Connect with us

China

နိုင်ငံအများအပြားက ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆို

ဟဲပေပြည်နယ် Chongli ဆောင်းရာသီအိုလံပစ်ကျေးရွာ မြင်ကွင်းကို နိုဝင်ဘာ ၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နိုင်ငံအများအပြားသည် ပေကျင်းဆောင်းရာသီအိုလံပစ်အား ထောက်ခံအားပေးကြောင်း၊ အိုလံပစ်နှင့် အားကစားဆိုင်ရာ နိုင်ငံရေးအသွင်ပြုခြင်းကို ဆန့်ကျင်ကြောင်း၊ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည် နိုင်ငံအသီးသီးမှ ပြည်သူများအား စည်းလုံးညီညွတ်စေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ဟဲပေပြည်နယ် ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာ၏ စကိတ်စီးပြိုင်ပွဲမြင်ကွင်းကို နိုဝင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဗင်နီဇွဲလားအစိုးရက ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်အား အမေရိကန်၏ “သံတမန်ရေးရာသပိတ်မှောက်ခြင်း”အပေါ် ရှုတ်ချကြောင်းနှင့် အားကစားဆိုင်ရာ နိုင်ငံရေးအသွင်ပြုခြင်းကို ရပ်တန့်ရန် အမေရိကန်အား တောင်းဆိုခဲ့သည်။ ဆောင်းရာသီအိုလံပစ်ပွဲတော် “ သံတမန်ရေးရာသပိတ်မှောက်ခြင်း”သည် အချို့နိုင်ငံများက စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို စိတ်အားထက်သန်နေဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဗင်နီဇွဲလားအစိုးရသည် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် တရုတ်နိုင်ငံအား အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ၎င်းသည် လူသားအားလုံးနှင့်သက်ဆိုင်သော အားကစားပွဲတော်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အမေရိကန်က “သံတမန်ရေးရာသပိတ်မှောက်ခြင်း” သည် ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတကာ အားကစားစနစ်ကို ပျက်ပြားစေရန်နှင့် နိုင်ငံတကာ အားကစား စည်းမျဉ်းများကို ၎င်း၏ကိုယ်ပိုင်အယူဝါဒဆိုင်ရာ စံနှုန်းများနှင့်အညီ ပြန်လည်ရေးသွင်းရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ပြောကြားခဲ့သည်။

လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် လာအိုအစိုးရက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကစားကဏ္ဍ၏ အရေးပါသော ပံ့ပိုးကူညီမှုကို တန်ဖိုးထားကြောင်း၊ အားကစား စိတ်ဓာတ်ဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ် အားကစားပွဲတော်သည် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုကို ထိထိရောက်ရောက် မြှင့်တင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ၏ ယဉ်ကျေးမှု၊ သတင်းအချက်အလက်၊ အားကစားနှင့် လူငယ်မူဝါဒရေးရာဝန်ကြီး Zamankulov မှ ပြောကြားရာတွင် ကာဂျစ္စတန်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ချီးကျူးကြောင်းနှင့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရန် အပြည့်အဝထောက်ခံကြောင်း၊ အားကစားဆိုင်ရာနိုင်ငံရေးအသွင်ပြုခြင်းနှင့် အားကစားပြိုင်ပွဲများကို နိုင်ငံရေးနှင့်ချိတ်ဆက်ခြင်း လုပ်ဆောင်သည့် နိုင်ငံအချို့ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီး Namar Rajapaksa ကလည်း ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို စောင့်မျှော်နေကြောင်း၊ သီရိလင်္ကာနိုင်ငံသည် အိုလံပစ်နှင့် အားကစားဆိုင်ရာ နိုင်ငံရေးအသွင်ပြုခြင်းပုံစံအားလုံးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အိုလံပစ် ကော်မတီက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် တရုတ်နိုင်ငံအား အခိုင်အမာထောက်ခံပြီး အမေရိကန်၏ “သံတမန်ရေးရာသပိတ်မှောက်ခြင်း” ကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “အိုလံပစ်ပဋိညာဉ်စာတမ်း” မှ ချမှတ်ထားသော “အားကစားဆိုင်ရာနိုင်ငံရေးအရကြားနေမှု” ၏ အခြေခံမူများနှင့် ရည်ရွယ်ချက်များကို နိုင်ငံအသီးသီးမှ လိုက်နာသင့်သည်ဟု ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြထားသည်။

တောင်အာဖရိကနိုင်ငံခြားရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Anil Sukraal က ပေကျင်းဆောင်းရာသီအိုလံပစ်အား နိုင်ငံအချို့မှ “သံတမန်ရေးရာသပိတ်မှောက်ခြင်း”သည် နိုင်ငံရေးရည်ရွယ်ချက်အရသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်သည် နိုင်ငံတိုင်းမှ ပြည်သူများအား စည်းလုံးညီညွတ်စေပြီး ဤအားကစားပွဲကို တရုတ်နိုင်ငံမှ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————
(Chinese Version
(国际)综合消息:多国表态支持北京冬奥会 相信冬奥会将促进世界和平
2021-12-10 16:23:07 分类: 政治法律
新华社北京12月10日电综合新华社驻外记者报道:连日来,多个国家通过不同方式发声,纷纷支持北京冬奥会,反对将奥运政治化和体育政治化,相信北京冬奥会将把各国民众团结在一起,促进世界和平与发展。
委内瑞拉发布政府公报,谴责美国对北京冬奥会进行“外交抵制”,要求美方立即停止将体育运动政治化的行径。公报说,“外交抵制”冬奥会说明这些国家仍固守冷战思维。委内瑞拉政府重申对中国举办冬奥会的坚定支持,表示这是一场属于全人类的体育盛事。
俄罗斯外交部发言人扎哈罗娃说,美国对北京冬奥会进行所谓“外交抵制”说明,为了自身利益,美国不惜破坏国际体育体系,并妄图根据自己的意识形态准则改写国际体育规则。
老挝外交部发表声明说,老挝政府珍视体育事业对于和平与发展事业的重要贡献,坚信在体育精神引领下,北京冬奥会将有力促进国际和平、发展、友谊以及相互理解与包容。
吉尔吉斯斯坦文化、信息、体育和青年政策部长扎曼库洛夫表示,吉方高度评价中方为顺利举办北京冬奥会所做大量筹备工作,全力支持中国成功举办北京冬奥会,反对个别国家将体育和政治挂钩,将体育赛事政治化。
斯里兰卡体育与青年事务部长纳马尔•拉贾帕克萨说,非常期待北京冬奥会,斯里兰卡反对以任何形式将奥运政治化和体育政治化。“体育将全世界人民团结在一起,体育精神是人性的纯粹体现,代表着这个星球上一切美好的事物,没有什么比奥运会更能体现这一点。”
叙利亚奥林匹克委员会发表声明说,坚定支持中国举办北京冬奥会,反对美国所谓“外交抵制”行径。声明强调,各方应遵守《奥林匹克宪章》确立的“体育运动政治中立”等基本原则和宗旨。
南非外交部副总司长阿尼尔•苏克拉尔表示,某些国家“外交抵制”北京冬奥会的行径完全出于政治目的。北京冬奥会将把各国民众团结在一起,坚信中国将成功举办这场体育盛会。(参与记者:耿鹏宇、徐烨、王瑛、章建华、唐璐、关建武、汪健、郑一晗、荆晶)(完)