Connect with us

Asia

တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံအပိုင်း ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုသတင်းအချက်အလက်စနစ် စမ်းသပ်မှု ပြီးမြောက်

တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းဘူတာရုံအတွင်းရှိ ရထား သတင်းအချက်အလက်ပြ ဖန်သားပြင်အား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်(LCRC/Handout via Xinhua)

ဗီယင်ကျန်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံအပိုင်း ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှု သတင်းအချက်အလက်စနစ် စမ်းသပ်မှုလုပ်ငန်းများ ပြီးခဲ့သည့်ရက်က အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ စမ်းသပ်မှုတွင် ရထားလမ်းကြောင်းတစ်လျှောက်ရှိ အသစ်တည်ဆောက်သည့် ဘူတာများအားလုံး၌ ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုသတ်မှတ်ချက်နှင့်ကိုက်ညီပြီး တရုတ်-လာအိုရထားလမ်း အရည်အသွေးမြင့် ဖွင့်လှစ်နိုင်ရေးအာမခံဖြစ်စေခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းဘူတာရုံ ခရီးသည်နားနေစောင့်ဆိုင်းရာခန်းမအား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်(LCRC/Handout via Xinhua)

တရုတ်-လာအို ရထားလမ်း ၏ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းဘူတာရုံ လက်မှတ်အရောင်းခန်းမအား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်(LCRC/Handout via Xinhua)

China Railway Construction Corporation (CRCC)က တာဝန်ယူတည်ဆောက်ပြီး China Railway Eryuan Engineering Groupက ဒီဇိုင်းရေးဆွဲသည့် ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုတွင် ရထားလက်မှတ်စနစ်၊ ဘူတာ၌စုစည်းစီမံခန့်ခွဲမှုပလက်ဖောင်း၊ အသံလွှင့်စနစ်၊ အထွေထွေပြသမှုစနစ်၊ ဗွီဒီယိုစောင့်ကြည့်ရေးစနစ် စသည်တို့ပါဝင်သည်။

ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုကြောင့် လာအိုနိုင်ငံ ဒေသများ၌ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ထပ်တိုးတင်းကျပ်လျက်ရှိရာ စမ်းသပ်မှုလုပ်ငန်းအတွက် အခက်အခဲရှိစေခဲ့ကြောင်း သိရသည်။ ထို့အတွက် စီမံကိန်းဌာနက သီးသန့် စမ်းသပ်မှုလုပ်ငန်း အစီအစဉ်ကို ရေးဆွဲပြီး အွန်းလိုင်းမှတစ်ဆင့် နည်းပညာအပိုင်းကို ညွှန်ကြားခဲ့ပြသခဲ့ကာ ဗီယင်ကျန်းကြီးကြပ်ညွှန်ကြားမှုစင်တာကို အဓိကထား၍ ဘူတာရုံအသီးသီး၏ပါဝင်မှု၊ စိစစ်စမ်းသပ်သူနှင့်လုပ်ငန်းခွင်ဝန်ထမ်းများက ဗီဒီယိုဖြင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ စမ်းသပ်မှုလုပ်ငန်းအား ကောင်းမွန်ထိရောက်အောင် မြင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-လာအိုရထားလမ်း ၏ လာအိုနိုင်ငံအပိုင်း ဘူတာရုံ ၁၀ ခုရှိ ခရီးသည်ဝန်ဆောင်မှု စက်ပစ္စည်းကိရိယာများ လျှပ်စစ်ဖြင့် စမ်းသပ်လည်ပတ်ပြီး ဖြစ်သလို ခရီးသည်ပို့ဆောင်ရေးဝန်ထမ်းများအား လမ်းကြောင်းတစ်လျှောက်ရှိ ဘူတာများတွင် စီစဉ်ရောက်ရှိနေပြီဖြစ်ကြောင်း၊ အချို့စနစ်များကို အသေးစိတ် စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြေးဆွဲနိုင်ရန်အတွက် ဘက်စုံ အသင့်ပြင်ထားကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
(财经)中老铁路老挝段客运服务信息系统调试完成
2021-11-21 18:19:53
新华社万象11月21日电(记者章建华)中老铁路老挝段客运服务信息系统工程日前调试完成,全线10座新建客运站全部具备客运服务条件,为中老铁路高质量开通提供保障。
由中国铁建电气化局承建、中铁二院设计的客运服务系统主要包括客票系统、车站集成管理平台、客运广播系统、综合显示系统、视频监控系统等。
受新冠疫情影响,老挝当地的防疫措施增加了调试工作的难度。为此,项目部制定专项调试施工方案,进行线上技术交底,采取以万象调度指挥中心为主、各车站配合,调试人员与施工人员视频连线、多地联动的方法,提高了调试效率。
目前,中老铁路老挝段全线10个车站的旅客服务设备已全部带电试运行,客运人员已入驻沿线车站,部分系统正在进行精调工作,为今年12月开通运营做好全面准备。(完)

图说1:这是11月20日在中老铁路老挝首都万象火车站内拍摄的乘车信息显示屏。新华社发(老中铁路公司供图)
图说2:这是11月20日拍摄的中老铁路老挝首都万象火车站候车大厅。 新华社发(老中铁路公司供图)
图说3:这是11月20日拍摄的中老铁路老挝首都万象火车站售票大厅。新华社发(老中铁路公司供图)