Connect with us

China

တရုတ်-လာအို ရထားလမ်း ကုန်စည်ပို့ဆောင်မှု တည်ငြိမ်စွာ တိုးတက်လျက်ရှိ၊ ကုန်ပစ္စည်းပို့ဆောင်မှု တန်ချိန် ၅၀,၀၀၀ ကျော် ရှိပြီဖြစ်

တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟဲပေဒေသမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်မည့် ပထမဆုံး “တရုတ်-လာအို-(ထိုင်း)နိုင်ငံတကာ ရထားကြီး” ရှီကျားကျွမ်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ဒီဇင်ဘာ ၂၁ ရက်အထိ ဆိုလျှင် တရုတ်-လာအို ရထားလမ်းတွင် မောင်းနှင်သွားလာသည့် ကုန်ရထားအစီးရေ ၂၀၃ စီးရှိပြီဖြစ်ကာ ကုန်စည်ပို့ဆောင်မှု တန်ချိန် ၅၀,၀၀၀ကျော် ဖြင့် တည်ငြိမ်စွာ တိုးတက်မှုရှိနေကြောင်း China Railway Kunming Group Co.,Ltd.၏သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟဲပေဒေသမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်မည့် ပထမဆုံး “တရုတ်-လာအို-(ထိုင်း)နိုင်ငံတကာ ရထားကြီး” ရှီကျားကျွမ်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟဲပေဒေသမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်မည့် ပထမဆုံး “တရုတ်-လာအို-(ထိုင်း)နိုင်ငံတကာ ရထားကြီး” ရှီကျားကျွမ်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟဲပေဒေသမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်မည့် ပထမဆုံး “တရုတ်-လာအို-(ထိုင်း)နိုင်ငံတကာ ရထားကြီး” ရှီကျားကျွမ်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြီးနောက် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများအကြား ကုန်စည်ပို့ဆောင်မှုသည် ပို၍အဆင်ပြေလွယ်ကူမှုရှိလာခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်အထိ တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံအပိုင်း စုစုပေါင်း ကုန်စည်ပို့ဆောင်မှုပမာဏ ၂၈,၀၀၀ ကျော်ရှိပြီး လာအိုနိုင်ငံအပိုင်းတွင် ၂၂,၀၀၀ ကျော် ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်မှစ၍ ကူမင်းဘူတာမှ ပထမဆုံး တရုတ်-လာအိုရထားလမ်း နိုင်ငံတကာ ကုန်ရထား ထွက်ခွာခဲ့ပြီးနောက် ဆန်းတုန်းပြည်နယ်စသည့် ဒေသများကလည်း တရုတ်-လာအိုရထားလမ်းအား အမှီပြု၍ နိုင်ငံတကာကုန်ရထားများ ဆက်တိုက်ဆိုသလို သွားလာမှုများရှိခဲ့သည်။ လက်ရှိ မောင်းနှင်သွားလာသည့် ကုန်ရထား ၂၀၃ စီးတွင် နိုင်ငံတကာကုန်ရထား ၄၇ စီးရှိသည်။ စာရင်းများအရ သွင်းကုန်ပစ္စည်းများတွင် အဓိကအားဖြင့် သဘာဝ ရော်ဘာ စသည်တို့ပါဝင်ပြီး ပို့ကုန်အနေဖြင့် အဓိကအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ လျှပ်စစ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တရုတ်-လာအို ရထားလမ်း ခရီးသည် သယ်ယူပို့ဆောင်မှုပမာဏသည်လည်း အဆက်မပြတ် တိုးမြင့်လာသည်။ ခရီးသွားများ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် China Railway Kunming Group Co.,Ltd.က တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံအပိုင်း ရထားအစီးရေများကို တိုးချဲ့ ပြေးဆွဲခဲ့ရာတွင် ရထားလမ်းဖွင့်လှစ်သည့်ကနဦးကာလ အသွားအပြန် ၁၇.၅ ခေါက်စီ အသီးသီးရှိရာမှ ပြီးခဲ့သည့်အပတ်က အများဆုံးအဖြစ် ၃၁.၅ စီ ပြေးဆွဲခဲ့ကြောင်း၊ စစ်ဆောင်ပန်နားဘူတာ၌ ခရီးသွားအများဆုံးနေ့တွင် လူပေါင်း ၆,၀၀၀ ကျော် ရှိကြောင်းသိရသည်။ (Xinhua)
———————————-
(Chinese Version)
(经济)中老铁路货运稳步增长 发送货物超5万吨
2021-12-22 16:54:29
新华社昆明12月22日电(记者丁怡全)据中国铁路昆明局集团有限公司消息,截至12月21日,中老铁路累计开行货物列车203列,发送货物超5万吨,呈稳步增长态势。
中老铁路开通运营后,我国与老挝、泰国等国间货运更加便捷。截至21日,中老铁路中国段累计发送货物总量2.8万余吨;老挝段累计发送货物总量2.2万余吨。
自12月3日昆明站首发中老铁路国际货物列车后,山东等地依托中老铁路相继发出国际货物列车。目前开行的203列货物列车中,47列为国际货物列车。据统计,进口货物主要有天然橡胶等,出口货物主要有蔬菜、水果、机电产品。
与此同时,中老铁路客运量也节节攀升。为满足旅客出行需求,中国铁路昆明局集团有限公司持续增开中老铁路中国段列车,从开通初期的17.5对增加至上周最高31.5对,西双版纳站最高当日发送旅客突破6000人。(完)
图说1,2:12月22日,开往老挝万象的京津冀地区首班“中老(泰)国际班列”从石家庄国际陆港发车(无人机照片)。新华社记者 杨世尧 摄
图说3,4:12月22日,开往老挝万象的京津冀地区首班“中老(泰)国际班列”从石家庄国际陆港发车。新华社发(梁子栋 摄)