刻,中美加强宏观政策沟通协调十分重要。中方表达了对美国取消加征关税和制裁、公平对待中国企业等问题的关切。双方同意继续保持沟通。(完)