Connect with us

Asia

တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီကို လာမည့်နှစ် ဇွန်လတွင် ဖျက်သိမ်းမည်ဟု ဆို

တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

တိုကျို အိုလံပစ် အားကစားပွဲနှင့် မသန်စွမ်းသူများအိုလံပစ်အားကစားပွဲကျင်းပပြီးနောက် တိုကျိုအိုလံပစ်ကျင်းပရေးကော်တီ၏ ဝန်ထမ်းအရေအတွက်ကို အောက်တိုဘာလတွင် ဝန်ထမ်းအများဆုံး (၇,၀၀၀) ဦး ရှိရာမှ (၁,၁၀၀)ဦးထိ လျှော့ချသွားမည်ဖြစ်ကာ အိုလံပစ်ကျင်းပရေးကော်မတီတစ်ခုလုံးကို လာမည့်နှစ် ဇွန်လတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။The Nikkei သတင်းများအရ တိုကျိုအိုလံပစ်အားကစားပွဲနှင့် မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတွင် ငွေကြေးဆုံးရှုံးမှုရှိမည်ကို သိသော်လည်း အသေးစိတ်မည်မျှဆုံးရှုံးမှုရှိမည်ကိုမူ လာမည့်နှစ် ဧပြီလမှ အတိအကျ သိနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဆုံးရှုံးနစ်နာမှုပမာဏကို တွက်ဆ၍မရသေးကြောင်း တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ အမှုဆောင်အရာရှိချုပ် Toshiro Mutoက မသန်စွမ်းသူများအိုလံပစ်အားကစားပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပြိုင်ပွဲအတွင်းသို့ ပရိသတ်ဝင်ရောက်ကြည့်ရှုမှုတားမြစ်ထားရာ ဝင်ခွင့်လက်မှတ်တစ်ခုတည်းပင်လျှင် တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီ၏ ဆုံးရှုံးမှုသည် ကန်ဒေါ်လာ သန်း(၈၀၀)ထိ ရှိနိုင်ရာ ၎င်းမှာ ကော်မတီမူလအစီအစဉ်၏ ဝင်ငွေ (၁၀)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကပ်ရောဂါကာကွယ်ရေးနည်းလမ်းကြောင့် လူအင်အား၊ပစ္စည်းပမာဏ ပိုမို ထပ်တိုးခဲ့ရာ အသုံးစရိတ်ဘတ်ဂျက် အများအပြားတိုးလာခဲ့သည်။

တိုကျိုအိုလံပစ်အားကစားပွဲကို တစ်နှစ်ရွှေ့ဆိုင်းကျင်းပခဲ့ခြင်းကြောင့် ခန့်မှန်းသုံးငွေ ဘတ်ဂျက်သည် မူလက ဂျပန်ယန်းငွေ (၁.၃၅) ထရီလီယံ( အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့်)မှ  ဂျပန်ယန်းငွေ (၁.၆၄၄)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၈၂ ဘီလီယံခန့်)ထိ ထပ်တိုးကုန်ကျခဲ့သည်။  (Xinhua)

———————————————-

(体育)东京奥组委预计明年6月解散

新华社东京9月8日电(记者王子江)据日本媒体报道,东京奥运会和残奥会结束后,东京奥组委的员工将在10月份从最多时的7000人减少到大约1100人,整个奥组委预计在明年6月解散。  据《日经新闻》透露,尽管东京奥运会和残奥会总体上亏损已成定局,但具体亏损的金额是多少,还需要明年4月才能确定。东京奥组委首席执行官武藤敏郎在残奥会结束后也表示,现在无法推算亏损的规模。  由于禁止观众入场观看比赛,仅仅门票一项,东京奥组委的损失就可能达到8亿美元,约占奥组委原计划总收入的10%。另外,防疫措施也都增加了大量的人力物力,这也让预算大大增加。  东京奥运会延期一年使总预算由最初的1.35万亿日元(约合130亿美元)增加到1.644万亿日元(约合158.2亿美元)。(完)

图说1:8月8日,第32届夏季奥林匹克运动会正式闭幕。新华社记者薛玉斌摄