Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ရောဂါ ပြင်းထန်လူနာဦးရေ စံချိန်တင် မြင့်တက်လာ

ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၃,၁၈၇ ဦး ရှိရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဒုတိယအများဆုံးဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၄၀၂,၇၇၅ ဦး ထိရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယား ဗဟို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိ ကိုဗစ်ရောဂါ ပြင်းထန်လူနာ ဦးရေ ၅၂၂ ရှိပြီး ကပ်ရောဂါကာလ အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း သိရသည်။အစိုးရအနေဖြင့် လက်ရှိ ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို ထပ်မံတင်းကျပ်ရန် ယာယီအနေဖြင့် မစဉ်းစားသေးကြောင်း သိရသည်။

တောင်ကိုရီးယား ဗဟို အရေးပေါ်စီမံခန့်ခွဲရေးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဆိုးလ်မြို့တော်တွင် ကိုဗစ်ရောဂါ ပြင်းထန်လူနာကုတင်အသုံးပြုမှု ၈၀.၆ ရာခိုင်နှုန်းရှိပြီး Incheonနှင့်Gyeonggi မြို့တို့တွင် ၇၄.၇ ရာခိုင်နှုန်းနှင့် ၇၂.၂ ရာခိုင်နှုန်း အသီးသီးရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါပြင်းထန်လူနာ ကုတင် အသုံးပြုမှု ၆၂.၅ ရာခိုင်နှုန်းရှိသည်။

နိုင်ဝင်ဘာ ၁ ရက်မှစပြီး တောင်ကိုရီးယားတွင် “အဆင့်လိုက်ခွဲခြားပြီး ပုံမှန်နေထိုင်မှုများ ပြန်လည်စတင်ခြင်း”ရောဂါထိန်းချုပ်ရေးစနစ် စတင်ပြီးနောက် ကပ်ရောဂါ တစ်ကျော့ပြန်ခဲ့ခြင်း ဖြစ်ရာ လက်ရှိ ကိုဗစ်ရောဂါပြင်းထန်လူနာဦးရေးသည် ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်ဖြေလျော့မှုကာလတွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင်စသည့် အများပြည်သူ စုဝေးရာနေရာများ၏ ဖွင့်လှစ်မှုအချိန် ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး ဆိုးလ်၊ Incheon၊ Gyeonggiစသည့် မြို့တော်တစ်ဝိုက်ဒေသများ၏ လူစုဝေးမှုအရေအတွက်ကန့်သတ်ချက်ကို ၁၀ ဦးအထိဖြေလျော့ခဲ့ကြောင်း နှင့် မြို့တော်အနီးတစ်ဝိုက်မဟုတ်သည့် ဒေသများတွင် ၁၂ ဦးထိ ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။

အကယ်၍ ရောဂါပြင်းထန်လူနာကုတင်အသုံးပြုမှု ၇၅ ရာခိုင်နှုန်းကျော်လွန်ပါက အစိုးရအနေဖြင့် ပုံမှန်နေထိုင်မှုများကို ပြန်လည်ဆောင်ရွက်ခြင်းနည်းလမ်းအား ခေတ္တရပ်နားပြီး “အရေးပေါ်အစီအစဉ်”စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ဗဟို ကပ်ဘေးလုံခြုံရေးစီမံခန့်ခွဲမှုဌာန ပြီးခဲ့သည့်လကုန်ပိုင်းက အထက်ပါ ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။

ယခုကာလများတွင် ရောဂါပြင်းထန်လူနာတိုးပွားလာသည့် အဓိကအကြောင်းအရင်းမှာ အသက် ၆၀နှင့်အထက် လူအုပ်စုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာစသည့်နေရာများတွင် ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း တောင်ကိုရီးယား ဗဟို အရေးပေါ်စီမံခန့်ခွဲရေးဌာန လူမှုရေးမဟာဗျူဟာအဖွဲ့ အကြီးအကဲ Sun Young-raiက နိုင်ဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရောဂါထိန်းချုပ်ရေးဌာနက အားဖြည့်ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာများသို့ လာရောက်ကြည့်ရှုသူအရေအတွက် ကန့်သတ်ခြင်း၊ ယင်းလုပ်ငန်းများရှိ ဝန်ထမ်းများအား ထိန်းချုပ်စီမံခြင်းစသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိတွင် ကျန်းမာရေးစနစ်အင်အားကျန်ရှိနေသးရာ “အရေးပေါ်အစီအစဉ်”စတင်ရန် လတ်တလော မလိုအပ်သေးကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
韩国新冠重症病例数创新高

9月24日,人们在韩国京畿道河南市一家商场购物。(新华社记者 王婧嫱 摄)
新华社首尔11月17日电(记者杜白羽 孙一然)韩国中央防疫对策本部17日通报,截至当天零时,韩国过去24小时新增新冠确诊病例3187例,为疫情暴发以来第二高,累计确诊402775例。现有新冠重症患者达522例,为疫情以来最高纪录。政府表示暂不考虑收紧现行防疫措施。

据韩国中央应急处置本部17日数据,首都首尔的新冠重症病床使用率为80.6%,仁川和京畿道的重症病床使用率分别为74.7%和72.2%,全国范围内的新冠重症病床使用率为62.5%。

韩国自11月1日启动“分阶段恢复日常生活”防疫体系后,疫情出现反弹,现有新冠重症病例数连创新高。在第一阶段实施期间,餐厅、咖啡馆等大部分公众聚集场所的营业时间不再受限,首尔、仁川、京畿道等首都圈地区的私人聚会人数上限放宽至10人,非首都圈地区放宽至12人。

韩国中央灾难安全对策本部上月底发布上述防疫措施时表示,若重症病床使用率超过75%,政府将暂停恢复日常生活措施,启动“应急计划”。

韩国中央应急处置本部社会战略组组长孙映莱16日在记者会上表示,近期重症患者增多主要是因为60岁以上人群和疗养院等特定场所感染病例有所增加。防疫部门正在采取接种加强针、限制疗养院探望、加强从业人员管控等措施,目前医疗体系尚有余力,暂不需要启动“应急计划”。