Connect with us

Science & Technology

တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းက အာကာသနည်းပညာ”စွမ်းအင်သစ်” ကို ပျိုးထောင်ရာတွင် အရေးကြီးသော အောင်မြင်မှုရရှိ

ဝူဟန့်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းသည် အာကာသနည်းပညာ”စွမ်းအင်သစ်” ကို ပျိုးထောင်ရာတွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။လက်ရှိတွင် တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ တီထွင်ထားသည့် Kuaizhou သယ်ဆောင်ရေး ဒုံးပျံသည် လွှတ်တင်ရေးမစ်ရှင်ကို ၁၂ ကြိမ် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဂြိုဟ်တု ၂၂ လုံးကို သတ်မှတ်ဂြိုလ်ပတ်လမ်းသို့ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်း၏ တာဝန်ခံ ပုဂ္ဂိုလ်က နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသော တရုတ် (နိုင်ငံတကာ) စီးပွားရေး အာကာသနည်း ပညာဆိုင်ရာ ထိပ်သီးဖိုရမ်တွင် မိတ်ဆက်ခဲ့သည်။

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်သည့် ဂြိုလ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းတွင် တရုတ်အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းသည် ကမ္ဘာ့အကျယ်ဆုံး အချင်းနှင့် တရုတ်နိုင်ငံတွင် တွန်းအားအကြီးဆုံး ဒုံးပျံလွှတ်တင်ရေးအင်ဂျင် စမ်းသပ်မှုအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း၊ အကြီးစား သယ်ဆောင်ရေး ဒုံးပျံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ Liquid rocket ramjet ပေါင်းစပ်အင်ဂျင်၏ မော်ဒန်ပြောင်းလဲခြင်း ပျံသန်းမှု စိစစ်ခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အာကာသပျံသန်းမှုဆိုင်ရာ နည်းပညာတွင် ကြီးမားသော အောင်မြင်မှုရရှိခဲ့သည်။

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်သည့် ဂြိုလ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

အာကာသထဲ ရောက်ရှိနေသော တရုတ်နိုင်ငံမှ လွှတ်တင်သည့် ဂြိုလ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးကဏ္ဍတွင် အာကာသစွမ်းအင်နည်းပညာကို ပိုမိုအသုံးချနိုင်စေရန်အတွက် ယင်းအဖွဲ့သည် Magnetic levitation ဆိုင်ရာ အဓိကနည်းပညာများ သုတေသနပြုလုပ်ခြင်း၊ မြန်နှုန်းမြင့်လျှပ်စစ်သံလိုက်တွန်းကန်အား စသည့် အဓိကအာကာသနည်းပညာဆိုင်ရာအောင်မြင်မှု အသွင်ပြောင်းလဲခြင်းအပေါ် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

(科技)航天科工集团培育航天“新动力”取得重要进展

2021-11-26 12:28:47 分类: 科学技术
新华社武汉11月26日电(记者谭元斌、胡喆)中国航天科工集团有限公司培育航天“新动力”取得系列重要进展。
航天科工集团相关负责人25日在第七届中国(国际)商业航天高峰论坛上介绍说,目前,由航天科工集团研制的快舟系列固体运载火箭已圆满完成12次发射任务,成功将22颗卫星送入预定轨道。

同时,航天科工集团首次圆满完成了世界上直径最大、国内推力最大的固体发动机试车试验,开辟了大型运载火箭发展新路径;首次圆满完成了液体火箭冲压组合发动机模态转换飞行验证,实现了空天飞行组合动力技术重大突破。
为促进航天动力技术在国民经济领域得到更多应用,该企业还加快磁悬浮关键技术攻关,着力推动高速电磁推进等重大航天成果转化。 (完)