Connect with us

Africa & Middle East

အမေရိကန်-ရုရှား ဆက်ဆံရေး —— ယူဂရိန်းကို ရုရှား ကျူးကျော်မည်ဆိုပါက အမေရိကန်အနေဖြင့် စစ်တပ်သီးသန့်စေလွှတ်သွားမည် မဟုတ်ဟု ဘိုင်ဒန် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ယူကရိန်းကို ရုရှား၏ ကျူးကျော်နိုင်ဖွယ်ရှိသည်ကို ကာကွယ်တားဆီးဖို့ အမေရိကန်အနေဖြင့် စစ်တပ် သီးသန့်စေလွှတ်ကူညီမည်မဟုတ်ကြောင်း ၊ သို့သော်လည်း “ယခင်က မရှိခဲ့ဖူးသည့်” ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်မဟာမိတ်အချို့က ရုရှားနှင့်တွေ့ဆုံပြီး ရုရှားဂရုပြုသည့် ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ Volodymyr Zelensky က Donbas ဒေသတွင် ယူကရိန်းအစိုးရတပ်အား စစ်ဆေးကြည့်ရှုနေသည်ကို ဧပြီ ၈ ရက်က တွေ့ရစဉ်(ဓါတ်ပုံ- ယူကရိန်းသမ္မတရုံး)

ဒီဇင်ဘာ ၇ ရက်က ဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဗွီဒီယိုလင့်ခ်ဖြင့် ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ယူကရိန်းနှင့်ရုရှားနယ်စပ်အခြေအနေများအပါအဝင် အတူဂရုပြုကြသည့် ကဏ္ဍများကို ဆွေးနွေညှိနှိုင်းခဲ့ကြသည်။ ရုရှား-ယူကရိန်းနယ်စပ်တွင် ရုရှားဘက်က စစ်အင်အားစုစည်းပြီး “ကျူးကျော်ဝင်ရောက်” ရန် ပြင်ဆင်နေသည်ဟူသော ယူကရိန်း၊ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ စွဲဆိုချက်ကို ရုရှားက အခိုင်အမာ ငြင်းဆိုထားသည်။

အကယ်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများ ဝင်ရောက်ကျူးကျော်ခံရမည်ဆိုပါက စုပေါင်းကာကွယ်ရေး သဘောတူညီချက်အရ အမေရိကန်တွင် စစ်တပ်စေလွှတ်ကူညီရမည့် တာဝန်ဝတ္တရား ရှိသော်လည်း ဤဝတ္တရားသည် နေတိုးပြင်ပ ယူကရိန်းအထိ တိုးချဲ့မည် မဟုတ်ကြောင်း ဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်က အိမ်ဖြူတော်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ဘိုင်ဒန်၏ ပြောကြားချက်အရ ယူကရိန်းသို့ စစ်တပ်စေလွှတ်ရန် ရှိမရှိဆိုသည်မှာ “နေတိုးအဖွဲ့ဝင် အခြားနိုင်ငံများက ဤသို့ လုပ်ဆောင်ရန် ဆန္ဒရှိမရှိပေါ်တွင် မူတည်” ကြောင်း၊ “သို့သော်လည်း ရုရှားက ယူကရိန်းသို့ ဝင်ရောက်ကျူးကျော်မှုကို အမေရိကန်အနေဖြင့် သီးခြား လက်နက်အင်အားအသုံးပြုရန်မှာ လက်ရှိ မဖြစ်နိုင်သေးကြောင်း” သိရသည်။

အမေရိကန်သည် ယူကရိန်းသို့ စစ်သားအရေအတွက် အတိုင်းတာတစ်ခုစေလွှတ်ပြီး စခန်းချကာ ယူကရိန်းတပ်များအား လေ့ကျင့်ပေးနေကြောင်း Sputnik သတင်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အား ကိုးကားလျက် ဒီဇင်ဘာ ၈ ရက်တွင် ဖော်ပြထားသည်။

ယူကရိန်းသည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး ယနေ့ထိ ရလဒ်မရှိဖြစ်နေခဲ့သည်။ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်Jens Stoltenberg က ယူကရိန်းကို လက်ခံရန် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှုမရရှိသေးကြောင်း၊ စုပေါင်းကာကွယ်ရေးသဘောတူညီမှု၏ အကာအကွယ်သည် ယူကရိန်းအပေါ် သက်ရောက်မှုမရှိကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

စစ်တပ်စေလွှတ်နိုင်ခြေရှိသည်ကို အမေရိကန်က ငြင်းပယ်ထားသော်လည်း ရုရှားက ယူကရိန်းသို့ ဝင်ရောက်ကျူးကျော်မည်ဆိုပါက “ယခင်က မရှိခဲ့ဖူးသည့် စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးများ” နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယူကရိန်း၏ ကာကွယ်ရေးစွမ်းရည်ကို နေတိုးအဖွဲ့က ကူညီမြှင့်တင်ပေးမည်ဖြစ်သည်ကို ပူတင်အား ပြောကြားပြီးဖြစ်ကြောင်း ဘိုင်ဒန်က ထပ်မံပြောကြားခဲ့သည်။
“ပူတင်အနေနဲ့ ဒီအဓိပ္ပါယ်ကို လုံးဝနားလည်မယ်လို့ ကျွန်တော်အပြည့်အဝ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။

ရုရှားနိုင်ငံ Kremlin နန်းတော်၏ကြေညာချက်အရ နေတိုးအဖွဲ့၏ အရှေ့သို့ ချဲ့ထွင်ခြင်းနှင့် ရုရှားအိမ်နီးချင်းနိုင်ငံတွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသော လက်နက်များ ထားရှိခြင်းသည် ရုရှား၏ “မျဉ်းနီ”ကို ထိပါးခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်အား နေတိုးက ချက်ချင်းရပ်တန့်ကာ “ယုံကြည်ရမည့် ဥပဒေအာမခံချက်” ပေးရမည်ဟု တွေ့ဆုံဆွေးနွေးစဉ် ပူတင်က ဘိုင်ဒန်အား တိုက်ရိုက် သတိပေးခဲ့ကြောင်း သိရသည်။

ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်မည်လားဆိုသည်မှာ ရန်လိုရန်စသည့်မေးခွန်းဖြစ်ပြီး ရုရှားနိုင်ငံက ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသလို တစ်ချိန်တည်းမှာပင် မိမိနိုင်ငံလုံခြုံရေးကို အာမခံထိန်းသိမ်းပိုင်ခွင့်ရှိကြောင်း ပူတင်က ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis နှင့် ရုရှားနိုင်ငံ တောင်ပိုင်း ဆိုချီမြို့၌ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် နေတိုးအဖွဲ့ အရှေ့သို့ ချဲ့ထွင်ခြင်းကို “အလွန် အကဲဆတ်” ပြီး “လက်မခံနိုင်” ကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။ နိုင်ငံတိုင်းတွင် မိမိ၏လုံခြုံရေးအား အာမခံထားကာကွယ်သည့် နည်းလမ်းကို ရွေးချယ်ပိုင်ခွင့် ရှိကြောင်း၊ သို့သော်လည်း အခြားနိုင်ငံ၏အကျိုးစီးပွားနှင့်လုံခြုံရေးကို ထိခိုက်အောင် လုပ်ဆောင်၍မရကြောင်း ၊ ၎င်းမှာ လူတိုင်းက လွတ်လပ်မှုကို ခံစားခွင့်ရှိသလို တစ်ချိန်တည်းမှာပဲ အခြားသူ၏လွတ်လပ်မှုကို တားဆီးဖျက်ဆီး၍ မရသကဲ့သို့ပင် ဖြစ်သည်ဟု ဆိုသည်။

သို့သော်တစ်ဖက်တွင်လည်း ပူတင်က ၎င်းနှင့် ဘိုင်ဒန်၏ တွေ့ဆုံဆွေးနွေးမှုက အပြုသဘောဆောင်ကြောင်း၊ ဗွီဒီယိုတွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဂရုပြုသည့်ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးသည့် ယန္တရားတည်ဆောက်ရန် တစ်ဖက်က အဆိုပြုထားကြောင်း ပြောကြားခဲ့သည်။

“မိမိတို့နှင့်ရုရှားအကြား ပို၍ အဆင့်မြင့်သည့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေတာကို နောက်ဆုံး သောကြာနေ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ (အမေရိကန်) သာမက နေတိုးအဖွဲ့ အဓိက မဟာမိတ်အနည်းဆုံး ၄ နိုင်ငံက ရုရှား ဂရုပြုတဲ့ နေတိုးချဲ့ထွင်မှုအရေးနှင့် ညှိနှိုင်း လက်ခံနိုင်မှု ရှိမရှိကို ဆွေးနွေးသွားဖို့ရှိတယ်” ဟု ဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် “သတင်းကောင်း” တစ်ခုအဖြစ် ကြေညာခဲ့သည်။

သို့သော်လည်း အမေရိကန်-ရုရှားဆက်ဆံရေးသည် အချိန်တိုအတွင်း အပြောင်းအလဲဖြစ်ရန် ခဲယဉ်းမည်ဟု အများက ယူဆကြသည်။

“မည်သည့်လက်တွေ့ကျသော အပြောင်းအလဲရှိလာဖို့ရာ လက်ရှိမှာ မျှော်လင့်ဖို့ ခဲယဉ်းပါတယ်”၊ ရုရှား-အမေရိကန် နှစ်နိုင်ငံအကြား ကာလကြာရှည် စုပြုံနေတဲ့ အခက်အခဲမေးခွန်းများရှိရာ အချိန်တိုအတွင်း ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း၊ “တစ်လ ဒါမှမဟုတ် တစ်နှစ်မက အချိန်လိုနိုင်တယ်” ဟု ရုရှားသမ္မတ လက်ထောက်အရာရှိ Yuri Ushakovက ဒီဇင်ဘာ ၇ ရက်က “ပူတင်-ဘိုင်ဒန် တွေ့ဆုံမှု”အပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)

—————————————
(Chinese Version
观天下•美俄关系 | 拜登说美国不会单独派兵助乌克兰阻俄“入侵”
2021-12-09 16:51:29
新华社北京12月9日电 美国总统约瑟夫•拜登8日表示,美国不会单独派兵帮助乌克兰抵御俄罗斯可能发动的“入侵”,而可能对俄方施加“前所未有的”制裁。他还表示,美方和一些北大西洋公约组织盟友将与俄罗斯对话,讨论俄方关切。
拜登7日与俄罗斯总统弗拉基米尔•普京以视频方式“坦率”对话,讨论包括乌克兰与俄罗斯边境局势在内共同关心的多项议题。乌克兰、美国和北约指认俄罗斯在俄乌边境集结重兵准备“入侵”,俄方坚决予以否认。
拜登8日在白宫告诉媒体记者,如果北约国家遭入侵,依据集体防御条款,美国有义务出兵相助,但“这种义务不会扩大至北约以外,不会扩大到乌克兰”。
这是11月23日在美国首都华盛顿拍摄的白宫。(新华社发,沈霆摄)
按照拜登的说法,虽然美国是否出兵乌克兰“取决于北约其他国家是否也愿意这样做”,“但美国单独动用武力抵御俄罗斯‘入侵’乌克兰现在不会发生”。
俄罗斯卫星通讯社8日援引美国国防部发言人的话报道,美国已经派驻一定数量军人进入乌克兰,训练乌方军队。
乌克兰多年来寻求加入北约,至今未果。北约秘书长延斯•斯托尔滕贝格上月表示,北约成员国仍未就接纳乌克兰达成一致,乌克兰不受集体防御条款保护。
虽然否定美国出兵作战的可能,拜登重申,他已经告诉普京俄方如果“入侵”乌克兰,将面临“前所未有的经济后果”,且北约将帮助乌克兰加强防御能力。
他说:“我完全确定普京听懂了。”
按照克里姆林宫声明所述,普京在会晤中正告拜登,北约东扩和在俄罗斯邻国部署进攻性武器触犯俄方“红线”,北约必须停止,并提供“可靠的法律保证”。
这张乌克兰总统办公室提供的照片显示,4月8日,乌克兰总统泽连斯基(中)在顿巴斯地区乌政府军阵地视察。(新华社发,乌克兰总统办公室供图)
普京8日在俄罗斯南部城市索契与到访的希腊总理基里亚科斯•米佐塔基斯会谈后说,俄罗斯会否“入侵”乌克兰是“一个挑衅性问题”,俄方奉行和平外交政策,同时有权确保自身国家安全。
普京强调,对俄罗斯而言,北约东扩“非常敏感”且“不可接受”。每个国家有权选择确保自身安全的方式,但不能损害其他国家利益和安全,如同每个人享有自由的同时不能妨害其他人自由。
另一方面,普京表示,他与拜登的会晤“有建设性”,后者在视频会晤中提议双方建立机制以讨论俄方的关切。
拜登8日宣布一条“好消息”:“我们希望,最晚周五(10日)能宣布,我们与俄罗斯正举行更高层面会谈,不仅是我们(美国),还有至少4个其他主要北约盟友,讨论俄方对北约扩大的关切和是否能达成任何妥协。”
不过,舆论普遍认为,美俄关系短期难以取得突破。
俄罗斯总统助理尤里•乌沙科夫7日在“普拜会”后说,“现在可能难以期望取得任何实质性突破”,俄美之间长期以来积累的大量难题,不可能在短时间内得以解决,“可能需要不止一个月,甚至不止一年”。(惠晓霜)