Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တောဆင်ရိုင်းလေးများ စုပြုံပေါက်ဖွား

မွေးကင်းစဆင်ပေါက်လေးနှင့် “ရှောင်ချွဲအော် မိသားစု”ဆင်ကြီးများ ရေကစားနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

တောဆင်ရိုင်းမကြီးက မွေးကင်းစ ဆင်ပေါက်လေးကို ထိန်းကျောင်းရေကစားနေသည့် ဗွီဒီယို ယခုရက်ပိုင်းကာလ အွန်လိုင်းတွင် နာမည်ကြီးလာခဲ့သည်။ ယင်းဆင်ပေါက်လေးကို ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးဖွားခြင်းဖြစ်ကြောင်း သက်ဆိုင်သူများက မိတ်ဆက်ပြောကြားခဲ့သည်။

တောဆင်ချိုင့်ဝှမ်း ဆင်အုပ် ၄ အုပ်တွင် ယခုကာလအတွင်း အသစ်မွေးဖွားသည့် ဆင်ပေါက်ကလေး ၆ ကောင် ရှိကြောင်း ၊၎င်းမှာ တောဆင်ရိုင်းကလေးများ စုပြုံပေါက်ဖွားသည့် အနေအထား ဖြစ်ရာ တရုတ်နိုင်ငံ၌ အကောင် ၃၀၀ ခန့်သာ ရှိသည့် အာရှဆင်ရိုင်းများ ကျန်းမာသန်စွမ်းမျိုးပွားမှုနှုန်း တိုးပွားလာသည့် အနေအထားဖြစ်ကြောင်း ဆိုသည်။

ဆင်ပေါက်လေးများနှင့် “ယန်ယန် မိသားစု”ဆင်မကြီး အတူရှိနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မွေးကင်းစဆင်ပေါက်လေးနှင့် “တာ့ချွဲအော် မိသားစု” ဆင်မကြီး အတူဆော့ကစားနေသည်ကို ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးကင်းစ ဆင်ပေါက်ကလေး မိခင်ဆင်မကြီးနောက်လိုက်နေသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးကင်းစ ဆင်ပေါက်ကလေး ဆင်အုပ်ကြီးနှင့်တူ စမ်းချောင်းတစ်လျောက်အတူ လိုက်ပါသွားသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးကင်းစ ဆင်ပေါက်ကလေးက မိခင်ဆင်မကြီး၏အစောင့်အရှောက်ဖြင့် ရေဆော့ကစားနေသည်ကို ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီဒီယိုထဲတွင် တောဆင်ရိုင်းများအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဆရာဝန် ပေါင်မင်ဝေက ဆင်ပေါက်လေးမှာ “ရှောင်ချွဲအော် ဆင်အုပ်ကြီး”မှ ဖြစ်ကြောင်း ဆိုသည်။ ယင်းဆင်အုပ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက တောဆင်ချိုင့်ဝှမ်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဗွီဒီယို ရိုက်ကူးသည့်အချိန်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဖြစ်ကြောင်းနှင့် ထိုစဉ်က ယင်းဆင်ပေါက်လေးသည် ၃ ရက်သားသာ ရှိသေးကြောင်း ဆိုသည်။

နှစ်စဉ် ဇန်နဝါရီမှ ဧပြီလ အချိန်သည် တောဆင်ချိုင့်ဝှမ်းကို တောဆင်ရိုင်းများ ဝင်ထွက်သွားလာသည့် အများဆုံးကာလဖြစ်သလို အာရှဆင်ရိုင်းပေါက်ဖွားသည့် အများဆုံးကာလဖြစ်ကြောင်း ပေါင်မင်ဝေက ပြောသည်။ ယခုတွေ့ရှိရသလောက် ဆင်ပေါက်လေး ၆ ကောင်က ရှောင်ချွဲအော်၊ တာ့ချွဲအော်၊ ယန်ယန် နှင့် တာ့လူပေါင်း ဆင်အုပ်ကြီးလေးအုပ်က ဖြစ်ပြီး ဆင်ကလေးအားလုံး ကျန်းမာကြကြောင်း၊ ယင်းဆင်အုပ်ကြီး ၄ အုပ်သည် ယခုကာလ တောဆင်ချိုင့်ဝှမ်းကို အဝင်အထွက်အများဆုံး မိသားစုများဖြစ်ပြီး ချိုင်ဝှမ်းမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရပ်နားနေထိုင်ကြအုန်းမည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။

တောဆင်ချိုင့်ဝှမ်းတွင် သွားလာလှုပ်ရှားနေသည်က အဆိုပါ တောဆင်ရိုင်းမိသားစုများသာ မဟုတ်ကြောင်း၊ ယခု ၂နှစ်ကြာကာလတွင် လေ့လာသူဝန်ထမ်းများ၏ စောင့်ကြည့်မှုမှတ်တမ်းများအရ တစ်ကောင်တည်သွားလာသည့် တောဆင်များပင် အကောင် ၁၀၀ ခန့် ရှိကြောင်း သိရသည်။ တောဆင်ချိုင့်ဝှမ်းတည်ရှိသည့် ရှစ်ဆောင်ပဏ္ဏား အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဒေသ မုန့်ယန်ကျစ်ဧရိယာရှိ အာရှဆင်ရိုင်း အရေအတွက်ကလည်း တည်ငြိမ်စွာတိုးတက်လျက်ရှိသည်။

အာရှဆင်ရိုင်းများသည် တရုတ်နိုင်ငံတွင် အဓိကအားဖြင့် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၊ ဖူအော်၊ လျင်ချန်းစသည့် ပြည်နယ်ခွဲ၊မြို့များတွင် ဖြန့်ကျက်နေထိုင်ကြကြောင်း၊ ကယ်ဆယ်ထိန်းသိမ်းမှုများကို နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီးနောက် ဆင်ရိုင်းအကောင်ရေ ၃၀၀ ခန့်ထိ ပြန်လည်တိုးပွားလာခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(共建地球生命共同体)云南野象宝宝“扎堆”出生
2022-01-16 16:53:31
新华社昆明1月16日电(记者庄北宁、赵彩琳)一头野象妈妈带着新出生象宝宝戏水的视频近期走红网络。有关人士介绍,这头小象在位于云南西双版纳的野象谷出生。最近,工作人员在野象谷陆续观察到4个象群的6头新生小象,这表明近期有野象宝宝“扎堆”出生,也意味着我国仅存约300头的野生亚洲象呈健康繁衍的态势。
野象谷大象医生保明伟说,视频中的小象来自象群“小缺耳家族”。这个象群于2021年11月进入野象谷,视频拍摄时间为2021年12月7日,当时小象出生仅3天。
保明伟介绍,每年1月至4月是野象谷野象出没的高峰期,也是野生亚洲象出生的高峰期。最近观察到的6头新生小象,分别来自小缺耳家族、大缺耳家族、然然家族和大噜包家族,小象们都非常健康。这4个家族是近期在野象谷出没最频繁的家族,预计还会在这里停留一段时间。
据了解,野象谷远不止这几个野象家族活动。近两年来,仅工作人员观测记录到的野象个体就有100头左右。野象谷所在的西双版纳国家级自然保护区勐养子保护区野生亚洲象数量稳步增长。
野生亚洲象在中国主要分布在云南西双版纳、普洱、临沧等州市,经过30多年的拯救和保护,数量已恢复增长到约300头。(完)
图说1:新生小象与“小缺耳家族”象群戏水(2021年11月25日摄)。 新华社发(西双版纳野象谷景区供图)
图说2:1月6日,新生小象与然然家族的母象在一起。新华社发(西双版纳野象谷景区供图)
图说3:1月2日,新生小象与“大缺耳家族”母象玩耍。新华社发(西双版纳野象谷景区供图)
图说4:1月15日,在云南西双版纳野象谷,一头新生小象紧跟在象妈妈身后。 新华社发(李云生 摄)
图说5:1月15日,在云南西双版纳野象谷,一头新生小象跟随象群在溪流中行进。 新华社发(李云生 摄)
图说6: 1月15日,在云南西双版纳野象谷,一头新生小象在象妈妈的庇护下戏水。新华社发(李云生 摄)