Connect with us

Africa & Middle East

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က ဟူတီလက်နက်ကိုင် ၉၅ ဦးအား ပစ်ခတ်ရှင်းလင်း

ရီယက်ဒ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံ အလယ်ပိုင်း Maribပြည်နယ်၌ လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုတွင် ဟူတီလက်နက်ကိုင် အနည်းဆုံး ၉၅ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ပြီးခဲ့သည် ၂၄ နာရီက Maribပြည်နယ် မြို့တော် Maribအနီးရှိ ဟူတီလက်နက်ကိုင်များကို ပစ်မှတ်ထား၍ စစ်ရေးလှုပ်ရှားမှု ၂၂ ကြိမ်ပြုလုပ်ခဲ့ရာ ဟူတီလက်နက်ကိုင် အနည်းဆုံး ၉၅ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကား ၁၁ စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆော်ဒီမီဒီယာများက နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်၏သတင်းအား ကိုးကား၍ အောက်တိုဘာ ၂၈ ရက်တွင် ဖော်ပြထားသည်။
Maribပြည်နယ်သည် ယီမင်နိုင်ငံ၏ ရေနံအဓိကထုတ်လုပ်သည့်ဒေသဖြစ်သလို နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်ကွပ်ကဲရေးဌာန တည်ရှိရာနေရာလည်း ဖြစ်သည်။ ယခုလပိုင်းများတွင် ယင်းပြည်နယ်၌ ယီမင်အစိုးရတပ်နှင့်ဟူတီလက်နက်ကိုင်များအကြား အပြန်အလှန်ပြင်းထန်သည့်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူထောင်နှင့်ချီသေဆုံးပြီး သောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဟူတီလက်နက်ကိုင်များက ယီမင်နိုင်ငံ၏ မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီစသည့် နိုင်ငံများက ဟူတီလက်နက်ကိုင်များအား “Decisive storm”အမည်ဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ၏ညှိနှိုင်းမှုဖြင့် ယီမင်အစိုးရနှင့်ဟူတီလက်နက်ကိုင်တို့အကြား ပစ်ခတ်ရပ်စဲခြင်း၊ စစ်သုံ့ပန်းလဲလှယ်ခြင်းစသည်တို့တွင် သဘောတူညီချက်ရရှိခဲ့သော်လည်း မကြာမီ မှာပင် အပစ်ခတ်ရပ်စဲမှုသဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော အပြန်အလှန်ပြစ်တင်စွပ်စွဲမှုများ ရှိလာခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

(国际)多国联军打死95名也门胡塞武装人员
2021-10-29 03:31:54
新华社利雅得10月28日电(记者胡冠 王海洲)沙特阿拉伯主导的多国联军28日说,多国联军过去24小时在也门中部马里卜省的空中打击行动中打死至少95名也门胡塞武装人员。
沙特媒体28日援引多国联军的消息说,多国联军过去24小时对位于马里卜省首府马里卜市附近的胡塞武装目标实施22次军事行动,打死至少95名胡塞武装人员,并摧毁11辆军车。
马里卜省是也门石油主产区,也是多国联军指挥部所在地。近几个月来,也门政府军和胡塞武装在该省多次发生激烈交火,造成数千人死亡,数万人流离失所。
2014年9月,胡塞武装夺取也门首都萨那,后又占领也门南部地区。2015年3月,沙特等国对胡塞武装发起代号为“果断风暴”的军事行动。2018年12月,在联合国斡旋下,也门政府和胡塞武装就停火、战俘交换等议题达成一致,但不久双方就互相指责对方破坏停火协议。(完)

图说1:10月10日,安全人员聚集在也门亚丁的汽车炸弹袭击现场。新华社发(穆拉德•阿卜杜摄)