Connect with us

International Organizations

တွန်ဂါနိုင်ငံသို့ တတိယအသုတ် အရေးပေါ်အထောက်အပံ့ပစ္စည်း ထပ်မံကူညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံအစိုးရမှ တွန်ဂါနိုင်ငံအား ပေးပို့သည့် အထောက်အပံ့ပစ္စည်းများကို တင်ဆောင်မောင်းနှင်မည့် သင်္ဘောသားများအား ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ပေါ်က ကပ်ရောဂါကာကွယ်ရေးလက်ဆောင်အိတ်များ ပေးအပ်နေသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက တွန်ဂါနိုင်ငံ၏ ကပ်ဘေးအခြေအနေကို အထူးဂရုပြုကြောင်း၊ ယခင်အကူအညီများပေါ်တွင် အခြေခံကာ နောက်ထပ် တတိယအသုတ် အရေးပေါ်အထောက်အပံ့ပစ္စည်းများ ကူညီပေးသွားရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇန်နဝါရီ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ တွန်ဂါနိုင်ငံအား ပေးပို့သည့် အထောက်အပံ့ပစ္စည်းများကို တင်ဆောင်ထားသော ငါးဖမ်းသင်္ဘောသည် ဖီဂျီနိုင်ငံ ဆူဖာမြို့မှ စတင်ထွက်ခွာသွားသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ တွန်ဂါနိုင်ငံအား ပေးပို့သည့် အထောက်အပံ့ပစ္စည်းများကို တင်ဆောင်ထားသော ငါးဖမ်းသင်္ဘောသည် ဖီဂျီနိုင်ငံ ဆူဖာမြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါ၏ကပ်ဘေးအခြေအနေကို တရုတ်နိုင်ငံက အစဉ် အထူးဂရုစိုက်ပြုရာ နည်းလမ်းအသွယ်သွယ်ဖြင့် ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း ကျောက်လိကျန်းက ဆိုသည်။ ယခင် တရုတ်နိုင်ငံအစိုးရက တွန်ဂါနိုင်ငံသို့ ပထမအသုတ် ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ပံ့ပိုးခဲ့သလို တရုတ်ကြက်ခြေနီအသင်းကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် အမေရိကန် ဒေါ်လာ ၁ သိန်း ကူညီပေးမှုများအပေါ် အခြေခံပြီး တတိယအသုတ် အရေးပေါ်အထောက်အပံ့ပစ္စည်းများ ကူညီသွားဖို့ တရုတ်အစိုးရက ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

ပထမအနေဖြင့် ကာလတန်ဖိုး တရုတ်ယွမ်ငွေ သန်း ၂၀ ရှိ အရေးပေါ်ကပ်ဘေးအထောက်အပံ့ပစ္စည်းများကို ကူညီမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအထောက်အပံ့ပစ္စည်းများ တွန်ဂါသို့ စောလျဉ်းစွာ ပို့ဆောင်ပေးနိုင်ရန် အခက်အခဲအားလုံးကို ကျော်လွှား၊ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် တွန်ဂါနိုင်ငံအတွက် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ငွေသားအကူအညီပေးမည်ဖြစ်ကြောင်း ၊ တတိယအနေဖြင့် တွန်ဂါ၏အိမ်နီးချင်းနိုင်ငံ ဖီဂျီနိုင်ငံအခြေစိုက် တရုတ်နိုင်ငံသံရုံးမှ ယွမ် ၁ သန်း တန်ဖိုးရှိသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို အရေးပေါ် စုဆောင်းပေးပို့လျက်ရှိရာ သောက်သုံးရေ၊ အစားအစာ၊ မီးစက်၊ ရေစုပ်စက်၊ လျှပ်စစ်လွှစသည့်ပစ္စည်းများ အပါအဝင် ယင်းပစ္စည်းများကို ယနေ့ တွင် သင်္ဘောတင်ကာ တွန်ဂါသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် ကပ်ဘေးအခြေအနေနှင့်တွန်ဂါနိုင်ငံ၏လိုအပ်ချက်အရ ကူညီကယ်ဆယ်ရေး၊ ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးများတွင် တတ်နိုင်သမျှဖေးမကူညီသွားမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………-
(Chinese Version)
(外事)外交部:中国政府决定再向汤加提供三批紧急援助
2022-01-24 21:55:21
新华社北京1月24日电(记者伍岳)外交部发言人赵立坚24日在例行记者会上回答相关提问时说,中方一直高度关注汤加的受灾情况,决定在此前基础上再向汤加提供三批紧急援助。
赵立坚说,中方一直高度关注汤加的受灾情况,正在通过多种渠道驰援汤加。在此前中国政府向汤加提供首批救灾物资、中国红十字会向汤加提供10万美元紧急人道主义现汇援助的基础上,中国政府决定再向汤加提供三批紧急援助:
一是提供第二批价值2000万元人民币的应急救灾物资援助,中方将全力以赴、克服一切困难,尽早将这些物资援助送到汤加;二是向汤加提供一笔紧急人道主义现汇援助;三是通过邻近汤加的中国驻斐济使馆,紧急筹措一笔价值100万元人民币的援助物资,包括饮用水、应急食品、发电机、水泵、电锯等,这些物资今天已经装船运往汤加。
赵立坚说,中方将根据灾情和汤方需要,继续为汤方救灾和灾后重建提供力所能及的帮助。(完)
图说1:1月24日,在斐济苏瓦,准备执行向汤加运送中国政府援助物资的船员接受中国驻斐济大使钱波(前右)赠送的抗疫包。新华社记者 张永兴 摄
图说2: 1月24日,运送中国政府援助物资的中水集团公司渔船从斐济苏瓦起航。新华社记者 张永兴 摄
图说3:1月24日,在斐济苏瓦,运送中国政府援助物资的中水集团公司渔船准备起航。新华社记者 张永兴 摄