Connect with us

Politics, Law & Military

ဒီမိုကရေစီအလံကိုင်ဆောင်ပြီး ဒီမိုကရေစီနှင့်ဆန့်ကျင်သော အရာများ လုပ်ဆောင်ခြင်းကို တရုတ်က ဆန့်ကျင်ကြောင်း ဝမ်ရိ ပြောကြား

ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Sijaldo နှင့် နိုဝင်ဘာ ၂၅ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် အမေရိကန်နိုင်ငံ၏ မကြာသေးမီက စီစဉ်သည့် အမည်ခံ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးအပေါ် လေးနက်သော ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။အမေရိကန်နိုင်ငံသည် ဒီမိုကရေစီအလံကိုင်ဆောင်ပြီး ဒီမိုကရေစီနှင့်ဆန့်ကျင်သောအရာများ လုပ်ဆောင်နေကြောင်း၊ ဤလုပ်ရပ်သည် နိုင်ငံအများအပြားတွင် သံသယနှင့် မကျေနပ်မှုများ ဖြစ်စေခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဒီမိုကရေစီကို ပုဂ္ဂလိကပိုင်အသွင် မပြုလုပ်သင့်ကြောင်း၊ ဒီမိုကရေစီသည် နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံအနည်းငယ်၏ ကိုယ်ကျိုးစီးပွားမဟုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီဟုတ်မဟုတ်ကို ထိုနိုင်ငံ၏ပြည်သူများသာ ဆုံးဖြတ်နိုင်ကြောင်း၊ အခြားနိုင်ငံမှ ဝင်ရောက်စွက်ဖက် စီရင်ဆုံးဖြတ်၍ မသင့်ကြောင်း၊ အကယ်၍ အမေရိကန်သည် မိမိအကြိုက်နှင့်သာ နိုင်ငံအသီးသီး၏ ဒီမိုကရေစီကျင့်သုံးခြင်း မှန်မမှန်ကို စီရင်ဆုံးဖြတ်ပါက ကမ္ဘာတွင် လက်ဝါးကြီးအုပ်ခြယ်လှယ်ခြင်း၊ ကွဲလွဲမှု ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဒီမိုကရေစီကို တံဆိပ်ကပ်ခြင်းအသွင် မပြုသင့်ကြောင်း၊ ဒီမိုကရေစီကို အကောင်အထည်ဖော်ရာတွင် နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ အမျိုးသားအခြေအနေ၊ ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ တိကျစွာတွန်းအားပေး အကောင်အထည်ဖော်သင့်ကြောင်း၊ ဒီမိုကရေစီစံနှုန်းကိုတိုင်းတာရာတွင် နိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်များ၊လုံလောက်သော ပူးပေါင်းပါဝင်မှု၊ ကျေနပ်မှု စသည့်အချက်များပေါ် မူတည်သင့်ကြောင်း၊ အမေရိကန်က မေးခွန်းလွှာထုတ်ပြီး နိုင်ငံအသီးသီးဖြေဆိုကာ နောက်ဆုံးအမေရိကန်က အမှတ်ပေးခြင်းက မဖြစ်သင့်ကြောင်း၊ အမေရိကန်၏ စံနှုန်းဖြင့်သာ နိုင်ငံအသီးသီး၏ ဒီမိုကရေစီ အရည်အသွေးကို တိုင်းတာခြင်းသည် စစ်မှန်သော ဒီမိုကရေစီ မဟုတ်သလို ဒီမိုကရေစီ စိတ်ဓာတ်ကို ကျောခိုင်းခြင်းပင်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

ဒီမိုကရေစီကို နိုင်ငံရေးအသွင် မပြုသင့်ကြောင်း၊ ဒီမိုကရေစီအမည်ခံဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်များကို ထမ်းဆောင်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ပယ်ချဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ “ထိုင်ဝမ်လွတ်လပ်ရေး” ကို မထောက်ခံကြောင်း အမေရိကန်က ဆိုပြီး ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုများအတွက် နိုင်ငံတကာဇာတ်ခုံကို ပံ့ပိုးပေးခြင်းသည် ၎င်းတို့၏အဆိုကို မယုံကြည်နိုင်ဖွယ်ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အထွတ်အမြတ်ထားရာ နယ်မြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန်လက်ထဲမှ အသုံးချနိုင်သည့် နိုင်ငံရေးလက်နက် မဟုတ်ကြောင်း၊ ဒီမိုကရေစီသည် နိုင်ငံအသီးသီးမှ ပြည်သူများ၏ ဘုံတန်ဖိုးဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ လက်ဝါးကြီးအုပ် ခြယ်လှယ်သည့် နိုင်ငံရေးလက်နက်မဟုတ်ကြောင်း ဝမ်ရိက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် ကွဲလွဲခြင်းမဟုတ်သည့် စည်းလုံးညီညွတ်မှု၊ ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း၊ အထူးသဖြင့် နိုင်ငံကြီးအနေဖြင့် ဤကိစ္စတွင် အပျက်သဘောဆောင်သော နမူနာထက် စံနမူနာပြအခန်းကဏ္ဍမှ ပါဝင်ရန်လိုအပ်ပါကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

王毅:中方反对打着民主的旗号做反民主的事情

2021-11-26 12:35:06 分类: 政治法律

新华社杭州11月26日电(记者段菁菁、吴帅帅)11月25日,国务委员兼外长王毅在同匈牙利外长西雅尔多视频会晤时就美国近期策划举办所谓“民主峰会”表明严正立场。

王毅说,美方实质上是打着民主的旗号,做着反民主的事情。 美方此举已经引起很多国家疑虑甚至不满。
王毅表示,民主不应被“私有化”。 民主是各国人民的权利,而不是少数国家的私利。 一个国家是否民主,归根到底应该由这个国家的人民来评判,而不是由某个外国指手画脚、妄加判断。 美国如果只是根据自己的好恶来断定哪些国家民主,哪些国家不民主,实际上就是在世界上搞唯我独尊,制造分裂,这本身就不是民主。

民主不应被“标签化”。 如何实现民主,应由各国根据本国国情和民众的需求,具体加以推进和实践。 衡量民主的标准应该看是否符合本国人民的需要,是否使本国人民有足够的参与感、满足感、获得感。 而不是由美国出问卷,各国答题,美国来打分。 各国如果只能依据美国一国的尺度来衡量本国民主的好坏,实际上是对民主精神的背叛,更不是真民主。

民主不能被“政治化”。 以民主的名义,干涉别国内政,侵犯别国主权,服务自身的政治目的,这种做法更令人不齿,必须加以摒弃和反对。 美方声称不支持“台独”,却又堂而皇之为“台独”势力提供国际舞台,只能证明自身的言而无信。 台湾是中国神圣领土的一部分,不是美国手中可以利用的棋子。 民主是各国追求的共同价值,不是美国任意操弄的政治工具。
王毅强调,世界需要团结,而不是分裂;需要合作,而不是对抗。 大国尤其需要在这方面发挥表率作用,而不是做反面教员。 (完)