Connect with us

Asia

နီပေါနိုင်ငံ တရားရုံးချုပ်က ဝန်ကြီး (၂၀)ဦးအား ရာထူးမှ ထုတ်ပယ်

နီပေါနိုင်ငံ ခတ္တမန္ဒုတွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့် နီပေါဝန်ကြီးချုပ် KP Sharma Oliအား မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒု၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

ကက်ဘိနက်နှစ်ကြိမ် တိုးချဲ့မှုတွင် ပါဝင်သည့် ဝန်ကြီး (၂၀)ဦးကို ရာထူးမှထုတ်ပယ်မည်ဖြစ်ကြောင်း ၊ ၎င်းတို့ထဲတွင် ဝန်ကြီးတာဝန်ထမ်းဆောင်သည့် ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးလည်း ပါဝင်ကြောင်း နီပေါနိုင်ငံ တရားရုံးချုပ်က ဇွန် ၂၂ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်ခဲ့သည်။

ဝန်ကြီးချုပ် KP Sharma Oliဦးဆောင်သည့် အစိုးရအဖွဲ့သည် အိမ်စောင့်အစိုးရဖြစ်ရာ နီပေါနိုင်ငံ၏ အခြေခံဥပဒေတွင် အိမ်စောင့်အစိုးရဝန်ကြီးချုပ်က ကက်ဘိနက်အဖွဲ့ အား တိုးချဲ့ခွင့်မရှိခြင်းကြောင့် ဝန်ကြီး(၂၀)ဦးမှာ ရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု နီပေါတရားရုံးချုပ်က ဆိုသည်။ ယင်းကိစ္စကို တရားရုံးချုပ်က နောက်ဆုံး စီရင်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

တရားရုံးချုပ်တွင် နောက်ဆုံးကြားနာမှု ပြုလုပ်ပြီးနောက် ကက်ဘိနက်အဖွဲ့တိုးချဲ့သည့်ကိစ္စအတွက် နောက်ဆုံးတရားစီရင်ချက်ချမည်ဖြစ်ကြောင်း ၊ လက်ရှိ ကြားနာမှုလုပ်မည့် နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း နီပေါတရားရုံးချုပ် ပြည်သူ့ဆက်ဆံရေးအရာရှိ Kishor Poudelက ဆင်ဟွာသို့ ပြောသည်။

မေ ၂၂ ရက်က နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီသည် KP Sharma Oli၏ အကြံပြုချက်ကို လက်ခံပြီး အောက်လွှတ်တော် ဖျက်သိမ်းကြောင်းနှင့် ယခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင် ၁၉ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် KP Sharma Oliအစိုးရသည် အိမ်စောင့်အစိုးရ ဖြစ်လာခဲ့သည်။ ဇွန် ၄ ရက်နှင့် ၁၀ ရက်တွင် KP Sharma Oliက ကက်ဘိနက်ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမှုများလုပ်ဆောင်ခဲ့ရာ ၎င်းဦးဆောင်သည့် နီပေါကွန်မြူနစ်ပါတီ CPN (UML)နှင့် ပြည်သူ့ဆိုရှယ်လစ်ပါတီ JSP factionတို့မှ ဝန်ကြီး ၁၇ ဦးနှင့် ၃ဦး အသီးသီးသည် ကက်ဘိနက်အဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————
(Chinese Version)

(国际)尼泊尔最高法院解职20名部长

新华社加德满都6月22日电(记者易爱军 周盛平)尼泊尔最高法院22日发布临时命令,将在两次内阁扩员中入阁的20名部长解职,其中包括两名兼任部长的副总理。

尼最高法院称,总理奥利领导的政府是看守政府,尼宪法不允许看守政府总理扩大内阁,上述20名部长已被解职。最高法院还将就此事作出最终裁决。

尼最高法院通讯专家基肖尔•保德尔对新华社记者说,最高法院将在举行最后听证会后就内阁扩大一事作出最终裁定,目前举行最后听证会的日期尚未确定。

5月22日,尼总统班达里接受奥利建议,宣布解散众议院并于今年11月12日和19日举行议会选举。奥利政府随即成为看守政府。6月4日和10日,奥利对内阁实行改组和扩员,来自他领导的尼泊尔共产党(联合马列)和人民社会主义党塔库尔派别共17名部长和3名国务部长入阁。(完)

图说1:5月10日,尼泊尔总理奥利(左)在加德满都出席议会会议。新华社/法新