Connect with us

China

နေကြတ်ခြင်းနှင့်လကြတ်ခြင်းသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင်စုစုပေါင်း ၇ ကြိမ်အထိဖြစ်ပေါ်နိုင်

လကြတ်ခြင်းကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထျန်းကျင်း၊နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

လအပြည့်အဝကြတ်ခြင်းနှင့် အလွန်နီးစပ်သော တစ်စိတ်တစ်ပိုင်းလကြတ်ခြင်းနှင့် နေအပြည့်အဝကြတ်ခြင်းကို နိုဝင်ဘာ ၁၉ ရက်နှင့် ဒီဇင်ဘာ ၄ ရက်တို့တွင် အသီးသီး မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ အံ့သြဖွယ်ရာကောင်းသော နက္ခတ်ရှုခင်းဖြစ်သည့် နေကြတ်ခြင်းနှင့်လကြတ်ခြင်းသည် တစ်နှစ်လျှင် စုစုပေါင်း ၇ ကြိမ်အထိ ဖြစ်ပေါ်နိုင်သည်ဟု နက္ခတ္တဗေဒ သိပ္ပံ ပညာရှင်များက ဆိုသည်။

လကြတ်ခြင်းကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၊ထျန်းကျင်း နက္ခတ္တဗေဒအသင်းမှ နက္ခတ္တဗေဒ သိပ္ပံ ပညာရှင်Xiu Lipeng က လကြတ်ခြင်း၏သဘောတရားသည် အလွန်ရိုးရှင်းကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာသည် နေနှင့် လကြား တည့်တည့်ရောက်သည့်အခါ ကမ္ဘာမြေကြီး၏ အရိပ်သည် လမျက်နှာပြင်ပေါ်သို့ကျရောက်ကာ နေ၏အလင်းရောင်ကို အချိန်တိုအတွင်း ဖုံးကွယ်သွားပြီး လကြတ်ခြင်း ဖြစ်ပေါ်လာသည်။ များသောအားဖြင့် လပြည့်မဟုတ်သော ဖြစ်စဉ်သည် လကြတ်ခြင်းမဟုတ်ဘဲ လ၏ပုံမှန်အနေအထားသာဖြစ်သည်။လသည် ကမ္ဘာမြေကို လှည့်ပတ်ရာ နေမှဖြာထွက်သော အလင်းရောင်ကြောင့် လ၏ မြင်နိုင်သော အစိတ်အပိုင်းသည် ညစဉ်ညတိုင်း ပြောင်းလဲလျက်ရှိသည်။ လ၏အနေအထားသည် တစ်ညအတွင်း သိသိသာသာပြေားလဲမှုမရှိသော်လည်း လကြတ်ချိန်တွင် လမင်းကြီးသည် တစ်ညထဲတွင် ပြည့်ရာမှ ဆုတ်၊ဆုတ်ရာမှ ကွယ်၊ကွယ်ရာမှ ဆန်း၊ဆန်းရာမှ ပြည့်သည့်ဖြစ်စဉ်တစ်ခုလုံး ကိုဖြစ်ပေါ်စေသည်။လကြတ်ခြင်းသည် လပြည့်ညတွင်သာ ဖြစ်ပေါ်ကြောင်း သိရသည်။
တရုတ်ပြက္ခဒိန်အရ လတစ်ကြိမ် အပြည့်အဝ လှည့်ပတ်ချိန်သည် ခန့်မှန်းခြေအားဖြင့် ၂၉ ဒသမ ၅ ရက်ဖြစ်ပြီး လစဉ်လတိုင်း လကြတ်ခြင်းတစ်ကြိမ် ရှိသင့်သည်။သို့သော် လ၏ကမ္ဘာပတ်လမ်းကြောင်း (အဖြူရောင်လမ်းကြောင်း) နှင့် ကမ္ဘာ၏နေပတ်လမ်းကြောင်း (အဝါရောင်လမ်းကြောင်း) သည် တူညီသော မျက်နှာပြင်တွင်မရှိကြောင်း၊နေနှင့်လသည် “အဝါရောင်နှင့်အဖြူရောင်ဆုံမှတ်” နှစ်ခုအနီးတွင်ရှိနေမှသာ နေကြတ်ခြင်းနှင့်လကြတ်ခြင်းဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။

ကမ္ဘာပေါ်တွင် နေကြတ်ခြင်းသည် ၁၉၃၅ ခုနှစ်တွင် တစ်နှစ်လျှင်အများဆုံး ၅ ကြိမ်၊၂၀၁၇ ခုနှစ်တွင် အနည်းဆုံး နှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ လကြတ်ခြင်း သည် ၁၉၈၀ ပြည့်နှစ်တွင် တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသလို ၂၀၂၀ ပြည့်နှစ်တွင် အများဆုံး ၄ ကြိမ်အထိဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် လကြတ်ခြင်းထက် နေကြတ်ခြင်းက မကြာခဏ ဖြစ်ပေါ်သည်။သို့သော်လူအများစုက နေကြတ်ခြင်းထက် လကြတ်ခြင်းကို မြင်တွေ့နိုင်ခြေ ပိုများသည်ဟု ဆိုသည်။ နေကြတ်ခြင်းဇုန်ဧရိယာသည် သေးငယ်သောကြောင့် နေကြတ်ခြင်းကို မြေပြင်သို့ လရိပ် ဖြတ်သန်းသွားသော အချို့ဒေသတွင်သာ မြင်တွေ့နိုင်သည်။နေအပြည့်အဝကြတ်ခြင်းဇုန်ဧရိယာသည် ပိုမိုသေးငယ်သောကြောင့် နေအပြည့်အဝကြတ်ခြင်းသည် ကမ္ဘာပေါ်ရှိ တူညီသော ဧရိယာတွင် ထပ်မံဖြစ်နိုင်ခြေသည် အလွန်နည်းပါး၍ လူတစ်ယောက်၏ဘဝတွင် ကြုံတောင့်ကြုံခဲ ဖြစ်သည်။ လကြတ်ခြင်းဇုန်ဧရိယာသည် အလွန်ကြီးမားပြီး လကြတ်ခြင်းမြင်နိုင်ခြေမှာ နေလကြတ်ခြင်းထက် ပိုများကြောင်းXiu Lipeng က ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(Chinese Version)
(星空有约•关注月偏食)日、月食有规律,一年最多共7次

2021-11-18 11:21:13 分类: 社会

新华社天津11月18日电(记者周润健)一次非常接近全食的月偏食和一次日全食将分别于11月19日和12月4日震撼登场。 作为一种美妙的天文景观,日、月食一年里究竟会发生几次呢? 天文科普专家表示,日、月食有规律,一年最多共发生7次。
天津市天文学会理事、天文科普专家修立鹏介绍说,月食发生的原理很简单。 当从地球上看,太阳和月球刚好处于相对的位置时,地球的阴影会扫过月球,短暂地遮挡住太阳光并使月球变暗,从而形成月食。 需要注意的是,平时见到月亮“不圆”的现象可不是月食,而是“月缺”,是正常的月相。 由于月球围绕地球运动,所以月球被太阳光照射到的可见部分每晚都在变化。 月相在一晚上的时间内不会有太大的变化,而月食发生的完整流程中月亮会在一晚上由圆到缺再复圆。 月食必定发生在“望”(满月)的晚上。
月亮一次完整的相位周期大约是29.5天,这就是一个农历月。 按理说,应当每个农历月都有一次月食。 可惜的是,月球绕地球的运行轨道(白道)和地球绕太阳的运行轨道(黄道)并不在一个平面上,而是有大约5°的交角。 只有当太阳和月球位于两个“黄白交点”附近时,才会发生日食或月食。
就全球来说,每年最多可以发生5次日食,如1935年;最少可发生2次,如2017年。 月食,有的年份一次也没有,如1980年;最多的则有4次,如2020年。
一年当中日、月食最多共可发生7次:其中一种为5次日食和2次月食,如1935年;另一种为4次日食和3次月食,如1982年。 最常见的是发生2次日食和2次月食,如2015年。   修立鹏表示,尽管就整个地球而言,日食发生的次数比月食多,但实际上人们看到月食的机会要比日食多。 这是因为日食带范围不大,仅在月影扫过地面的局部地区才能看到日食,特别是由于全食带更窄,因此日全食在地球上同一地区重复出现的可能性很小,人的一生难得一遇。 但月食可见的地区范围就很大,半个地球都能看到,所以同一地区看到月食的机会比日食要大很多。 (完)