Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်၊ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကြောင်း တရားဝင်ကြေညာ

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အစည်းအဝေးတွင် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများက တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကြောင်း တရားဝင် ကြေညာခဲ့သည်။

“အေးတူပူအမျှနေထိုင်၍ မိသားစုဥယျာဉ် အတူတကွတည်ဆောက်မည်”ဟူသော ခေါင်းစဉ်ဖြင့် သမ္မတရှီက အစည်းအဝေးမိန့်ခွန်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် သမ္မတရှီက တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ကြာကာလသည် ထူးခြားသည့်ခရီးရှည်ကို အတူလျှောက်လှမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ယင်းနှစ်ပေါင်း ၃၀ ကာလသည် စီးပွားရေးဂလိုဘယ်လ်လိုက်ဇေးရှင်း နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံတကာအခင်းအကျင်းနက်နဲစွာပြောင်းလဲခြင်းရှိသည့် နှစ် ၃၀ ဖြစ်သလို တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများ ခေတ်ကာလအခွင့်အလမ်းများကို ဆုပ်ကိုင်ကာ နှစ်ဖက်ဆက်ဆံရေး ခုန်ပျံကျော်လွှားဖွံ့ဖြိုးတိုးတက်မှုအား အကောင်အထည်ဖော်သည့် နှစ် ၃၀ ပင် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် စစ်အေးခေတ်၏မှောင်မှိုင်းမှုမှ ရုန်းထွက်၍ ဒေသတွင်းတည်ငြိမ်မှုကို အတူကာကွယ်စောင့်ရှောက်ခဲ့ကြကြောင်း၊ မိမိတို့ဦးဆောင်၍အရှေ့အာရှစီးပွားရေး တစ်သားတည်းဖြစ်အောင် သန်းပေါင်း ၂,၀၀၀ ကျော်ရှိ လူထုအား ပိုမိုကောင်းမွန်သည့်နေထိုင်မှုဘဝရရှိအောင် အတူစည်ပင်ဝပျော်တိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးစီးပွားဖော်ဆောင်သည့် တောက်ပသည့်အလင်းရောင်လမ်းစဉ်ကိုလျှောက်လှမ်းခဲ့ကြရာတွင် တစ်နေ့တစ်ခြားပို၍ နီးကပ်မှုရှိသည့် အေးတူပူအမျှအသိုက်အဝန်သို့ ခြေလှမ်း၍ လူသားမျိုးနွယ်တိုးတက်ရေးလုပ်ငန်းအတွက် အရေးကြီးသည့် အကျိုးဆောင်မှုများကို တွန်းအားပေးဆောင်ရွက်ခဲ့ကြပါကြောင်း ပြောကြားခဲ့သည်။

ယနေ့ မိမိတို့အနေဖြင့် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ကြောင်း တရားဝင်ကြေညာလိုက်ပါသည်ဟု သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ၎င်းမှာ နှစ်ဖက်ဆက်ဆံရေးသမိုင်း၏မှတ်တိုင်သစ်ဖြစ်ရာ ဒေသနှင့်ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး၊ စည်ပင်သာယာဝပျောရေးအတွက် အားသစ်လောင်းပေးမည်ဖြစ်ကြောင်း ဆိုသည်။

အစည်းအဝေးတွင် သမ္မတရှီက နှစ်ပေါင်း ၃၀ ကြာကာလတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ခြင်း၏ အောင်မြင်မှုရလဒ်သည် နှစ်ဖက် ပထဝီမြေဆက်နွယ်နီးကပ်ခြင်း၊ လူမှုယဉ်ကျေးမှုချင်းဆက်စပ်ခြင်းစသည့် သဘာဝအားသာချက်များကြောင့် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးခေတ်ကာလရေစီးကြောင်း၌ မိမိတို့ တက်ကြွစွာ လက်ခံပါဝင်၍ မှန်ကန်သည့်သမိုင်းရွေးချယ်မှုများနှင့် ကင်းကွာ၍မရကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပထမအနေဖြင့် အပြန်အလှန်လေးစားပြီး နိုင်ငံတကာဆက်ဆံရေးအခြေခံမူအား ခိုင်မာစွာ လိုက်နာကြရမည်ဖြစ်ကြောင်း ၊ တန်းတူညီမျှဆက်ဆံခြင်း၊သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် မိမိတို့၏ တူညီသည့်လိုလားမှုဖြစ်ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့် “ဘန်ဒေါင်းစိတ်ဓါတ်”ကို ဦးစွာ အဆိုပြုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ဆွေးနွေးမှုမိတ်ဖက်ဆက်ဆံရေးတွင် “အရှေ့တောင်အာရှ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်”၌ ဦးဆုံးပါဝင်သည့် နိုင်ငံဖြစ်ကြောင်း ၊ မိမိတို့သည် အပြန်အလှန်အရေးကြီးဂရုပြုသည့်ကိစ္စရပ်များကို အတူစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးရေးလမ်းစဉ်အသီးသီးကိုလည်း လေးစားခြင်း၊ စိတ်ရင်းစေတနာမှန်သည့်ဆွေးနွေးညှိနှိုင်းရေးဖြင့် နားလည်မှုနှင့်ယုံကြည်မှုကို တိုးမြှင့်ခြင်း၊ ကွဲပြားမှုများအား ဘေးဖယ်ထားပြီး တူညီမှုများကိုရှာဖွေခြင်းဖြင့် ကွဲလွဲမှုနှင့်ပြဿနာများကို ကောင်းမွန်သင့်တော်စွာဖြေရှင်းကာ အာရှတိုက်၏စံတန်ဖိုးကို အတူထိန်းသိမ်းကာကွယ်မြှင့်တင်ခဲ့ကြကြောင်း ၊

ဒုတိယအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ကာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ပြည်သူများ၏ချမ်းမြေ့သာယာမှုသည် မိမိတို့၏ တူညီသည့်ရည်မှန်းချက်ဖြစ်ကြောင်း၊ မိမိတို့သည် ဒေသတည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကာ ဖွံ့ဖြိုးရေးကို အစဉ်အားထားဆောင်ရွက်ခဲ့ကြရာ လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်မှုအား ဦးစွာဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ရပ်ဝန်းနှင်ပိုးလမ်းမ အတူတည်ဆောက်ခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်(RCEP)အား အတူတွန်းအားပေးကာ ဒေသပေါင်းစပ်ဖွံ့ဖြိုးရေးနှင့်ပြည်သူအများအကျိုးစီးပွားအား မြှင့်တင်ဆောင်ရွက်ခဲ့ကြကြောင်း ၊

တတိယအနေဖြင့် အပြန်အလှန်ဖေးမကူညီခြင်းဖြင့် ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန်ဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်နိုင်ခြင်း အတွေးအမြင်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း ၊ အပြန်အလှန်ဖေးမကူညီခြင်းသည် မိမိတို့တွင် တူညီသည့် ရိုးရာဓလေ့ဖြစ်ကြောင်း ၊ မိမိတို့သည် ဆွေမျိုးများသကဲ့သို့ အမြဲအသွားအလာရှိကြသလို မေတ္တာစေတနာ၊ယုံကြည်မှုကို အလေးထားကြရာ ဝမ်းသာစရာမင်္ဂလာရှိပါက အတူပျော်ရွှင်တတ်ကြသလို ဝမ်းနည်းဖွယ်ကိစ္စများနှင့်ကြုံတွေ့ပါက အပြန်အလှန် ကူညီဖေးမတတ်ကြစမြဲဖြစ်ကြောင်း ၊ အာရှတိုက် ဘဏ္ဍာရေးအကျပ်အတည်း၊ နိုင်ငံတကာဘဏ္ဍရေးအကျပ်အတည်း၊ ကိုဗစ်ကပ်ရောဂါ စသည့် စိန်ခေါ်မှုများကို အတူလက်တွဲ၍ ရင်ဆိုင်ခဲ့ကြရာ အေးတူပူအမျှအသိုက်အဝန်းအမြင်ကို အားကောင်းလာစေခဲ့ကြောင်း ၊

စတုတ္ထအနေဖြင့် သည်းခံခြင်း၊အပြန်အလှန်သင်ယူလေ့လာခြင်းဖြင့် တံခါးဖွင့် ပွင့်လင်းသည့်ဒေသအား တည်ဆောက်ခဲ့ကြကြောင်း၊ အားလုံးပါဝင်မှုသည် မိမိတို့၏ တူညီသည့် ဗီဇဖြစ်ပါကြောင်း၊ မိမိတို့သည် အရှေ့အာရှယဉ်ကျေးမှု၏ ဉာဏ်ပညာ၊ တံခါးဖွင့်အတွေးအမြင်များဖြင့် ဒေသစီးပွားရေး တစ်သားတည်းဖြစ်ရေးကို ဦးဆောင်ခဲ့ကြသလို တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှုဖြင့် အာဆီယံဦးဆောင်သည့် ဒေသပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်ကြပြီး အားလုံးပါဝင်မှုဖြင့် တံခါးဖွင့်၍ တစ်ခြားသူအား ဖယ်ကျဉ်ခြင်းမရှိသည့် မိတ်ဆွေသင်္ဂဟအသိုက်အဝန်းကို တည်ဆောက်ခဲ့ကြပြီး အတူဆွေးနွေး၊အတူတည်ဆောက်၊ အတူမျှဝေကြသည့်မူအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဤ နှစ်ပေါင်း ၃၀ ကာလ အဖိုးတန်အတွေ့အကြုံများသည် တရုတ်နှင့်အာဆီယံ၏ ဘုံအကျိုးဖြစ်ရာ နှစ်ဖက်အကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအတွက် အုတ်မြစ်ချ လိုက်နာရန် ပံ့ပိုးပေးခဲ့ပါကြောင်း ၊ မိမိတို့အနေဖြင့် ၎င်းအား ဆတိုးတန်ဖိုးထားကာ ရေရှည်ခိုင်မာစွာ ဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုအသစ်များတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။
“ခရီးဝေးသော် မြင်း၏အင်အားကို သိနိုင်ပြီး အချိန်ကြာသော် လူ၏စိတ်ထားကို သိနိုင်”ကြောင်း သမ္မတရှီက ဆိုသည်။ တရုတ်နိုင်ငံသည် အတိတ်တွင်လည်းကောင်း၊ ပစ္စုပ္ပန်တွင်လည်းကောင်း၊ အနာဂတ်တွင်လည်းကောင်း အာဆီယံ၏ ထာဝရ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် အာဆီယံအား ဦးစာပေးသည့် ဦးတည်ချက်သည် မပြောင်းမလဲခိုင်မာလျက်ရှိသလို အာဆီယံ စည်းလုံးညီညွတ်မှုနှင့်အာဆီယံအေးတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကို အားပေးထောက်ခံခြင်းသည် မပြောင်းမလဲ ခိုင်မာလျက်ရှိပြီး အာဆီယံ၏ ဒေသတွင်းမူဘောင်ရှိ ဗဟိုနေရာအား မပြောင်းမလဲခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်သလို ဒေသနှင့်နိုင်ငံတကာရေးရာတွင် အာဆီယံ၏ ပို၍ကြီးမားသော အခန်းကဏ္ဍမှပါဝင်မှုအား မပြောင်းမလဲခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ဆဋ္ဌမကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တစ်ရာ ကြိုးပမ်းမှု အဓိကအောင်မြင်မှုရလဒ်နှင့်သမိုင်းအတွေ့အကြုံများအား အနှစ်ချုပ်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံပြည်သူများသည် ယုံကြည်မှုအပြည့်အဝဖြင့် ခေတ်မီတိုးတက်သော ဆိုရှယ်လစ်နိုင်ငံ ခရီးစဉ်သစ်ကို ရှေ့သို့ လျှောက်လှမ်းနေကြကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသနှင့်ကမ္ဘာကြီးအတွက် အခွင့်အလမ်းများစွာ ပံ့ပိုးပေးမည်ဖြစ်ပြီး အားကောင်းသည့်တွန်းအားများ ဖြည့်တင်းပေးမည်ဖြစ်ပါကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဆီယံနှင့်အတူ အလားအလာကောင်းများအား ဆုပ်ကိုင်၍ အနှောက်အယှက်များအား ဖယ်ကျဉ်ပြီး အခွင့်အလမ်းများအား အတူမျှဝေခံစား၍ စည်ပင်သာယာဝပျော်မှုကို အတူတည်ဆောက်သွားလိုကြောင်း၊ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား လက်တွေ့ဆောင်ရွက်ကာ ပို၍နီးကပ်သည့် တရုတ်-အာဆီယံ အေးတူပူမျှအသိုက်အဝန်းတည်ဆောက်ရေးကို ဦးတည်သည့်ခြေလှမ်းသစ်များ လျှောက်လှမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

အနာဂတ် တရုတ်-အာဆီယံဆက်ဆံရေးအပေါ် သမ္မတရှီကျင့်ဖိန်က အကြုံပြုချက် ၅ ရပ် အဆိုပြုခဲ့ကြောင်း သိရသည်။

ပထမအနေဖြင့် ငြိမ်းချမ်းသည့် မိသားစုဥယျာဉ်အား အတူတည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးသည် မိမိတို့၏ အကြီးဆုံးသော ဘုံအကျိုးစီးပွားဖြစ်သလို နိုင်ငံအသီးသီးပြည်သူများ၏ အကြီးဆုံး တူညီသည့်မျှော်မှန်းရာလည်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသငြိမ်းချမ်းရေး၏ တည်ဆောက်သူနှင့်ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း ၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့်တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်အုပ်စုဖွဲ့ခြင်းမဟုတ်သည့် အပြန်အလှန်အမှီသဟဲပြုသော နေထိုင်မှုဖြင့် အတူလက်တွဲကာ ငြိမ်းချမ်းရေးအား ဖျက်ဆီးသော ခြိမ်းခြောက်မှုနှင့်အပြုသဘောမဆောင်သည့်အကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ၊ မိမိတို့သည် စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များတွင် အားလုံး ခိုင်မာစွာ အတူ ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည့် ဗိုလ်ကျစိုးမိုးရေးအယူဝါဒနှင့်နိုင်ငံရေးကို ပြတ်သားစွာ ဆန့်ကျင်ကာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ စဉ်ဆက်မပြတ်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ဒေသ ရေရှည်ငြိမ်းချမ်းကို အတူကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၊ အာဆီယံ၏ နျူကလီးယားလက်နက်ကင်းစင်ရေးဇုန်တည်ဆောက်ခြင်း ကြိုးပမ်းမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် “အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းစင်ရေးဇုန်သဘောတူညီချက်”ပရိုတိုကောအား စောလျဉ်းစွာ လက်မှတ်ရေးထိုးစေလိုကြောင်း ဆိုသည်။

ဒုတိယအနေဖြင့် တည်ငြိမ်အေးချမ်းသည့် မိသားစုဥယျာဉ်တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြေကြားခဲ့သည်။
ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာကြီးအား အလုံးစုံ လုံခြုံသည့် တစ်ခုတည်းသောကျွန်း မရှိသည်ကိုဖော်ပြနေပြီး အများ အားလုံး လုံခြုံမှုရှိမှသာ စစ်မှန်သည့် လုံခြုံမှုရရှိမည်ကို ထပ်မံ သက်သေထူခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် “တရုတ်-အာဆီယံ ကျန်းမာရေးအကာအကွယ်ဒိုင်း”ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ကို စတင်လိုပါကြောင်း၊ ၎င်းတွင် အာဆီယံနိုင်ငံများအား နောက်ထပ် ကိုဗစ်ကာကွယ်ဆေး သန်း ၁၅၀ နှောင်ကြိုးမဲ့ကူညီခြင်း၊ အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးရန်ပုံငွေအား နောက်ထပ် ကန်ဒေါ်လာ ၅ သန်း ဖြည့်ဆည်းပေးပြီး ကာကွယ်ဆေးပူးတွဲထုတ်လုပ်မှုနှင့်နည်းပညာလွှဲပြောင်းပေးခြင်းအား တိုးချဲ့ဆောင်ရွက်၍ အဓိကဆေးဝါးသုတေသနထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံ၏ အခြေခံပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်မှုနှင့်လူရည်ချွန်ပျိုးထောင်မှု အားဖြည့်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်းတို့ ပါဝင်ကြောင်း ၊ အတူတကွ ဘက်စုံ ရေရှည် ပူးပေါင်းဆောင်ရွက်လုံခြုံရေးအမြင်ကို ခိုင်မာစွာ လက်ကိုင်ထားကာ ကာကွယ်ရေး၊အကြမ်းဖက်တိုက်ဖျက်ရေး၊ ပင်လယ်ပြင်ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့်လေ့ကျင့်ရေး၊ နိုင်ငံဖြတ်ကျော်ပြစ်မှုတိုက်ဖျက်ရေး၊ ကပ်ဘေးစီမံခန့်ခွဲရေးစသည့် ကဏ္ဍများပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တောင်တရုတ်ပင်လယ်၏တည်ငြိမ်မှုကို အတူကာကွယ်ထိန်းသိမ်းကာ ငြိမ်းချမ်း၍ချစ်ကြည်သော ပူးပေါင်းဆောင်ရွက်မှုရှိသော ပင်လယ်အဖြစ် တည်ဆောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တတိယအနေဖြင့် စည်ပင်သာယာဝပျောသည့် မိသားစုဥယျာဉ်အား အတူတကွတည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
မိမိအနေဖြင့် မကြာသေးမီက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်သည် အာဆီယံနိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်နှင့်ကိုက်ညီသလို “၂၀၂၅ ခုနှစ် အာဆီယံအေးတူပူအမျှအသိုက်အဝန်း မျှော်မှန်းချက်”သဘောတူညီချက်အား ပို၍ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ရှေ့ ၃ နှစ် တာကာလအတွင်း အာဆီယံနိုင်ငံများ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေးအတွက် အာဆီယံသို့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအထောက်အပံ့ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံပံ့ပိုးပေးလိုကြောင်း ၊ တရုတ်နိုင်ငံသည် အာဆီယံနှင့်အတူ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားကာ တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတကွန်ရက်တည်ဆောက်မှုကို အားပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ခြင်း၊ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားလိုကြောင်း ၊ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ တည်ဆောက်ခြင်းအား စောလျဉ်းစွာစတင်ပြီး ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လွတ်လပ်အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအဆင့်အား မြှင့်တင်၍ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးစသည့် ကဏ္ဍသစ်ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ ကုန်သွယ်စီးပွား ဆန်းသစ်ဖွံ့ဖြိုးရေး သရုပ်ပြဇုန်ကို အတူတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဧရာမကြီးမားသည့် ဈေးကွက်ကြီးရှိရာ အာဆီယံနိုင်ငံများအတွက် အစဉ်တံခါးဖွင့်ထားပါကြောင်း၊ အာဆီယံနိုင်ငံများ၏ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများကို တင်သွင်းသွားလိုရာ လာမည့် ၅ နှစ်ကြာကာလတွင် အာဆီယံနိုင်ငံများမှ လယ်ယာထုတ်ကုန် ကန်ဒေါ်လာ ၁၅၀ ဘီလီယံအား တင်သွင်းခြင်းများ ပါဝင်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် အတူတကွတည်ဆောက်သွားမည်ဖြစ်ရာ BRI နိုင်ငံတကာစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်တက်ရေးသရုပ်ပြဇုန်များ တစ်ဆင့်တိုးတည်ဆောက်သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်လမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းသစ် တည်ဆောက်မှုတွင် အာဆီယံနိုင်ငံများ အတူပါဝင်ရန် ဖိတ်ခေါ်ကြောင်း ၊ တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ ဆန်းသစ် တီထွင်မှု မြှင့်တင်ခြင်းအစီအစဉ်ကို စတင်မည်ဖြစ်ရာ အာဆီယံအတွက် ခေတ်မီအသုံးတည့်နည်းပညာ ၁,၀၀၀ မျိုးအား ပံ့ပိုးသွားမည်ဖြစ်ပြီး လာမည့် ၅ နှစ်ကာလတွင် အာဆီယံလူငယ်သိပ္ပံပညာရှင် ၃၀၀ ကျော် ကို တရုတ်နိုင်ငံတွင်လာရောက်နှီးနွယ်ဖလှယ်နိုင်ရန် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ၊ ဒစ်ဂျစ်တယ် စီမံခန့်ခွဲရေး တွေ့ဆုံဆွေးနွေးမှု ၊ ဒီဂျစ်တယ်နည်းပညာဆန်းသစ်အသုံးပြုခြင်းအား နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းများပြုလုပ်ရန် အဆိုပြုကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် သာယာလှပသည့် မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ကြရမည်ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် အာဆီယံနှင့်အတူ ဥတုရာသီပြောင်းလဲရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားလိုရာ မူဝါဒဆွေးနွေးညှိနှိုင်းမှုနှင့်အတွေ့အကြုံဖလှယ်မှုများအား အားဖြည့်ဆောင်ရွက်ပြီး အစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား ချိတ်ဆက်သွားလိုကြောင်း ၊ ဒေသတွင်း ကာဗွန်လျော့နည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးရန်အတွက် အစိမ်းရောင်ဘဏ္ဍာရေးနှင့်အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံ လယ်ယာကဏ္ဍအစိမ်းရောင် ဖွံ့ဖြိုးရေးလှုပ်ရှားမှုအစီအစဉ်ကို စတင်လိုကြောင်း၊ တရုတ်-အာဆီယံ အဏ္ဏဝါသိပ္ပံနည်းပညာပူးတွဲသုတေသနစင်တာ၏လုပ်ဆောင်မှုများကို အားဖြည့်ဆောင်ရွက်ကာ အပြာရောင်စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအား တည်ဆောက်ပြီး အဏ္ဏဝါရေပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပဥ္စမအနေဖြင့် ချစ်ကြည်ရင်းနှီးသည့် မိသားစုဥယျာဉ် အတူတကွတည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ဆက်လက် ပြောကြားခဲ့သည်။
ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ လွတ်လပ်မှုသည် လူသားမျိုးနွယ်အားလုံး၏ တူညီသည့် စံတန်ဖိုးအား ထောက်ခံအားပေးရမည်ဖြစ်ရာ ကပ်ရောဂါနောက်ပိုင်းကာလ လူမှုအသွားအလာ စနစ်တကျ ပြန်လည်ကောင်းမွန်လာအောင် တက်ကြွစွာ စဉ်းစားရမည်ဖြစ်ရာ ယဉ်ကျေးမှု၊ ခရီးသွား၊ ပညာရှင်၊ မီဒီယာ၊ အမျိုးသမီးစသည့် ကဏ္ဍများ၏ နှီးနွယ်ဖလှယ်များအား ဆက်လက်တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ အသက်မွေးဝမ်းကျောင်းပညာရေး၊ ပညာရေးအပြန်အလှန်အသိအမှတ်ပြုခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုရာ တရုတ်-အာဆီယံ လူငယ်ခေါင်းဆောင်များ ပညာသင်ဆုအား ထပ်တိုးဆောင်ရွက်သွားလိုကြောင်း ၊ လာမည့်နှစ်တွင် မိမိတို့နိုင်ငံ၌ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်နှင့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲများကို ကြိုဆိုကျင်းပမည်ဖြစ်ရာ အာဆီယံနိုင်ငံအသီးသီးနှင့်အတူ အားကစားကဏ္ဍ ပူးပေါင်းဖလှယ်ဆောင်ရွက်မှုများအား ထဲထဲဝင်ဝင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မိန့်ခွန်းနိဂုံးချုပ်တွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံတွင် “လောကပါလတရားကို အခြေခံသည့်ဆောင်ရွက်မှုက ရလဒ်ကောင်းရရှိမည်ဖြစ်ပြီး ပြည်သူကိုအခြေပြုသည့် ဆောင်ရွက်မှုသည် အောင်မြင်မည်သာဖြစ်သည်”ဟူသော ရှေးလူကြီးများ၏ ဆိုရိုးစကားရှိကြောင်း ဆိုသည်။

မိမိတို့အနေဖြင့် ပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ခြင်း သမိုင်းတာဝန်ကို ပုခုံးထက်တွင်ထမ်းကာ လက်တွဲအတူရှေ့ဆက်ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးတူပူအမျှအသိုက်အဝန်းကို ပို၍ တည်ဆောက်ကာ ပိုမိုစည်ပင်သာယာဝပျောသည့် ဒေသနှင့်ကမ္ဘာကြီးကို အတူတည်ဆောက်သွားကြပါစို့ဟူ၍ အလေးထားတိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံ ဘုရင် Sultan Hassanalက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Ismail Sabri Yaakob၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterte၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်Pham Minh Chinhနှင့် အာဆီယံအတွင်းရေးမှူးချုပ်Lim Jock Hoiတို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံအသီးသီး ခေါင်းဆောင်များက အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အား ဂုဏ်ပြုကြောင်းနှင့် တရုတ်နိုင်ငံ၏ ဘက်စုံ အတော်အသင့်ပြည့်စုံသည့်လူမှုအဖွဲ့အစည်းတည်ဆောက်နိုင်မှုစသည့် ထူးခြားရလဒ်များအား ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြသည်။

အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်ကာလတွင် နှစ်ဖက်ကြား ဘက်စုံလက်တွေ့ကျမှုအရှိဆုံး၊ အပြန်အလှန်ဘုံအကျိုးဖြစ်ထွန်းမှုအရှိဆုံး မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တိုးတက်လာခဲ့ပြီဖြစ်ရာ အာဆီယံ အေးတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် အားကောင်းသည့် မြှင့်တင်မှုနှင့် နှစ်ဖက်ပြည်သူများ၏ လက်တွေ့ကျသည့်အကျိုးကျေးဇူးများကို ဆောင်ကျဉ်းမှုရှိခဲ့ပါကြောင်း ၊ အာဆီယံ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ကပ်ရောဂါအလွန်ကာလ စီးပွားရေး ပြန်လည်ရှင်သန်မှု မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံက ဦးစွာ အားကောင်းသည့်အထောက်အပံ့ပြုခြင်းအား အာဆီယံအနေဖြင့် တန်ဖိုးထားကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အာဆီယံအနေဖြင့် တရုတ်နိုင်ငံမှအဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုကို ကြိုဆိုပါကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုနှင့်”၂၀၂၅ ခုနှစ် အာဆီယံအပြန်အလှန်ချိတ်ဆက်ရေး စီမံချက်(MPAC)”ချိတ်ဆက်မှုကို တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားလိုပြီး ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို တစ်ဆင့်တိုးချဲ့ကာ ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်၍ လူမှုယဉ်ကျေးမှုဖလှယ်ရေးများအား အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ကြသည်။

အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံ ဝါဒ၊ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်နှင့် အများအသိအမှတ်ပြုလက်ခံသည် နိုင်ငံတကာ ဥပဒေစည်းမျဉ်းများကို အတူကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၊ ဒေသတွင်းစီးပွားရေး တစ်သားတည်းဖြစ်အောင် လက်တွဲမြှင့်တင်ဆောင်ရွက်ကာ ဥတုရာသီပြောင်းလဲခြင်းစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရင်း အစိမ်းရောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အာဆီယံနှင့်တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တရားဝင် ထူထောင်ခြင်းသည် အရေးကြီးသည့် သမိုင်းအနက်အဓိပ္ပါယ်ဖော်ဆောင်သော မှတ်ကျောက်တိုင်ဖြစ်ပါကြောင်း ၊ အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုရာ ဘက်စုံထောင့်စုံပူးပေါင်းဆောင်ရွက်မှုများအား အရှိန်မြှင့်တင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနှင့်တရုတ် ဆက်ဆံရေး ပိုမိုသာယာလှပသည့် နှစ် ၃၀ အား ကြိုဆိုသွားမည်ဖြစ်ကြောင်း ၊ ဒေသတွင် တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်ဝပျောရေးအတွက် ပိုမိုကြီးမားသည့်အကျိုးကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း ၊ ပေကျင်းဆောင်းရာသီအိုလံပစ်အပြည့်အဝအောင်မြင်ပါစေကြောင်း အကြိုဆုမွန်ကောင်းပြုလိုက်ပါကြောင်း အာဆီယံနိုင်ငံခေါင်းဆောင်အသီးသီးက ပြောကြားခဲ့ကြသည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် “တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်”ကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

တင်းရွှယ်ရှန်၊ ယန်ကျဲချီ၊ ဝမ်ရိနှင့် ဟဲလိဖုန်းတို့က ယင်းထိပ်သီးဆွေးနွေးပွဲအား ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
(外事)习近平出席并主持中国-东盟建立对话关系30周年纪念峰会  正式宣布建立中国东盟全面战略伙伴关系
2021-11-22 14:37:24
新华社北京11月22日电(记者杨依军)国家主席习近平22日上午在北京以视频方式出席并主持中国-东盟建立对话关系30周年纪念峰会。中国东盟正式宣布建立中国东盟全面战略伙伴关系。
习近平发表题为《命运与共 共建家园》的重要讲话。(讲话全文另发)
习近平指出,中国东盟建立对话关系30年来,走过了不平凡的历程。这30年,是经济全球化深入发展、国际格局深刻演变的30年,是中国和东盟把握时代机遇、实现双方关系跨越式发展的30年。我们摆脱冷战阴霾,共同维护地区稳定。我们引领东亚经济一体化,促进共同发展繁荣,让20多亿民众过上了更好生活。我们走出一条睦邻友好、合作共赢的光明大道,迈向日益紧密的命运共同体,为推动人类进步事业作出了重要贡献。
习近平强调,今天,我们正式宣布建立中国东盟全面战略伙伴关系。这是双方关系史上新的里程碑,将为地区和世界和平稳定、繁荣发展注入新的动力。
习近平指出,30年来中国东盟合作的成就,得益于双方地缘相近、人文相通得天独厚的条件,更离不开我们积极顺应时代发展潮流,作出正确历史选择。
一是相互尊重,坚守国际关系基本准则。平等相待、和合与共是我们的共同诉求。我们率先倡导和平共处五项原则和“万隆精神”,中国在东盟对话伙伴中最先加入《东南亚友好合作条约》。我们照顾彼此重大关切,尊重各自发展路径,以真诚沟通增进理解和信任,以求同存异妥处分歧和问题,共同维护和弘扬亚洲价值观。
二是合作共赢,走和平发展道路。实现国家安定和人民幸福是我们的共同目标。我们坚定维护地区和平稳定,始终聚焦发展主题,率先建立自由贸易区,高质量共建“一带一路”,共同推动签署《区域全面经济伙伴关系协定》,促进了地区融合发展和人民福祉。
三是守望相助,践行亲诚惠容理念。互帮互助是我们的共同传统。我们像亲戚一样常来常往,重情义,讲信义,遇到喜事共庆贺,遇到难事互帮衬。通过携手应对亚洲金融危机、国际金融危机、新冠肺炎疫情等挑战,强化了命运共同体意识。
四是包容互鉴,共建开放的区域主义。多元包容是我们的共同基因。我们从东亚文明中汲取智慧,以开放理念引领地区经济一体化,以平等协商推进东盟主导的地区合作,以包容心态构建开放而非排他的朋友圈,落实了共商共建共享原则。
习近平指出,30年的宝贵经验是中国和东盟的共同财富,为双方发展全面战略伙伴关系奠定了基础、提供了遵循。我们要倍加珍惜、长久坚持,并在新的实践中不断丰富和发展。
习近平指出,“路遥知马力,日久见人心。”中国过去是、现在是、将来也永远是东盟的好邻居、好朋友、好伙伴。中方将坚定不移以东盟为周边外交优先方向,坚定不移支持东盟团结和东盟共同体建设,坚定不移支持东盟在区域架构中的中心地位,坚定不移支持东盟在地区和国际事务中发挥更大作用。
习近平指出,不久前,中国共产党召开了十九届六中全会,全面总结了中国共产党的百年奋斗重大成就和历史经验,中国人民正满怀信心在全面建设社会主义现代化国家新征程上前行。中国发展将为地区和世界提供更多机遇、注入强劲动力。中国愿同东盟把握大势、排除干扰、同享机遇、共创繁荣,把全面战略伙伴关系落到实处,朝着构建更为紧密的中国-东盟命运共同体迈出新的步伐。
习近平就未来的中国东盟关系提出5点建议。
第一,共建和平家园。和平是我们最大的共同利益,也是各国人民最大的共同期盼。我们要做地区和平的建设者和守护者,坚持对话不对抗、结伴不结盟,携手应对威胁破坏和平的各种负面因素。要践行真正的多边主义,坚持国际和地区的事大家商量着办。中方坚决反对霸权主义和强权政治,愿同周边邻国长期友好相处,共同维护地区持久和平。中方支持东盟建设无核武器区的努力,愿尽早签署《东南亚无核武器区条约》议定书。
第二,共建安宁家园。新冠肺炎疫情再次证明,世界上不存在绝对安全的孤岛,普遍安全才是真正的安全。中方愿启动“中国东盟健康之盾”合作倡议:包括再向东盟国家提供1.5亿剂新冠疫苗无偿援助;再向东盟抗疫基金追加500万美元,加大疫苗联合生产和技术转让,开展关键药物研发合作;帮助东盟加强基层公共卫生体系建设和人才培养。要坚持共同、综合、合作、可持续的安全观,深化防务、反恐、海上联合搜救和演练、打击跨国犯罪、灾害管理等领域合作。要共同维护南海稳定,把南海建成和平之海、友谊之海、合作之海。
第三,共建繁荣家园。我不久前提出的全球发展倡议契合东盟各国发展需要,可以与《东盟共同体愿景2025》协同增效。中方愿在未来3年再向东盟提供15亿美元发展援助,用于东盟国家抗疫和恢复经济。中方愿同东盟开展国际发展合作,支持建立中国-东盟发展知识网络,加强减贫领域交流合作,促进均衡包容发展。尽早启动中国东盟自由贸易区3.0版建设,提升贸易和投资自由化便利化水平,拓展数字经济、绿色经济等新领域合作,共建经贸创新发展示范园区。中国愿进口更多东盟国家优质产品,包括在未来5年力争从东盟进口1500亿美元农产品。要高质量共建“一带一路”,进一步打造“一带一路”国际产能合作高质量发展示范区,欢迎东盟国家参与共建国际陆海贸易新通道。中方将启动科技创新提升计划,向东盟提供1000项先进适用技术,未来5年支持300名东盟青年科学家来华交流。倡议开展数字治理对话,深化数字技术创新应用。
第四,共建美丽家园。中方愿同东盟开展应对气候变化对话,加强政策沟通和经验分享,对接可持续发展规划。要共同推动区域能源转型,探讨建立清洁能源合作中心,加强可再生能源技术分享。要加强绿色金融和绿色投资合作,为地区低碳可持续发展提供支撑。中方愿发起中国东盟农业绿色发展行动计划。增强中国-东盟国家海洋科技联合研发中心活力,构建蓝色经济伙伴关系,促进海洋可持续发展。
第五,共建友好家园。要倡导和平、发展、公平、正义、民主、自由的全人类共同价值,积极考虑疫后有序恢复人员往来,继续推进文化、旅游、智库、媒体、妇女等领域交流。中方愿同东盟加强职业教育、学历互认等合作,增加中国-东盟菁英奖学金名额。明年,我们将相继迎来北京冬奥会和杭州亚运会,中方愿以此为契机,深化同东盟各国的体育交流合作。
习近平最后强调,中国古人说:“谋度于义者必得,事因于民者必成。”让我们把人民对美好生活的向往放在心头,把维护和平、促进发展的时代使命扛在肩上,携手前行,接续奋斗,构建更为紧密的中国-东盟命运共同体,共创更加繁荣美好的地区和世界!
东盟轮值主席国文莱苏丹哈桑纳尔共同主持峰会。柬埔寨首相洪森、印度尼西亚总统佐科、老挝国家主席通伦、马来西亚总理伊斯迈尔、菲律宾总统杜特尔特、新加坡总理李显龙、泰国总理巴育、越南总理范明政与会。东盟秘书长林玉辉出席。
东盟各国领导人感谢中方主持召开东盟-中国建立对话关系30周年纪念峰会,祝贺中国共产党百年华诞,并取得全面建成小康社会等非凡成就。他们表示,东盟中国建立对话关系30年来,双方已经发展成为最全面、最具实质内涵、最为互利共赢的战略伙伴,有力促进了东盟共同体建设,为双方人民带来实实在在的好处。东盟赞赏并感谢中方率先为东盟抗击新冠肺炎疫情、促进疫后经济复苏提供有力支持。东盟欢迎中方提出的全球发展倡议,愿同中方加快对接“一带一路”倡议和《东盟互联互通总体规划2025》,进一步释放合作潜能,深化各领域务实合作,加强人文交流。东盟国家愿同中方共同维护多边主义、多边贸易体制以及公认的国际法原则,携手促进区域经济一体化,共同应对气候变化等全球性挑战,实现绿色可持续发展。东盟各国领导人表示,东盟和中国正式建立全面战略伙伴关系是双方关系中具有重要历史意义的里程碑,东盟愿同中方共同努力,加强推进全方位合作,迎接东盟和中国关系更加美好的30年,为地区和平、稳定和繁荣作出更大贡献。预祝北京冬奥会取得圆满成功。
峰会通过《中国-东盟建立对话关系30周年纪念峰会联合声明》。
丁薛祥、杨洁篪、王毅、何立峰参加峰会。(完)