Connect with us

Europe

နေတိုးအဖွဲ့က ရုရှားသံတမန် ၈ ဦးအား နှင်ထုတ်၊ ခြိမ်းခြောက်မှု အဆိုကို ရုရှား ပယ်ချ

ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

နေတိုးဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် ၈ ဦးသည် “ထောက်လှမ်းရေးများ”ဖြစ်နေခြင်းကြောင့် ၎င်းတို့ ၈ ဦး၏ အမြဲတမ်းနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်ကို ၂၀ ဦးမှ ၁၀ ဦးထိ လျှော့ချလိုက်ကြောင်း မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(NATO)အရာရှိတစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးAlexander Grushko က ထိုဆောင်ရွက်မှုသည် နေတိုး၏ “ရုရှားခြိမ်းခြောက်မှု” အဆိုအား ဖြန့်ဝေခြင်း နောက်ထပ်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ယင်းနေ့တွင် တုန့်ပြန်ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးအား တွေ့ရစဉ်(ဆင်ဟွာ)

နေတိုးဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ၈ ဦး၏ နေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းက “သူတို့ဟာ လူမသိတဲ့ ရုရှားထောက်လှမ်းရေးတွေ”ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နေတိုးသို့ စေလွှတ်မည့် ရုရှားအရာရှိကို ၁၀ ဦးအထိ လျှော့ချထားကြောင်း အမည်မဖော်လိုသည့် နေတိုးအရာရှိတစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။

“ရုရှားအပေါ်မှာထားတဲ့ နေတိုးရဲ့ မူဝါဒက မပြောင်းလဲပါဘူး။ ကျွန်တော်တို့အနေနဲ့ ရုရှားကို ရန်စသလိုမျိုးဖြစ်တဲ့လုပ်ဆောင်ချက်ဟာ စိုးရွံ့အောင် ခြိမ်းခြောက်မှုနှင့် ခုခံကာကွယ်မှုကို အားကောင်းစေပေမယ့် တစ်ချိန်တည်းမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လိုဆဲဖြစ်ပါတယ်” ၎င်းအရာရှိက ဆိုသည်။

အထက်ပါဆုံးဖြတ်ချက်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ တပြေးညီ သဘောတူညီမှုရရှိခြင်းဖြစ်ရာ ယခုလကုန်တွင် အသက်ဝင်မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် အထက်ဖော်ပြပါ ရုရှားလူပုဂ္ဂိုလ် ၈ ဦးသည် တာဝန်မှ ထွက်ခွာရမည်ဖြစ်ရာ ၎င်းတို့၏နေရာနှင့်ရုရှားကိုယ်စားလှယ်အဖွဲ့၏ လက်ရှိလစ်လပ်နေသည့် နေရာ ၂ ခုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း Sky News၏ သတင်းများအရ သိရသည်။

နေတိုးအဖွဲ့ကို အမေရိကန်နိုင်ငံက ဦးဆောင်ခြင်းဖြစ်ရာ ရုံးချုပ်ကို ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ထားရှိသည်။၂၀၁၅ ခုနှစ်တွင် နေတိုးဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကို လူ ၃၀ ဦးကန့်သတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့ဝင် ၇ ဦး နေထိုင်ခွင့်အား ဖျက်သိမ်းခဲ့၍ ကိုယ်စားလှယ်အဖြစ် ရုရှားသံတမန် ၃ ဦး၏ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့ရာ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင် ၃၀ ဦး မှ ၂၀ ထိ ဦး လျှော့ချခံခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် Sergei Skripalအဆိပ်သင့်သည့် ဖြစ်ရပ်အပေါ်တုန့်ပြန်ခြင်း ဖြစ်ကြောင်း နေတိုးက ဆိုသည်။

ရုရှား-ဗြိတိန် နှစ်ဖက်သူလျှို Skripalနှင့်၎င်း၏သမီးဖြစ်သူ ၂၀၁၈ ခုနှစ် မတ်လက ဗြိတိန်နိုင်ငံ ဆောဆ်ဘူရီမြို့ လမ်းတွင် မေ့မြောသွားသည့်ဖြစ်စဉ်တွင် ဗြိတိန်နှင့်အမေရိကန်က ရုရှားဘက်မှ အဆိပ်ခတ်ခြင်း ဖြစ်သည်ဟု ပြောကြားထားပြီး ရုရှားကတော့ ၎င်းဖြစ်ရပ်သည် ဗြိတိန်၏ ကိုယ့်ဇာတ်ညွှန်းကိုယ်ကပြပြီး ရုရှားအားစွပ်စွဲခြင်းဖြစ်ကြောင်း အပြစ်တင်ပြောဆိုခဲ့သည်။

နေတိုးအဖွဲ့က ရုရှားသံတမန်ကို နှင်ထုတ်ခြင်း ကိစ္စအပေါ် ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Grushkoက အောက်တိုဘာ ၆ ရက် Kommersant၏တွေ့ဆုံမေးမြန်းမှုတွင် “ရုရှားနဲ့ဆက်ဆံရေး ပြေလည်စေဖို့ အရေးကြီးပုံကို မနေ့က နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ပြောဖြစ်တယ်။ ရုရှား-နေတိုးကောင်စီယန္တရားအောက်တွင် တွေ့ဆုံဆွေးနွေးဖို့ သဘောတူတယ်လို့ ပြောတယ်။ အဲဒီစကားကို ယုံတဲ့သူရှိတယ်ဆိုရင် ဒီနေ့ကိစ္စကို ယုံတဲ့သူရှိမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။
“သူတို့(နေတိုး)က အာဖဂန်အခြေစိုက်လှုပ်ရှားမှုကို ပြာပြာသလဲအဆုံးသတ်လိုက်ရပြီးတဲ့နောက်တော့ ရုရှားခြိမ်းခြောက်မှုအဆိုကို မဖြန့်ဝေဘဲ ဘယ်နေပါ့မလဲ”ဟု Grushkoက ဆိုသည်။

“(ရုရှားသံတမန်တွေ)မကောင်းတဲ့လှုပ်ရှားရှိတယ်ဆိုတဲ့ အပြစ်တင်ချက်က အခြေအမြစ်မရှိသလို အထောက်အထားလည်း ရှာတွေ့မှာမဟုတ်ဘူး ”ရုရှား အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌ Leonid Slutskyက အောက်တိုဘာ ၆ ရက်တွင် ကို ပြောကြားခဲ့သည်။

Leonid Slutskyက “အနောက်နိုင်ငံတွေက သံတမန်ရေးရာမှာ ရုရှားနဲ့ထိပ်တိုက်တွေ့ဖို့မူဝါဒကို ဆက်လက် လက်ကိုင်ထားတယ်၊ နေတိုးအခြေစိုက် ရုရှားသံတမန် ၈ ဦးကို ပယ်ဖျက်လိုက်တာဟာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ထပ်တိုး နိမ့်ကျစေတယ်”၊ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုအတွက် လုံးဝ အထောက်အပံ့မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ “ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်တဲ့နည်းလမ်းတွေကို အပြည့်အဝလုပ်ဆောင်သွားမှာပါ၊ တစ်ဖက်နည်းလမ်းအတိုင်း ထပ်တူဖြစ်ချင်မှလည်း ဖြစ်မယ်”ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)

北约驱逐8名俄罗斯外交人员 俄方斥其编造威胁论

新华社北京10月7日电 北大西洋公约组织官员6日说,俄罗斯常驻北约代表团8名成员是“情报人员”,北约已撤销这8人的常驻资格,并再次削减俄代表团人员编制,从20人减至10人。

俄罗斯外交部副部长亚历山大•格鲁什科同日回应说,这是北约散布所谓“俄罗斯威胁”的又一举动。
北约一名不公开姓名的官员告诉多家媒体,北约已撤销俄罗斯常驻北约代表团8名成员的资格,“他们是不为人知的俄情报人员”;同时北约“已将俄罗斯联邦可派驻北约的职位减至10个”。

这名官员称:“北约对俄罗斯政策不变。我们已对俄方挑衅行为加强了威慑和防御,同时仍愿开展有意义的对话。”
据英国天空新闻频道了解,上述决定经由北约成员国一致同意,将于本月底生效,届时上述8名俄方人员将“离职”,他们的职位和俄代表团另两个目前空缺的职位将被取消。

北约由美国主导,总部设在比利时首都布鲁塞尔。北约2015年对俄罗斯常驻北约代表团人数设定30人上限。
2018年,北约撤销俄常驻北约代表团7名成员的资格,拒绝3名俄外交人员常驻北约的申请,将俄代表团编制从30人减至20人。北约称此举是对谢尔盖•斯克里帕尔“中毒”事件的回应。

前俄英双面间谍斯克里帕尔和女儿2018年3月在英国索尔兹伯里市街头昏迷。英美声称这对父女遭俄方“下毒”。俄方指责英方“自导自演”、构陷俄方。
就北约再次驱逐俄外交人员,俄罗斯副外长格鲁什科6日接受俄《生意人报》采访时说:“昨天,北约领导人谈到缓和与俄罗斯关系的重要性,宣称赞同恢复俄罗斯-北约委员会机制下的对话……如果有人(昨天)信了那些话,今天就没人信了。”

格鲁什科说:“他们(北约)惊心动魄地结束了驻阿富汗的行动之后,怎么可能不散布一波‘俄罗斯威胁’呢?”
俄罗斯国家杜马(议会下院)国际事务委员会主席列昂尼德•斯卢茨基6日告诉塔斯社:“所有关于所谓(俄外交人员)恶意活动的指责都无根据,不会找到证据。”
斯卢茨基说,“整个西方继续奉行在外交上与俄罗斯对峙的政策,取消俄罗斯联邦常驻北约代表团8名成员的资格将进一步降低合作水平”,完全无助于建立对话;他相信俄外交部将拿出“充分的回应措施,未必会(与对方方式)相同”。(吴宝澍)

图说1:这是2020年2月12日在比利时布鲁塞尔拍摄的北约总部。(新华社记者张铖摄)

图说2:2018年3月14日,英国政府宣布驱逐23名俄罗斯外交官,以报复俄罗斯涉嫌参与发生在英国的俄前特工“中毒”事件。图为在伦敦拍摄的俄罗斯驻英国大使馆。(新华社发,史蒂芬•程摄)