Connect with us

Social, Education & Health

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ယနေ့မှစ၍ အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ရာ မလိုအပ်ပါကရွှေလီမြို့သို့အဝင်အထွက်မလုပ်ကြရန် ထုတ်ပြန်

တရုတ်နိုင်ငံ ရွှေလီမြို့ Nucleic acidစစ်ဆေးသည့် နေရာတစ်ခုတွင် ကလေးငယ်တစ်ဦးအား ဆေးစစ်ရန် ဓါတ်ခွဲနမူနာယူနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လိုအပ်ချက်အရ ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသ တို့တွင် အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ အားလုံး အနေဖြင့် ရွှေလီမြို့သို့ အဝင်အထွက်မလုပ်ကြရန် ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယခုအကြိမ်Nucleic acidစစ်ဆေးမှုကို ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသရှိ ဒေသခံအမြဲတမ်းနေထိုင်သူ၊ ယာယီသွားလာနေထိုင်သူ၊ နိုင်ငံခြားသားနှင့် အခြားဒေသမှရွှေလီမြို့သို့လာရောက်ပံ့ပိုးကူညီပေးသူများ ပါဝင်ကြောင်း၊ အစိုးရမှ စစ်ဆေးသည့်စရိတ်ကို အကုန်အကျခံမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ Nucleic acidစစ်ဆေးသည့် နေရာတစ်ခုတွင် ပိုးသတ်ပေးနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ မလိုအပ်ပါက ရွှေလီမြို့သို့ ဝင်ထွက်ခြင်း မပြုကြရန် ကြေညာချက်တွင် ညွှန်ကြားထားသည်။ ရွှေလီ၌အလုပ်လုပ်ကိုင်သူ၊ နေထိုင်သူများသည် တရားဝင်လက်မှတ်(မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ်၊ ကိုယ်ပိုင်လုပ်ငန်းလိုင်စင် သို့မဟုတ် အုပ်ချုပ်ရေးဌာန၏ထောက်ခံချက်)တို့ ကိုင်ဆောင်၍လည်းကောင်း၊ ကပ်ရောဂါထိန်းချုပ်ရေးဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာန၏ ထောက်ခံချက်ဖြင့် လည်းကောင်း ရွှေလီသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။ အထူးအခြေအနေကြောင့် ရွှေလီမှ ထွက်ခွာသူများအနေဖြင့် ရွှေလီမြို့ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းညွှန်ကြားမှုဌာန၏ စိစစ်ခွင့်ပြုချက်ရယူ၍ ရွှေလီမြို့မှထွက်ခွာခွင့် အကြောင်းကြားစာကို ကိုင်ဆောင်ကာ (၃)ရက်အတွင်း Nucleic acidစစ်ဆေးမှု negativeပြ ထောက်ခံချက်ဖြင့် QR ကုဒ်ဖတ်၍ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။ ကျယ်ဂေါင်တံတား ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားရာ မူအရ ဝင်ထွက်ခွင့်ပြမည်မဟုတ်ကြောင်း ၊ အထူးအခြေအနေရ ကျယ်ဂေါင်ဂိတ်ကို ဖြတ်သန်းသွားရမည်ဆိုပါက ရွှေလီမြို့ညွှန်ကြားရေးဌာနမှပေးသည့် ဖြတ်သန်းသွားလာခွင့်ဖြင့် ဝင်ထွက်နိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ Nucleic acidစစ်ဆေးသည့် နေရာတစ်ခုတွင် ဆေးစစ်ရန်လာရောက်ကြသူများအား စေတနာ့ဝန်ထမ်းများက လက်ဆေးပိုးသတ်ပေးနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါထိန်းချုပ်စီမံမှုများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တိုးတက်လာသည့် အခြေအနေနှင့်အညီ အပြောင်းအလဲရှိမည်ဖြစ်ရာ အချိန်မီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၄ ရက် ၀၀ နာရီမှ ၂၄ နာရီအထိ ယူနန်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၃)ဦး ထပ်တိုးခဲ့ရာ ၎င်းတို့မှာ ရွှေလီမြို့Nucleic acidစစ်ဆေးမှုတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၅ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
—————————–i———————-
( Chinese Version)

(聚焦疫情防控)云南瑞丽5日起将开展全员核酸检测 所有人员非必要不进出瑞丽

新华社昆明7月5日电(记者姚兵)云南省瑞丽市新冠肺炎疫情防控工作指挥部5日发布通告称,根据疫情防控工作需要,7月5日8时起在瑞丽城区、畹町片区范围内开展全员核酸检测,所有人员非必要不进出瑞丽。

通告称,本次全员核酸检测时间为7月5日至7月6日,检测对象包括瑞丽市主城区、畹町片区的本地常住人口、临时流动人口、外籍人员、援瑞外地人员等,检测费用由政府承担。

通告指出,7月5日8时起,所有人员非必要不进出瑞丽。在瑞丽工作、生活的人员凭在瑞丽有效凭证(身份证、户口本、不动产权证、本人经营证照或行政主管单位证明)进入瑞丽;开展疫情防控人员凭本单位或行政主管单位证明进入瑞丽;特殊原因需离开瑞丽的,须经市疫情防控工作指挥部审批,持《离瑞放行通知书》、3天内核酸阴性证明并扫码离开;姐告大桥实行禁止通行政策,原则上不进不出,特殊情况需要进出姐告国门社区的,凭市指挥部发放的通行证出入。以上管控措施将根据疫情防控工作进展情况适时调整,并及时公布。

云南省卫生健康委员会7月5日通报,4日0时至24时,云南省新增本土确诊新冠肺炎病例3例,均在瑞丽市全员核酸检测中发现。(完)

图说1:4月6日,在瑞丽市目瑙社区一核酸检测点,医务人员为一名小朋友做核酸采样。新华社记者 陈欣波 摄
图说2:4月6日,在瑞丽市目瑙社区一核酸检测点,一名工作人员对采样场所进行消毒。 新华社记者 陈欣波 摄
图说3:4月6日,在瑞丽市目瑙社区一核酸检测点,前来做核酸检测的当地居民配合志愿者进行手部消毒。新华社记者 陈欣波 摄