Connect with us

Asia

တာလီဘန်က အမေရိကန်ကို ဩဂုတ် ၃၁ ရက် မတိုင်မီ စစ်တပ်နှင့်လူပုဂ္ဂိုလ်အားလုံး ရုပ်သိမ်းရန် တောင်းဆို

ကဘူးလ်၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်အနေဖြင့် ဩဂုတ် ၃၁ ရက် မတိုင်မီ စစ်တပ်နှင့်လူပုဂ္ဂိုလ်အားလုံးကို ရုပ်သိမ်းသွားရမည်ဟု အာဖဂန်တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahidက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။အမေရိကန်တပ်များ လက်ရှိ အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်ကိုလေဆိပ်ကို ထိန်းချုပ်ထားကြောင်း၊ အမေရိကန်အနေဖြင့် စစ်တပ်၊ ကန်ထရိုက်တာနှင့် လူပုဂ္ဂိုလ်အားလုံးကို ဩဂုတ် ၃၁ ရက်မတိုင်မီ ရုပ်သိမ်းရမည်ဖြစ်ပြီး ယင်းကန့်သတ်ကာလကို ထပ်တိုးပေးမည်မဟုတ်ကြောင်း Mujahidက ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ထွက်ခွာရန် စောင့်ဆိုင်းနေသူများအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်ပြည်သူများ မိမိနိုင်ငံက ထွက်ခွာသွားသည်ကို မမြင်တွေ့လိုကြောင်း၊ အမေရိကန်အနေဖြင့် အာဖဂန်လူမျိုးများ ထွက်ခွာရန်အားပေးနေသည့် မူဝါဒကို ပြောင်းလဲသင့်ကြောင်း Mujahidက ဆိုသည်။ တစ်ချိန်တည်းမှာပင် ကဘူးလ်လေဆိပ်ပြင်ပတွင် စောင့်ဆိုင်းနေသည့် အာဖဂန်လူထုကို နေအိမ်ပြန်ကြရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏လုံခြုံရေးကို အာမခံပေးမည်ဟု ကတိပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ထွက်ခွာရန် စောင့်ဆိုင်းနေသူများအား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တာလီဘန်များက အမေရိကန်သံရုံးအပါအဝင် နိုင်ငံအသီးသီးသံရုံများနှင့် ထိတွေ့ဆက်ဆံနေပြီး သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ၊ကဘူးလ်အခြေစိုက် နိုင်ငံခြားသံရုံးများ ပိတ်သိမ်းခြင်း သို့မဟုတ် ရပ်နားခြင်း မပြုစေလိုကြောင်းနှင့် နိုင်ငံအသီးသီးသံတမန်အဖွဲ့၏ လုံခြုံရေးကို အာမခံဖို့ ကတိပြုကြောင်း Mujahidက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်ပြင်ပတွင် စုဝေးနေသူများအား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တာလီဘန်များက နိုင်ငံစီမံအုပ်ချုပ်ရေးအတွက် အဖွဲ့ဝင်(၁၂)ဦးပါဝင်သည့် ကောင်စီဖွဲ့စည်းထားကြောင်း၊ အဖွဲ့ဝင်များတွင် တာလီဘန် နိုင်ငံရေးကော်မတီ Mullah Abdul Ghani Baradar၊ တာလီဘန်အဖွဲ့ တည်ထောင်သူ Mullah Mohammad Omar၏သားကြီး Mullah Mohammad Yaqoob၊ တာလီဘန် အဆင့်မြင့်အဖွဲ့ဝင် Khalil Haqqaniနှင့် အာဖဂန်သမ္မတဟောင်း Hamid Karzai၊ အာဖဂန်အမျိုးသားပြန်လည်သင့်မြတ်ရေး အဆင့်မြင်ကောင်စီ ဥက္ကဋ္ဌ Abdullah၊ အာဖဂန် အစ္စလာမ်မစ်ပါတီခေါင်းဆောင် Gulbuddin Hekmatyarစသည်တို့ပါဝင်ကြောင်း Aryanသတင်းအေဂျင်စီက တာလီဘန် သတင်းအရင်းအမြစ် ကိုကိုးကား၍ အမေရိကန် foreign policyဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်ပြင်ပတွင် စုဝေးနေသူများအား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်အခြေစိုက် အမေရိကန်တပ်ဖွဲ့များကို မေ ၁ ရက်မှ စတင်ရုပ်သိမ်းမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မတိုင်မီ အပြီးရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။ ဩဂုတ် ၃၁ ရက်တွင် အာဖဂန်ရှိအမေရိကန်တပ်များ၏ စစ်ရေးတာဝန်ကို အဆုံးသတ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လတွင် ၎င်းက ထပ်မံကြေညာခဲ့သည်။ ဩဂုတ် ၁၅ ရက် ကဘူးလ်မြို့ကို တာလီဘန်များ ဝင်ရောက် ထိန်းချုပ်ခဲ့ပြီး အာဖဂန်စစ်ပွဲအဆုံးသတ်ကြောင်း ကြေညာခဲ့သည်။တာလီဘန်အနေဖြင့် အာဖဂန်တွင် အားလုံးလက်ခံပါဝင်နိုင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရန် စီစဉ်နေကြောင်း ဩဂုတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် Mujahidက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)塔利班要求美国8月31日前撤出所有军队和人员

新华社喀布尔8月24日电(法里德•贝赫巴德)阿富汗塔利班发言人扎比乌拉•穆贾希德24日表示,美国必须在8月31日前撤出所有军队和人员。
穆贾希德当天在记者会上说,美军目前控制着阿首都喀布尔机场,美国必须在8月31日前撤出所有军队、承包商和人员,这一期限不会延长。
穆贾希德表示,不希望看到阿富汗民众离开自己的国家,美国应改变鼓励阿富汗人离开的政策。他同时呼吁在喀布尔机场外等待的阿富汗民众回家,并承诺将保证他们的安全。

穆贾希德说,塔利班正在同包括美国使馆在内的各国使馆接触,以维持外交关系。他说,不希望驻喀布尔的外国使馆关闭或停止工作,并承诺将保证各国外交使团的安全。

另据阿富汗亚利安那新闻社报道,塔利班消息人士在接受美国《外交政策》杂志采访时说,塔利班将组建一个由12人组成的委员会管理国家,成员包括塔利班政治委员会负责人巴拉达尔、塔利班创始人奥马尔的长子穆罕默德•雅各布、塔利班高级成员哈利勒•拉赫曼•哈卡尼以及
阿富汗前总统卡尔扎伊、阿富汗民族和解高级委员会主席阿卜杜拉、阿富汗伊斯兰党领导人古勒卜丁•希克马蒂亚尔等人。

美国总统拜登今年4月宣布,驻阿美军5月1日开始撤离,9月11日前完全撤出。7月他又表示,美国在阿富汗的军事任务将于8月31日结束。8月15日,塔利班进入并控制喀布尔,宣布“阿富汗的战争已经结束”。8月17日,穆贾希德在记者会上表示,塔利班计划在阿富汗组建一个包容性政府。(参与记者:史先涛)(完)
图说1:这是8月22日外国军队士兵进入阿富汗喀布尔机场的资料照片。新华社发
图说2,3:这是8月16日人们聚集在阿富汗喀布尔机场内等待离开的资料照片。新华社发
图说4,5:8月22日,大批民众聚集在阿富汗喀布尔机场外。新华社发(拉赫马图拉•阿里扎达摄)