Connect with us

Asia

တရုတ်နှင့်ဗီယက်နမ် စစ်တပ်နှစ်ရပ်၏ “Peace Rescue-2021” ဆေးဘက်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှု တရားဝင်စတင်

ဗီယက်နမ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ တပ်ဖွဲ့များ၏ “Peace Rescue-2021” ဆေးဘက်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ရပ်အား ဒီဇင်ဘာ ၁၀ ရက် နံနက်တွင် ဗီယက်နမ်နိုင်ငံ၊ Quang Ninh ပြည်နယ်၊ Mong Cai မြို့ရှိ လေ့ကျင့်ရေးနယ်မြေတစ်ခုတွင် တရားဝင်စတင်ခဲ့ကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ငလျင်ဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားသည့် နိုင်ငံတစ်နိုင်ငံကို နောက်ခံထား၍ သရုပ်ဖော်လေ့ကျင့်ကြောင်း၊ စစ်တပ်နှစ်ရပ်မှ တပ်ဖွဲ့ဝင်အရာရှိ ၆၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။အဆိုပါ လေ့ကျင့်မှုမှာ တရုတ်နှင့်ဗီယက်နမ် စစ်တပ်နှစ်ရပ်၏ ပထမအကြိမ် ဆေးဘက်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှု ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်တပ်မတော်ဆေးဘက်ဆိုင်ရာတပ်ဖွဲ့၏ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် ဆေးဘက်ဆိုင်ရာပူးတွဲလေ့ကျင့်မှုပြုလုပ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေး ကယ်ဆယ်ရေး-၂၀၂၁” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တရုတ်တပ်ဖွဲ့ဝင်များက တရုတ်-ဗီယက်နမ်နယ်စပ်ကို ဒီဇင်ဘာ ၆ ရက်နေ့က ကျော်ဖြတ်စဉ် (ဆင်ဟွာ)

လာမည့် ၂ ရက်အတွင်း တရုတ်နှင့်ဗီယက်နမ်တို့သည် စစ်ရေးလေ့ကျင့်မှု၊ ကိရိယာပစ္စည်းများပြသမှု၊ လေ့ကျင့်ရေးစောင့်ကြည့်မှု၊ ဘက်စုံအကဲဖြတ်မှု၊ ပြန်လည်သုံးသပ်မှုအကျဉ်းချုပ်နှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းမှုစသည့် လှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နှင့်ဗီယက်နမ်တပ်ဖွဲ့များ၏ ပူးတွဲဌာနချုပ် နှင့် ဒုတိယအဆင့် ဆေးရုံများကို တည်ဆောက်ကာ သဘာဝဘေးဒဏ်သင့်ဒေသတွင် ပူးတွဲရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဘေးလွတ်ရာသို့ ဆင့်ကမ်း ရွှေ့ပြောင်းနိုင်ရေးနှင့် ပြည်တွင်းသို့ အဝေးထိန်း ညှိနှိုင်းတိုင်ပင်ကာ အရေးပေါ် ခွဲစိတ်မှူလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း၊ စစ်ဆေးရုံနှစ်ရုံသည် ကျွမ်းကျင်သူများကို စုစည်းပြီး ခက်ခဲရှုပ်ထွေးသော ရောဂါများကို ညှိနှိုင်းကုသပေးခြင်း၊ ဆေးဖက်ဝင်ပစ္စည်းများ အသုံးပြုခြင်း၊ မိုဘိုင်းစမ်းသပ်ဓာတ်ခွဲခန်းများနှင့် အဆင့်မြင့်ပိုးသတ်ဆေးကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်း၊ သဘာဝဘေးပြီးပြီးချင်း ကူးစက်ရောဂါဖြစ်ပွားမှု တုံ့ပြန်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ တပ်မတော်နှစ်ရပ်၏ အရေးပေါ်ကယ်ဆယ်ရေးနှင့် ကူးစက်ရောဂါကိုင်တွယ်နိုင်စွမ်းကို ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့သည်။

ဗီယက်နမ် လေ့ကျင့်ရေး ဦးဆောင်ကော်မတီ ညွှန်ကြားရေးမှူး နှင့် ဗီယက်နမ် ပြည်သူ့တပ်မတော် အထွေထွေ ထောက်ပံ့ပို့ဆောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ကာကွယ်ရေးဦးစီးချုပ် Nguyen Xiongsheng က ဤပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဗီယက်နမ်နှင့် တရုတ်စစ်တပ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှု လုပ်ငန်းများတွင် ကွပ်ကဲမှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လမ်းညွှန်မှုနှင့် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် နှင့် ဗဟိုစစ်ကော်မရှင်၏ ထောက်ပံ့ပို့ဆောင်ရေးဌာန ကျန်းမာရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး Chen Chunming က အဆိုပါလေ့ကျင့်ရေးသည် လက်တွေ့နှင့် အလွန်နီးကပ်သော သဘာဝဘေးအန္တရာယ်နှင့် ကပ်ရောဂါအခြေအနေကို နောက်ခံ၍ တရုတ်နှင့် ဗီယက်နမ် တပ်ဖွဲ့များ၏ အရေးပေါ် ကယ်ဆယ်နိုင်မှု စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ လေ့ကျင့်မှုသည် ကူးစက်ရောဂါ တိုက်ဖျက်ရေး လက်တွေ့လေ့ကျင့်မှုနှင့် ကယ်ဆယ်ရေး အတွေ့အကြုံများကို လေ့ကျင့်ရေးတွင် အသုံးချပြီး တရုတ်နှင့် ဗီယက်နမ် တပ်ဖွဲ့များ၏ ဆေးဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို အပြည့်အဝ ပြသနိုင်မည်ဖြစ်သည်။

တရုတ်လမ်းညွှန်နှင့်ညှိနှိုင်းရေးအဖွဲ့၊ ဗီယက်နမ်ပြည်သူ့တပ်မတော် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန၊ တတိယစစ်နယ်မြေ၊ နယ်ခြားစောင့်တပ်နှင့် Quang Ninh ပြည်နယ်တို့မှ အရာရှိ (၂၀၀) ကျော် တက်ရောက်ပြီး လေ့ကျင့်မှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်စစ်တပ်ကျန်းမာရေးစနစ်သည် နိုင်ငံခြားဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားအကူအညီပေးရေး၊ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ အခမဲ့ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု၊ အရေးပေါ်ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုစသည့် ဆေးဝါးထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းအများအပြားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာ နိုင်ငံများမှ ပြည်သူများက ၎င်းအပေါ် ကြိုဆိုအသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။(Xinhua)

…………………………………………

(Chinese Version)

(国际)中越两军“和平救援-2021”卫勤联合演习正式开始

2021-12-11 00:19:40 分类: 军事
新华社越南芒街12月10日电(周娜 滕怀金 毕芸玮)中越两军“和平救援-2021”卫勤联合演习10日上午在越南广宁省芒街市某演习地域正式拉开帷幕。此次演习以某国发生地震灾害并暴发传染病疫情为背景,两军参演官兵达600余人。

这是中越两军首次开展卫勤实兵演习,也是新冠疫情发生以来中国军队卫勤力量首次成建制赴境外开展卫勤联合演习。
接下来两天,中越双方将组织实兵演习、装备展示、演习观摩、综合评估、复盘总结、物资捐赠等系列活动。演习设立中越两军联合指挥部,分别开设二级医院,前出灾害地域实施联合搜救,梯次接力转运后送,联通国内远程会诊共同完成外科急救手术。两军医院还将统筹专家力量,开展疑难复杂病例会诊,调剂使用血液药材。综合运用移动检测实验室、先进消杀设备,协同应对灾后突发传染病疫情,全面展示两军野战急救和疫情处置能力。

越方演习指导委员会主任、越南人民军后勤总局副主任兼参谋长阮雄胜在演习开幕式上致辞时说,此次联合演习旨在提高越中两国军医在医疗救援、疫情防控、国际人道主义援助工作中的指挥、配合、协同能力。

中方指导协调组组长、中央军委后勤保障部卫生局副局长陈春明表示,此次演习紧密契合形势,聚焦灾情疫情热点,突出联合主题,共同提升中越两军应急救援能力。演习把抗疫实践、救援经验等带到演训场,充分展现中越两军卫勤发展成果。

中方指导协调组,越南人民军后勤总局、第三军区、边防部队以及广宁省等军地负责人共200余人出席开幕式,并全程观摩演习。
近年来,中国军队卫生系统积极开展对外交流合作,圆满完成多项卫生援外、联演联训、医疗义诊、紧急灾害救援、联合国维和行动等卫勤保障任务,得到国际社会和相关国家民众欢迎和认可。(完)