Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် G20 ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က G20ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၃၁ ရက်ပိုင်းက ပေကျင်းမြို့တော်မှ ဗွီဒီယိုလင့်ခ်ဖြင့် G20 ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ရာ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစသည့် အရေကိစ္စများအပေါ်ထားရှိသည့် အမြင်သဘောထားများအား အဓိက ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးပြောကြားရာတွင် သမ္မတရှီကျင့်ဖိန်က ရာသီဥတုပြောင်းလဲမှုနှင့်စွမ်းအင်ပြဿနာသည် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွင် အပေါ်လွင်ဆုံးဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း၏ဘုံအကျိုးစီးပွားနှင့်သက်ဆိုင်သလို ကမ္ဘာမြေ၏အနာဂတ်နှင့်လည်း သက်ဆိုင်ကြောင်း သမ္မတရှီက ထုတ်ဖော်ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းက စုပေါင်းအင်အားဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းလိုသည့် ဆန္ဒနှင့်တွန်းအား မပြတ်တိုးမြင့်လာရာ အရေးကြီးသည်မှာ လက်တွေ့လှုပ်ရှားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။
ပထမအနေဖြင့် ဘက်ပေါင်းစုံမျှတသည့် မူဝါဒကို ကျင့်သုံးရမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလုံးစုံစီမံခန့်ခွဲရမည်ဖြစ်ကြောင်း ၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူ့စားဝတ်နေရေး အာမခံချက် ရှိစေရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကာ အဓိကစီးပွားရေးအုပ်စုများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သင့်ကြောင်း ၊ ဒုတိယအချက်အနေဖြင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC)နှင့် ၎င်း၏ ပါရီသဘောတူညီချက်ကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော် ရမည်ဖြစ်ရာ ကုလသမဂ္ဂကို အဓိကပင်မနေရာတွင် ခိုင်မာစွာထားရှိပြီး တူညီသည့်ကဏ္ဍတွင် မတူညီသော တာဝန်အသီးသီးထမ်းဆောင်ခြင်းမူကို အခြေခံ၊ နိုင်ငံတကာဥပဒေကို အခြေပြု ၍ ထိရောက်သည့်လှုပ်ရှားမှုဖြင့် ရှေ့ဆောင်ကာ မိမိ၏လုပ်ဆောင်မှုများကို အားကောင်းအောင် ဆောင်ရွက်ရင်း ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ပံ့အားပေးမှုကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ရာ G20အဖွဲ့ဝင်များအနေဖြင့် ခေတ်မီနည်းပညာ ကျယ်ပြန့်စွာ အသုံးပြုမှုကို ဦးစွာ တွန်းအားပေးဆောင်ရွက်သင့်သလို ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်၍ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးပံ့ပိုးမှုများ ပေးအပ်သင့်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၁၅ နှစ်တွင် တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုပြင်းအားပမာဏသည် ၂၀၂၀ ပြည့်နှစ် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုရည်မှန်းချက်ကို ကျော်လွန် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဓိကဏ္ဍရပ်များနှင့်လုပ်ငန်းများတွင် ကာဗွန်လျှော့ချမှု အမြင့်ဆုံးဖြစ်နိုင်ရေး နည်းလမ်းနှင့်ပံ့ပိုးကိုင်တွယ်ဆောင်ရွက်မည့်နည်းလမ်းကို ဆက်တိုက် ထုတ်ပြန်ပြီး ကာဗွန်လျှော့ချမှုအမြင့်ဆုံးဖြစ်နိုင်ရေး၊ ကာဗွန်အလယ်အလတ်အဆင့်ရောက်ရှိရေးနှင့် “1+N”မူဝါဒစနစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ စွမ်းအင်၊စက်မှုလုပ်ငန်းဖွဲ့စည်းပုံအသွင်ပြောင်းမှုကို မြှင့်တင်ဆောင်ရွက်ရာနှင့် အစိမ်းရောင်ကာဗွန်လျော့နည်း နည်းပညာသုတေသနအသုံးပြုမှုများကို ဆက်လက်တွန်အားပေး ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေအနေပေးသည့်နေရာ၊ ကုမ္ပဏီလုပ်ငန်းများကို ဦးစွာ ရည်မှန်းချက်ရောက်ရှိအောင် ပံ့ပိုးဆောင်ရွက်သွားပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး၊ စွမ်းအင်အသွင်ပြောင်းခြင်းအား တွန်းအားပေးသည့် ကြိုးပမ်းရေးများအတွက် တက်ကြွစွာ အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကိုဗစ်ကပ်ရောဂါ အချိန်ကြာရှည်ကူးစက်ပြန့်ပွားမှုကြောင့် အကျပ်အတည်းအထပ်ထပ်ဖြစ်ပေါ်စေရာ နိုင်ငံတကာအသိုက်အဝန်း၏နှစ်ပေါင်းများစွာ စုစည်းထားသည့် ဖွံ့ဖြိုးမှုရလဒ်များက ဆိုးဝါးစွာ ဖျက်ဆီးခံရသလို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ယခင်က မတွေ့ကြုံခဲ့ရဖူးသည့် ရိုက်ခတ်မှုနှင့်စမ်းသပ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သမ္မတရှီက ဆိုသည်။ ကိုဗစ်ကပ်ရောဂါသည် နိုင်ငံအသီသီး၏ကံကြမ္မာဆက်နွယ်မှုရှိကြောင်း၊ အကျိုးစီးပွားအပြန်အလှန်ပေါင်းစည်းမှုရှိကြောင်းနှင့် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဖြစ်ကြောင်းကို ထပ်မံလှစ်ဟပြသခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံပြည်သူများ၏အကျိုးကိုဖော်ဆောင်ရမည်ဖြစ်ရာ ၎င်းမှာ လူသားမျိုးနွယ်တစ်ခုလုံးနှင့်ကမ္ဘာ့အနာဂတ်ကံကြမ္မာနှင့်လည်း သက်ဆိုင်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ယခုကာလတွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အရှိန်မြှင့်တင် အကောင်အထည်ဖော်ကာ ပို၍အားကောင်းသော၊ အစိမ်းရောင်၊ကျန်းမာသည့် ကမ္ဘာ့ဖွံ့ဖြိုးရေးကို တွန်းအားပေးဖော်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း သမ္မတရှီက အလေးထားပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် G20အဖွဲ့အနေဖြင့် သဘောတူညီချက်များကို ခိုင်မာအောင်စုစည်းကာ လှုပ်ရှားမှုများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။

ပထမအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ ပြည်သူ့ဗဟိုပြုသည့် အတွေးအမြင်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ပြည်သူလူထု၏ချမ်းမြေ့သာယာမှုကို တိုးပွားအောင်၊ လူသားတို့၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်အောင် ဆောင်ရွက်မှုကို အစပြု၊အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာလုံးဆိုင်ရာ မက်ခရိုမူဝါဒညှိနှိုင်းဆောင်ရွက်ခြင်းနှင့် G20 အစီအစဉ်တွင် အဓိကနေရာတွင် ထားရှိကာ ဆင်းရဲနွမ်းပါး၊ ဖွံ့ဖြိုးရေးမညီမျှမှုစသည့် အရေးကိစ္စများကို အားထားကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ၊

ဒုတိယအနေဖြင့် လှုပ်ရှားမှုကို ရှေ့ဆောင်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏လိုအပ်ချက်ကို အလေးထားရမည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးချဲ့‌ဆောင်ရွက်ရမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းအသွင်ပြောင်းမှု၊ အပြန်အလှန်ချိတ်ဆက်မှုစသည့် အဓိကကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများအား အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာ စားနပ်ရိက္ခာဆုံးရှုံးမှုလျော့ချရေးညီလာခံကို ကျင်းပခဲ့ပါကြောင်း၊ G20အဖွဲ့ ပလက်ဖောင်းတွင် ဆက်လက်၍ တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့်နည်းလမ်းများကို ပို၍ အကျိုးဆောင်သွားလိုကြောင်း ၊

တတိယအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို ခိုင်မာစွာလက်ကိုင်ထားပြီး မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ အလုံးစုံစီမံခန့်ခွဲညှိနှိုင်းမှုအခန်းကဏ္ဍကို ထောက်ခံအားပေးရမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းအောင်၊ ကမ္ဘာ့ဖွံ့ဖြိုးရေးအေးတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် တိုးတက်ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှုကတိကဝတ်များကို လက်တွေ့ဖော်ဆောင်၍ ဖွံ့ဖြိုးဆဲနိုင်ငံများအတွင် ပိုမိုများပြားသည့်အရင်းအမြစ်များ ပံ့ပိုးပေးရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်သည် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ထဲထဲဝင်ဝင် ချိတ်ဆက်သွားမည်ဖြစ်ပြီး ကမ္ဘာ့တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းကို အတူတွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် “G20 ခေါင်းဆောင်များ ရောမထိပ်သီးကြေညာချက်”ကို တည်ပြုခဲ့သည်။

တင်းရွှဲရှန်၊ လျိုဟဲ့၊ ယန်ကျဲချီတို့က အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်ကိုယ်စား အီတလီ အစည်းအဝေးခန်းမသို့ သွားရောက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
习近平继续出席二十国集团领导人第十六次峰会
2021-10-31 23:35:26
新华社北京10月31日电国家主席习近平31日晚在北京继续以视频方式出席二十国集团领导人第十六次峰会,重点阐述对气候变化、能源、可持续发展等问题的看法。
习近平指出,气候变化和能源问题是当前突出的全球性挑战,事关国际社会共同利益,也关系地球未来。国际社会合力应对挑战的意愿和动力不断上升,关键是要拿出实际行动。第一,采取全面均衡的政策举措。必须统筹环境保护和经济发展,兼顾应对气候变化和保障民生,主要经济体应该就此加强合作。第二,全面有效落实《联合国气候变化框架公约》及其《巴黎协定》。要坚持联合国主渠道地位,以共同但有区别的责任原则为基石,以国际法为基础,以有效行动为导向,强化自身行动,提升合作水平。第三,加大对发展中国家支持力度。二十国集团成员应该率先促进先进技术推广运用,发达国家也要切实履行承诺,为发展中国家提供资金支持。
习近平强调,过去15年,中国碳排放强度大幅超额完成2020年气候行动目标。中方将陆续发布重点领域和行业碳达峰实施方案和支撑措施,构建起碳达峰、碳中和“1+N”政策体系。持续推进能源、产业结构转型升级,推动绿色低碳技术研发应用,支持有条件的地方、行业、企业率先达峰,为全球应对气候变化、推动能源转型的努力作出积极贡献。
习近平指出,当前,新冠肺炎疫情延宕蔓延引发多重危机,国际社会多年积累的发展成果遭受严重侵蚀,发展中国家面临前所未有的冲击和考验。新冠肺炎疫情再次昭示,各国命运相连、利益相融,是人类命运共同体。促进发展中国家可持续发展,将造福有关国家人民,也事关整个人类和地球的前途和命运。
习近平强调,中方近期发起全球发展倡议,呼吁国际社会加快落实联合国2030年可持续发展议程,推动实现更加强劲、绿色、健康的全球发展。二十国集团在这方面要凝聚共识,加强行动。
第一,坚持发展优先,贯彻以人民为中心理念。要将增进人民福祉、实现人的全面发展作为出发点和落脚点,把发展合作置于全球宏观政策协调和二十国集团议程的突出位置,着力解决贫困、发展不平衡等问题。
第二,坚持行动导向,推进务实合作。要加大发展投入,重视发展中国家需求,在减贫、粮食安全、工业化、互联互通等重点领域加强合作。中方今年9月成功举办了国际粮食减损大会,愿继续通过二十国集团平台,贡献更多中国智慧和方案。
第三,坚持互利共赢,构筑伙伴关系。要支持联合国发挥统筹协调作用,深化全球发展伙伴关系,构建全球发展命运共同体。发达国家要切实履行发展援助承诺,为发展中国家提供更多资源。中方提出的全球发展倡议将同联合国2030年可持续发展议程深入对接,共同推进全球发展事业。
峰会通过了《二十国集团领导人罗马峰会宣言》。
丁薛祥、刘鹤、杨洁篪等参加。
王毅作为习近平主席特别代表在意大利现场与会。(完)
图说1:10月31日晚,国家主席习近平在北京继续以视频方式出席二十国集团领导人第十六次峰会。 新华社记者 岳月伟 摄