Connect with us

Latin America

ဘရာဇီးနိုင်ငံ၌ ကျောက်လိုဏ်ဂူပြိုကျမှုကြောင့် လူ ၉ ဦး သေဆုံး

လှိုဏ်ဂူအတွင်းကယ်ဆယ်ရေးမြင်ကွင်းကိုအောက်တိုဘာ၃၁ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဘရာဇီးမီးသတ်ဌာန)

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်ခွဲ အယ်လ်တီနိုပိုလစ်မြို့ဆင်ခြေဖုံးရှိ ကျောက်လိုဏ်ဂူတစ်ခု၌ အောက်တိုဘာ ၃၁ ရက် နံနက် ၁ဝ နာရီခန့်တွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ပိတ်မိသွားခဲ့ကြောင်း နှင့် ယင်းတို့အနက် ၉ ဦးသေဆုံးကာ ကျန် ၁ ဦး ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘရာဇီး မီးသတ်ဦးစီးဌာနက ယင်းနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မီးသတ်သမား ၂၈ ဦး နှင့် နည်းပြဆရာများသည် လိုဏ်ဂူအတွင်း လေ့ကျင့်မှု ပြုလုပ်နေစဉ် ကျောက်ဆောင်ဂူထိပ်မှ ရုတ်တရက်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူအချို့ လိုဏ်ဂူအတွင်း ပိတ်မိသွားခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

အခင်းဖြစ်နေရာသို့ အရေးပေါ် ကယ်ဆယ်ရေးသမားများ ပို့ဆောင်ရန် စစ်ရဲဌာနက ရဟတ်ယာဉ်များ စေလွှတ်ခဲ့သည်။ မိုးရွာသွန်းမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲလျက်ရှိကြောင်း သိရသည်။

မီးသတ်ဌာန၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ည ၇ နာရီတွင် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)巴西岩洞塌方导致9人遇难
新华社圣保罗10月31日电(记者罗婧婧)巴西消防部门10月31日晚发布消息说,圣保罗州阿尔蒂诺波利斯市郊区一处岩洞当天凌晨1时左右发生塌方,导致10人被埋,其中9人遇难、1人获救。
消防部门说,当时28名消防员及指导员在岩洞内训练,岩顶突然发生塌方,导致部分人员被困。军事警察部门出动直升机将紧急救援人员运至现场。由于降雨,搜救行动难度加大。
消防部门当晚7时宣布停止搜救行动。(完)