Connect with us

China

တရုတ် နှင့် အိန္ဒိယစစ်တပ်တို့က ၁၄ ကြိမ်မြောက် တပ်မှူးအဆင့် ဆွေးနွေးပွဲကျင်းပ

ရှင်းကျန်းဒေသရှိ နယ်စပ်ကာကွယ်ရေးတပ်ခွဲမှ တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်နေသည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နှင့် အိန္ဒိယစစ်တပ်များသည် ဇန်နဝါရီ ၁၄ ရက်က Moldo/Chushule တွေ့ဆုံဆွေးနွေးမှုကျင်းပရာနေရာ၏ တရုတ်နိုင်ငံဘက်ခြမ်းတွင် ၁၄ ကြိမ်မြောက် တပ်မှူးအဆင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း၊ နှစ်နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်-အိန္ဒိယနယ်စပ် အနောက်ဘက်ခြမ်းရှိ အမှန်တကယ်ထိန်းချုပ်မှုမျဉ်းတစ်လျှောက် နယ်မြေဒေသ၏ သက်ဆိုင်ရာပြဿနာများ ပြေလည်စေရန် ပွင့်လင်းမြင်သာပြီးနက်ရှိုင်းသော အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုကို လိုက်နာကာ ကျန်ပြဿနာများကို အမြန်ဆုံးဖြေရှင်းရန် နှစ်ဖက်သဘောတူခဲ့ကြောင်း၊ ယင်းက နှစ်နိုင်ငံ နယ်စပ် အနောက်ဘက်ခြမ်းဒေသကို တည်ငြိမ်အေးချမ်းစွာ ပြန်လည်ထူထောင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရေးတွင် အထောက်အကူပြုကြောင်း၊ နှစ်ဖက်စလုံးမှ လက်ရှိ အောင်မြင်မှုများကို ခိုင်မာစေရန် ဆက်လက် လုပ်ဆောင်ရေးနှင့် ဆောင်းရာသီ အပါအဝင် အနောက်ဘက်ခြမ်း လုံခြုံရေးနှင့် တည်ငြိမ်ရေး အခြေအနေကို ထိန်းသိမ်းရန် ထိရောက်သော အစီအမံများ ပြုလုပ်ရန်၊ စစ်ရေးနှင့် သံတမန်ရေးတွင် ဆက်သွယ်ဆွေးနွေးမှုများ ဆက်လက်ထားရှိရန် တွေ့ဆုံဆွေးနွေးမှုမှတဆင့် နှစ်ဖက်စလုံးမှ လက်ခံနိုင်သော ဖြေရှင်းချက်ကို ဆောလျင်စွာရရှိရန်နှင့် နှစ်ဖက်တပ်မှူးအဆင့် ဆွေးနွေးပွဲများ နောက်တစ်ကြိမ် အမြန်ဆုံးကျင်းပရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(军事)中印两军举行第十四轮军长级会谈
新华社北京1月14日电(记者张汨汨)记者从国防部获悉,中印两军1月12日在莫尔多/楚舒勒会晤点中方一侧举行第十四轮军长级会谈,两国国防、外交部门代表参加。
双方继续就推动中印边界西段实控线地区有关问题解决坦诚深入交换意见。双方同意遵照两国领导人指引,尽快解决剩余问题。双方表示,这将有助于恢复西段实控线地区的和平与安宁并促进双边关系。双方同意持续巩固已有成果,采取有效措施,保持西段地区包括冬季的局势安全稳定。双方同意继续保持军事和外交渠道沟通,通过对话协商尽快达成双方都能接受的解决方案。双方同意尽快举行下一轮军长级会谈。(完)
图说-2020年10月3日,驻守在“西陲第一哨”的新疆军区某边防团斯姆哈纳边防连官兵开展防区执勤战备演练 刘南松摄/本刊