Connect with us

Europe

နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်များနှင့်အတူ ဂလက်စကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံစတင်ကျင်းပ

စကော့တလန်နိုင်ငံ ဂလက်စကို၌ကျင်းပသော ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း၂၆ ကြိမ်မြောက် ညီလာခံဖွင့်ပွဲတွင် ဥက္ကဌ Sharma (ယာ-ဒုတိယ) နှင့်ဧည့်သည်တော်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကိုအောက်တိုဘာ ၃၁ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ဂလက်စကို ၊ ယူကေ ၊နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ(COP26) ကို ယူကေ ၊စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့(Glasgow)တွင် အောက်တိုဘာ ၃၁ ရက်က တရားဝင်စတင်ဖွင့်လှစ် ကျင်းပခဲ့ကြောင်းသိရသည်။

ယခုကျင်းပသည့် ညီလာခံသည် ပါရီသဘောတူညီချက်အား အကောင်အထည်ဖော်မှုအဆင့်သို့ ဝင်ရောက်ပြီးနောက် ပါရီသဘောတူညီချက် သက်ဆိုင်ရာဘက်ပေါင်းစုံ၏ ပထမဆုံးအကြိမ်ကျင်းပသည့် ညီလာခံတစ်ခုလည်းဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းက အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကတိကဝတ်များကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိ နှင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများ နှင့် စိန်ခေါ်မှုများအား ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်ချက်အပေါ် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

မူလက ၂၀၂၀ ပြည့်နှစ်တွင် ဂလက်စကို၌ ကျင်းပရန်စီစဉ်ထားသည့် ရာသီဥတုပြောင်းလဲမှုညီလာခံကို ကိုဗစ်ကပ်ရောဂါသက်ရောက်မှုကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသည်။ “ရာသီဥတုပြောင်းလဲမှု အရှိန်အဟုန်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်တန့်မသွားပါဘူး။ ကျွန်တော်တို့အတူနေထိုင်တဲ့ကမ္ဘာဂြိုဟ်က ပိုဆိုးဝါးလာပါတယ်၊ အခုပဲအတူတကွလက်တွဲလုပ်ဆောင် မယ်ဆိုရင်ကျွန်တော်တို့၏ကမ္ဘာကြီး ကိုကာကွယ်နိုင်မှာပါ”ဟု ယင်းဖွင့်ပွဲနေ့တွင် မိန့်ခွန်းပြောကြားစဉ် ဥက္ကဌ Alok Sharma က ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ပါရီစာချုပ်ကို ပါရီရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံတွင် အတည်ပြုခဲ့ပြီး ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်းသည် “ကျိုတိုပရိုတိုကော” ပြီးနောက် ဒုတိယမြောက် ဥပဒေအရစည်းနှောင်အားရှိသည့် ရာသီဥတုဆိုင်ရာသဘောတူညီချက်ဖြစ်လာခဲ့သလို ၂၀၂၀ပြည့်နှစ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအတွက်အစီအစဉ်များ ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာဘက်ပေါင်းစုံတို့၏ ပြင်းထန်သော သဘာထားကွဲလွဲမှုများကြောင့် နောက်ဆက်တွဲ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာအစည်းအဝေးများတွင် ပါရီသဘောတူညီချက် အကောင်အထည်ဖော်ရေးစည်းမျဉ်းများတွင် အဓိကကျန်ရှိနေသောပြဿနာရပ်များကို အပြီးသတ်ညှိနှိုင်းရန် ပျက်ကွက်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပါရီသဘောတူညီချက်ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး၊ သက်ဆိုင်ရာဘက်ပေါင်းစုံက ကတိပြုထားသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သက်ဆိုင်ရာ ရန်ပုံငွေ၊ နည်းပညာနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းပေးနိုင်ရေး၊ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုအောက်တွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံစီမံခန့်ခွဲရေးစနစ်ကိုထိန်းသိမ်းကာ တရားမျှတသော၊ ကျိုးကြောင်းဆီလျော်သော၊ ပူးပေါင်းဆောင်ရွက်ကာ ဘုံအကျိုးဖြစ်ထွန်းနိုင်သော ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်တည်ဆောက်ရေးစသည်တို့ကို ဤအစည်းအဝေးတွင် အဓိကအရေးကြီးသောဆွးနွေးမှု အကြောင်းအရာများအဖြစ် ထည့်သွင်းလာဖွယ်ရှိသည်။

“Paris က ရည်မှန်းချက် ချမှတ်ထားပြီး၊ Glasgow က အဲဒါကို လက်တွေ့ဖြစ်အောင် လုပ်ရမယ်” ဟုအစည်းအဝေး စီစဉ်သူကပြောကြားခဲ့သည်။အဆိုပါအစည်းအဝေးကို ဂလက်စကိုမြို့တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ ပါရီသဘောတူညီချက်မူဘောင်အောက်တွင် ရာသီဥတုဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲနှင့် အခြားအကြောင်းအရာအမျိုးမျိုးဆွေးနွေးပွဲ စသည့် ဆက်စပ်ဆွေးနွေးပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း အစည်းအဝေးစီစဉ်သူ၏မိတ်ဆက်မှုအရ သိရပါသည်။
နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး နိုင်ငံပေါင်းစုံဘက်ပေါင်းစုံစည်းမျဉ်းများ၏ ခိုင်မာသော နိုင်ငံရေးအချက်ပြမှုများကို လေးစားရန်၊ ကုလ၏ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ၎င်း၏ ပါရီသဘောတူညီချက်မှ ချမှတ်ထားသော တူညီပြီး ကွဲပြားသော တာဝန်ဝတ္တရားစသောအခြေခံမူမျာနှင့်”နိုင်ငံအလိုက်အကျိုးဆောင်မှု”အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များကိုအကောင်အထည်ဖော်ရန် နှင့် မတူညီသောနိုင်ငံရေးအခြေအနေလေးစားမှုအပေါ်အခြေခံ၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရာတွင် အကျိုးဆောင်ရန် ဤညီလာခံက နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျမျှော်လင့်ချက်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————-
(Chinese Version)
格拉斯哥气候变化大会开幕 国际社会期待落实减排承诺
新华社英国格拉斯哥10月31日电(记者郭爽 许凤)《联合国气候变化框架公约》第26次缔约方大会(COP26)10月31日在英国苏格兰格拉斯哥正式开幕。这是《巴黎协定》进入实施阶段后召开的首次缔约方大会,国际社会期待各方尤其是发达国家能真正落实减排承诺,共同行动以有效应对气候变化带来的危机和挑战。
受新冠疫情影响,原计划2020年召开的格拉斯哥气候变化大会延期一年。大会主席阿洛克•夏尔马当天在开幕式致辞说:“气候变化的脚步并未因新冠疫情暴发而暂停,我们共同的星球正变得更糟……如果我们现在就采取行动,携手行动,就可以保护我们珍贵的星球。”
2015年,《巴黎协定》在巴黎气候变化大会达成,并成为《联合国气候变化框架公约》下继《京都议定书》后第二份有法律约束力的气候协议,为2020年后全球应对气候变化行动做出安排。然而,由于分歧严重,在随后几次联合国气候变化大会上,各方未能就《巴黎协定》实施细则的核心遗留问题完成谈判。
因此,能否全面有效实施《巴黎协定》、各方能否落实已承诺的减排目标、发达国家能否兑现为发展中国家提供资金、技术、能力建设等方面的相关支持,以及全球能否在新冠疫情大流行背景下维护多边主义治理模式,构建公平合理、合作共赢的全球环境治理体系等将成为本届大会聚焦的重要话题。
“巴黎设定了目标,格拉斯哥必须让它成为现实。”大会主办方说。本届大会于10月31日至11月12日在格拉斯哥召开。据主办方介绍,大会将举行世界领导人峰会、《巴黎协定》框架下气候资金问题首次部长级对话以及多个针对不同议题的研讨会等活动。
坚定维护多边主义、尊重多边规则的强有力政治信号,落实《联合国气候变化框架公约》及其《巴黎协定》确立的共同但有区别的责任等原则和“国家自主贡献”制度安排,在尊重不同国情的基础上为应对全球气候变化作出贡献,是国际社会对本届大会的普遍期待。
图1:10月31日,《联合国气候变化框架公约》第26次缔约方大会主席夏尔马(右二)在英国格拉斯哥举行的大会开幕式上与嘉宾合影。当日,《联合国气候变化框架公约》第26次缔约方大会在英国格拉斯哥开幕。(新华社记者韩岩摄)