Connect with us

Politics, Law & Military

တရုတ်-အာဆီယံ ဆက်ဆံရေး အရည်အသွေး မြှင့်တင်ရေး တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ဆက်ဆံရေး အရည်အသွေးမြှင့်တင်ရန်နှင့် ပိုမိုနီးကပ်သော ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရန်၊ အာဆီယံနိုင်ငံများနှင့် အတူလက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းကြား ဆွေးနွေးဖက်နိုင်ငံ ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး သဘာပတိအဖြစ်လည်းဆောင်ရွက်မည်ဟု တရုတ်က ကြေညာခဲ့သောကြောင့် ယင်းအစည်းအဝေးအပေါ် တရုတ်အနေဖြင့် မည့်သို့မျှော်လင့်ထားသနည်းဟု နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ကျောက်လိကျန်းက အာဆီယံသည် တရုတ်နိုင်ငံ၏ နီးကပ်သော အိမ်နီးချင်းနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးကတည်းက နှစ်ဖက်အကြား ဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၎င်းတို့သည် အချင်းချင်း၏ အကြီးဆုံးကုန်သွယ်ဖက်များ၊ အတက်ကြွဆုံး မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်လာခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အနေဖြင့် ဤအထိမ်းအမှတ်ထိပ်သီးအစည်းအဝေးကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်ရာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွင် လေးနက်သော အရေးပါမှုကိုလည်း ထပ်မံ ထင်ဟပ်စေသည်။

“သမ္မတ ရှီကျင့်ဖိန်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုတွေနဲ့ အတွေ့အကြုံတွေကို အကျဉ်းချုပ်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစိတ်ပုံစံကို ရေးဆွဲကာ နှစ်ဘက် ဆက်ဆံရေး လမ်းစဉ်ကို ဦးဆောင်သွားမယ်” ဟု ကျောက်လိကျန်းက ပြောကြားခဲ့ပါတယ်။ အာဆီယံနိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊ နှစ်ဖက်အကြား ဆက်ဆံရေး အရည်အသွေးမြှင့်တင်ရန်၊ ပိုမိုနီးကပ်သော တရုတ်-အာဆီယံ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

………………………………………………
(Chinese Version)
外交部:期待推动中国—东盟关系提质升级

2021-11-19 22:29:38 分类: 政治法律

新华社北京11月19日电(记者潘洁、许可)外交部发言人赵立坚19日表示,中方期待同东盟各国一道,推动双方关系提质升级,构建更为紧密的中国—东盟命运共同体。
在当日例行记者会上,有记者问:中方发布了习近平主席将出席并主持中国—东盟建立对话关系30周年纪念峰会的消息,能否介绍中方对此次会议有何期待?
赵立坚说,东盟是中国的近邻和重要合作伙伴。 自1991年建立对话关系以来,双方关系实现快速发展,已互为最大规模的贸易伙伴、最具活力的合作伙伴、最富内涵的战略伙伴。 在建立对话关系30周年之际,双方决定专门举办此次纪念峰会,再次体现了对彼此关系的高度重视。
“习近平主席将同东盟国家领导人一道,共同总结中国东盟关系30年发展成就和经验,擘画未来发展蓝图,为双方关系引领航向。”他说,中方期待同东盟各国一道,继续携手合作,推动双方关系提质升级,构建更为紧密的中国—东盟命运共同体,促进地区和平稳定繁荣。 (完)