Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားနေသည်ကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၄ ရက် ညပိုင်းက စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး “တံခါးဖွင့်သည့် နွေဦးလေညှင်းနှင့်အတူ ကမ္ဘာကို နွေးထွေးစေမည်” ဟူသော ခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် သမ္မတရှီက စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသို့ အတူတက်ရောက်လာကြသည့် ဧည့်သည့်တော်များ၊ မိတ်ဆွေသင်္ဂဟသစ်များနှင့် ဆုံစည်းရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဆိုသည့်စကားကို ယုံကြည်မှုရှိအောင်၊ ဆောင်ရွက်မှုတိုင်းကို ရလဒ်ရှိအောင် အစဉ် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် တတိယအကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် တံခါးဖွင့်ဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဟု ကြေညာခဲ့ရာ အခြေခံအားဖြင့် အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါသက်ရောက်မှုကို ကျော်လွှားကာ ပြည်ပ ကုန်သွယ်ရေး ဆန်းသစ်တီထွင်မှုတိုးတက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်နှစ်က တစ်ကမ္ဘာလုံးတွင် ကုန်ပစ္စည်းကုန်သွယ်ရေး အပြုသဘောတိုးတက်မှုရှိခဲ့သည့် တစ်ခုတည်းသော အဓိက စီးပွားရေးအစုအဖွဲ့ဖြစ်ခဲ့ပြီး ကမ္ဘာ့စက်မှုလုပ်ငန်းပံ့ပိုးရေးကွင်းဆက်တည်ငြိမ်အောင် အာမခံပေးမှု၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာအောင် တွန်းအားပေးရာတွင် အရေးပါသည့် အကျိုးဆောင်မှုများရှိခဲ့ပါကြောင်း ၊ လက်ရှိ စီးပွားရေးဂလိုဘယ်လ်လိုက်ဇေးရှင်းသည် တန်ပြန်အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရရာ ရေဆန်ကိုလှော်ခတ်သည့်လှေပမာ အရှေ့သို့မတိုးဘဲ နောက်သို့ရွှေ့လျားနေကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးဂလိုဘယ်လ်လိုက်ဇေးရှင်းဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို အမိအရဆုပ်ကိုင်ကာ ကမ္ဘာ့နိုင်ငံအသီးသီး ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်လှစ်သွားရန် ထောက်ခံအားပေးရမည်ဖြစ်ပြီး တစ်ဖက်သတ်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများကို ဆန့်ကျင်၍ လူသားများ ပိုမိုလှပသည့်အနာဂတ်သို့ လျှောက်လှမ်းနိုင်ရန် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တံခါးဖွင့်လှစ်မှုသည် မျက်မှောက်ခေတ်တရုတ်နိုင်ငံ၏ ပေါ်လွင်ထင်ရှားသည့် အမှတ်သင်္ကေတဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ယခုနှစ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ တရုတ်နိုင်ငံ ဝင်ရောက်ခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၀ ကြာကာလတွင် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်သည့် ကတိကဝတ်များကို ဘက်စုံကျင့်သုံးဆောင်ရွက်လျက်ရှိရာ တိုးချဲ့တံခါးဖွင့်လှစ်မှုများ မပြတ်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန် နွေဦးဒီရေလှိုင်းကို အသက်သွင်းခဲ့သလို ကမ္ဘာ့စီးပွားရေး၏ နွေဦးရေကန်ကိုလည်း သက်ဝင်လှုပ်ရှားအောင် ဆောင်ရွက်ခဲ့ပါကြောင်း ၊ ဤ နှစ် ၂၀ ကြာကာလသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာဆောင်ရွက်သည့် ဘက်ပေါင်းစုံတံခါးဖွင့်လှစ်သည့် နှစ် ၂၀ ပြီးနောက် တရုတ်နိုင်ငံ၏ အခွင့်အလမ်းများကို လက်ကိုင်ထားလျက် စိန်ခေါ်မှုများကို ကြံ့ကြံခံရင်ဆိုင်ခဲ့သည့် နှစ် ၂၀ ဖြစ်သလို တရုတ်နိုင်ငံ၏ တာဝန်သိတာဝန်ယူမှုနှင့်ကမ္ဘာ့အကျိုးဆောင်သည့် နှစ် ၂၀ ဖြစ်ကြောင်း၊ ဤ နှစ် ၂၀ ကာလတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ပြည်သူလူထုက တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာသည့်ဦးဆောင်မှုအောက်တွင် အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်သည့် မဆုတ်မနစ်ကြိုးစားအားထုတ်၍ ရယူခဲ့ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ရလဒ်လည်းဖြစ်ကြောင်း ၊ မိမိအနေဖြင့် ဤသမိုင်းဖြစ်စဉ်ကို ပါဝင်သက်သေပြုကြသူအားလုံးနှင့် တရုတ်နိုင်ငံ တံခါးဖွင့်ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးကြသည့် ပြည်တွင်း၊ ပြည်ပနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

သမ္မတရှီက “အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် ထိုးထွင်းသိမြင်ပြီး အတိတ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် အနာဂတ်ကို မျှော်မှန်းရမည်” ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ရှင်သန်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် သမိုင်းတိုးတက်မှု၏ အကျိုးအကြောင်းနှင့်အတူ ရှေ့ဆက်ရမည်ဖြစ်သလို ခေတ်ကာလဖွံ့ဖြိုးရေး ရေစီးကြောင်းတွင် တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို တိုးချဲ့မည့် သန္နိဌာန် ပြောင်းလဲမည်မဟုတ်သလို ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ကမ္ဘာနှင့်မျှဝေသွားမည့် သန္နိဌာန်သည်လည်း ပြောင်းလဲမည်မဟုတ်ဘဲ စီးပွားရေးကလိုဘယ်လ်လိုက်ဇေးရှင်းကို ပို၍ တံခါးဖွင့်သော၊ အများလက်ခံအကျိုးဖြစ်ထွန်းစေသော၊ မျှတသောဘုံအကျိုးစီးပွားသို့ တွန်းအားပေးဆောင်ရွက်မည့် သန္နိဌာန်သည်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်-

ပထမအနေဖြင့် တရုတ်နိုင်ငံသည် စစ်မှန်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို မပြောင်းမလဲ ခိုင်မာစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်သည် နိုင်ငံတကာကုန်သွယ်ရေးကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုများ လမ်းကြောင်းမှန်ပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေခြင်းအား ထောက်ခံအားပေးသလို ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ် အများလက်ခံပါဝင်မှုရှိသည့်ဖွံ့ဖြိုးတိုးတက်မှုအား အားပေးထောက်ခံပြီး ဖွံ့ဖြိုးဆဲနိုင်ငံအဖွဲ့ဝင်များ၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားများအား ထောက်ခံအားပေးကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ပတ်ဝန်းကျင်၊ လုပ်ငန်းထောက်ပံ့မှု၊ နိုင်ငံပိုင်လုပ်ငန်းစသည့် ကဏ္ဍများတွင် တက်ကြွစွာ တံခါးဖွင့်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ကို ပင်မနေရာတွင်ထားရှိရန် ၊ကမ္ဘာ့စီးပွားရေးစက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပို့ရေးကွင်းဆက်တည်ငြိမ်မှုရှိရန် ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း၊

ဒုတိယအနေဖြင့် တရုတ်နိုင်ငံသည် ဈေးကွက်အခွင့်အလမ်းများအား ကမ္ဘာနှင့်အတူမျှဝေဖို့ မပြောင်းမလဲ ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် သွင်းကုန်တိုးချဲ့မှုကို ပို၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်သွယ်ရေးဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်၍ သွင်းကုန်ကုန်သွယ်ရေးကိုတိုးချဲ့၍ ဆန်းသစ်မှုရှိသော သရုပ်ပြဇုန်များအား တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် E-commerce လက်လီ သွင်းကုန်ပစ္စည်း စာရင်းရှင်းတန်းများကို ကောင်းမွန်အောင်၊ နယ်စပ်နေပြည်သူများဈေးကွက်အပြန်အလှန်ဖလှယ်သည့်ကုန်သွယ်ရေး သွင်းကုန်ပစ္စည်းများ၊ ယင်းနေရာတွင်ပင် ကုန်ချောအဖြစ် ဆောင်ရွက်နိုင်အောင် တွန်းအားပေး၍ အိမ်နီးချင်းနိုင်ငံများ၏သွင်းကုန်များကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ၊ ပြည်တွင်းပြည်ပကုန်သွယ်ရေးပေါင်းစည်းမှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ စားသုံးမှုဗဟိုမြို့များ တည်ဆောက်ရေး အရှိန်အဟုန်ကို မြှင့်တင်၍ ပိုးလမ်းမ E-commerce ဖွံ့ဖြိုးအောင် ခေတ်မီကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစနစ်တည်ဆောက်ပြီး နယ်စပ်ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်မှုစွမ်းရည်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊

တတိယအနေဖြင့် တရုတ်နိုင်ငံသည် အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို မပြောင်းမလဲ ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြုပ်နှံမှုအနုတ်လက္ခဏာစာရင်းကို တစ်ဆင့်တိုး လျော့ချသွားမည်ဖြစ်ပြီး ဆက်သွယ်ရေး၊ ကျန်းမာရေးစသည့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၏ တံခါးဖွင့်မှုကို စနစ်တကျ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို အားပေးသည့်စာရင်းဇယားကို ပြင်ဆင်တိုးချဲ့သွားမည်ဖြစ်ပြီး လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုများတွင် ကန့်သတ်စာရင်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၊ အစိမ်းရောင်ကာဗွန်လျှော့ချရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် တရုတ်နိုင်ငံက ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ရာ “ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်”၊ “ဒစ်ဂျစ်တယ် စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်” တွင် တက်ကြွစွာ ပါဝင်တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

စတုတ္ထအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ဘုံအကျိုးစီးပွားကို တစ်စိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ G20၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)စသည့် ယန္တရားများတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ကာဗွန်လျှော့ချရေးစသည့် ကဏ္ဍများ၏ တွေ့ဆုံဆွေးနွေးမှုများအား အားဖြည့်ဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးစသည့် အရေးကြီးကျန်းမာရေးအထောက်အပံ့ပစ္စည်းများ ကမ္ဘာတစ်ဝန်း မျှတစွာဝေငှနိုင်ရေးနှင့် ကုန်သွယ်ရေးအဆင်ပြေချောမွေ့အောင် ဆောင်ရွက်မှုကို အားပေးထောက်ခံကြောင်း ၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမအတူလက်တွဲတည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ကမ္ဘာစားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်တွင် အခြားဖွံဖြိုးဆဲနိုင်ငံများ အကူအညီအထောက်အပံ့များ ပိုမိုပေးနိုင်ရန် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

မိန့်ခွန်းနိဂုံးတွင် သမ္မတရှီကျင့်ဖိန်က “တစ်ဦးတစ်ယောက် ဆောင်ရွက်မှုက ဖြစ်မြောက်ရန်ခဲယဉ်းသော်လည်း၊ အများ၏စုပေါင်းအင်အားဖြင့် ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ကြောင်း”၊ ကိုဗစ်ကပ်ရောဂါအရိပ်မည်းမှာ မပျက်ပြယ်သေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရန်အနာဂတ်လမ်း ခက်ခဲမှုများရှိရာ နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားလျက် လက်ရှိအခက်အခဲများကို အတူကျော်ဖြတ်ကြရန် ပို၍ လိုအပ်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ တံခါးဖွင့်စီးပွားရေးစနစ်ကို အတူတည်ဆောက်ကာ တံခါးဖွင့်နွေဦးလေညှင်းနှင့်အတူ ကမ္ဘာကို နွေးထွေးသွားအောင် ဆောင်ရွက်လိုပါကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

————————————–
(Chinese Version)
(第四届进博会)习近平在第四届中国国际进口博览会开幕式上发表主旨演讲  强调中国将坚定不移维护真正的多边主义,坚定不移同世界共享市场机遇,坚定不移推动高水平开放,坚定不移维护世界共同利益
2021-11-04 20:20:00
新华社北京11月4日电11月4日晚,国家主席习近平以视频方式出席第四届中国国际进口博览会开幕式并发表题为《让开放的春风温暖世界》的主旨演讲。(演讲全文另发)
习近平指出,很高兴同出席第四届中国国际进口博览会的各位嘉宾、新老朋友“云端”相聚。中国历来言必信、行必果。我在第三届进博会上宣布的扩大开放举措已经基本落实。中国克服新冠肺炎疫情影响,推动对外贸易创新发展,是去年全球唯一实现货物贸易正增长的主要经济体,为保障全球产业链供应链稳定、推动世界经济复苏作出了重要贡献。当前,经济全球化遭遇逆流。逆水行舟,不进则退。我们要把握经济全球化发展大势,支持世界各国扩大开放,反对单边主义、保护主义,推动人类走向更加美好的未来。
习近平强调,开放是当代中国的鲜明标识。今年是中国加入世界贸易组织20周年。20年来,中国全面履行入世承诺,不断扩大开放,激活了中国发展的澎湃春潮,也激活了世界经济的一池春水。这20年,是中国深化改革、全面开放的20年,是中国把握机遇、迎接挑战的20年,是中国主动担责、造福世界的20年。这20年来中国的发展进步,是中国人民在中国共产党坚强领导下埋头苦干、顽强奋斗取得的,也是中国主动加强国际合作、践行互利共赢的结果。我愿对所有参与和见证这一历史进程、支持中国开放发展的海内外各界人士表示衷心的感谢!
习近平强调,“见出以知入,观往以知来。”一个国家、一个民族要振兴,就必须在历史前进的逻辑中前进、在时代发展的潮流中发展。中国扩大高水平开放的决心不会变,同世界分享发展机遇的决心不会变,推动经济全球化朝着更加开放、包容、普惠、平衡、共赢方向发展的决心不会变。
第一,中国将坚定不移维护真正的多边主义。以世界贸易组织为核心的多边贸易体制,是国际贸易的基石。中国支持世界贸易组织改革朝着正确方向发展,支持多边贸易体制包容性发展,支持发展中成员合法权益。中国将以积极开放态度参与数字经济、贸易和环境、产业补贴、国有企业等议题谈判,维护多边贸易体制国际规则制定的主渠道地位,维护全球产业链、供应链稳定。
第二,中国将坚定不移同世界共享市场机遇。中国将更加注重扩大进口,促进贸易平衡发展,增设进口贸易促进创新示范区,优化跨境电商零售进口商品清单,推进边民互市贸易进口商品落地加工,增加自周边国家进口。中国将推进内外贸一体化,加快建设国际消费中心城市,发展“丝路电商”,构建现代物流体系,提升跨境物流能力。
第三,中国将坚定不移推动高水平开放。中国将进一步缩减外资准入负面清单,有序扩大电信、医疗等服务业领域开放,修订扩大《鼓励外商投资产业目录》,出台自由贸易试验区跨境服务贸易负面清单。中国将深度参与绿色低碳、数字经济等国际合作,积极推进加入《全面与进步跨太平洋伙伴关系协定》、《数字经济伙伴关系协定》。
第四,中国将坚定不移维护世界共同利益。中国将积极参与联合国、世界贸易组织、二十国集团、亚太经合组织、上海合作组织等机制合作,推动加强贸易和投资、数字经济、绿色低碳等领域议题探讨,支持疫苗等关键医疗物资在全球范围内公平分配和贸易畅通,推动高质量共建“一带一路”。中国将积极参与应对气候变化、维护全球粮食安全和能源安全,在南南合作框架内继续向其他发展中国家提供更多援助。
习近平最后强调,“孤举者难起,众行者易趋。”新冠肺炎疫情阴霾未散,世界经济复苏前路坎坷,各国人民更需要同舟共济、共克时艰。中国愿同各国一道,共建开放型世界经济,让开放的春风温暖世界!(完)

新华社照片,北京,2021年11月4日
习近平在第四届中国国际进口博览会开幕式上发表主旨演讲
11月4日晚,国家主席习近平以视频方式出席第四届中国国际进口博览会开幕式并发表题为《让开放的春风温暖世界》的主旨演讲。
新华社记者 李学仁 摄