Connect with us

China

နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေးဆိုင်ရာ နျူးကလီးယား(၅) နိုင်ငံခေါင်းဆောင်များ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းအပေါ် တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာကျော့ရွှိအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နျူကလီးယားလက်နက်ပိုင်(၅)နိုင်ငံခေါင်းဆောင်များသည်《နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေးနှင့် စစ်လက်နက်ပြိုင်ဆိုင်မှု ရှောင်ရှားရေးဆိုင်ရာ ပူးတွဲကြေညာချက်》ကို ပေကျင်းစံတော်ချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောရွှိက မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားပြီး ပူးတွဲကြေညာချက်၏ အရေးကြီးအနက်အဓိပ္ပါယ်၊ တရုတ်နိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများနှင့် နျူကလီးယားကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအားကောင်းစေရေး အဆိုပြုချက်တို့အား မိတ်ဆက်ပြောကြားခဲ့သည်။

နှစ်သစ်အစတွင် 《နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေးနှင့် စစ်လက်နက်ပြိုင်ဆိုင်မှု ရှောင်ရှားရေးဆိုင်ရာ ပူးတွဲကြေညာချက်》ကို တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နျူကလီးယားလက်နက်ပိုင်(၅)နိုင်ငံအတူတကွ ထုတ်ပြန်ကြေညာခဲ့ရာ နျူကလီးယားစစ်ပွဲသည် အနိုင်မရှိသလို တိုက်၍လည်း မဖြစ်ကြောင်း၊ နျူကလီးယားလက်နက်ဖြင့် အပြန်အလှန် သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ထိုးချိန်မည် မဟုတ်ကြောင်း ထပ်မံအလေးထား ဖော်ပြခဲ့ကြသည်ဟု မာကျော့ရွှိက ပြောကြားခဲ့သည်။ ၎င်းမှာ ၅ နိုင်ငံခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် နျူကလီးယားလက်နက်ရေးရာအပေါ် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ရာ နိုင်ငံ ၅ နိုင်ငံ၏ နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးလိုသည့် နိုင်ငံရေးသဘောဆန္ဒကို ဖော်ပြခြင်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတည်ငြိမ်ရေး၊ နျူကလီးယားပဋိပက္ခဖြစ်ပွားမှုအန္တရာယ်လျှော့ချရေး၏ တူညီသည့် စကားသံဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ကမ္ဘာသည် နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ်ကပ်ရောဂါရောယှက်မှုရှိနေရာ နိုင်ငံတကာ မဟာဗျူဟာလုံခြုံရေးကဏ္ဍ ကြီးမားသည့်စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ နျူကလီးယား ၅ နိုင်ငံ ခေါင်းဆောင်များ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းသည် အပြန်အလှန် ယုံကြည်မှု တိုးပွားရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဖြင့် နိုင်ငံကြီးယှဉ်ပြိုင်မှုကို အစားထိုးရေးအတွက် အထောက်အပံ့ဖြစ်စေသလို အခြေအနေတစ်ရပ်လုံးတည်ငြိမ်မှုကို တည်ဆောက်ရေး၊ နိုင်ငံကြီးဆက်ဆံမှု မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်ပေသည်။

“နျူကလီးယား စစ်ပွဲသည် အနိုင်မရှိ၊ တိုက်၍လည်းမရ”ဟူသော ခံယူချက်ကို တရုတ်နိုင်ငံက အစဉ်အမြဲ အပြုသဘောအဆိုပြုလျက်ရှိသလို ၅ နိုင်ငံ ပူးတွဲလှုပ်ရှားမှုအတွက်လည်း အားကောင်းသည့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မာကျော့ရွှိက အလေးထားပြောကြားခဲ့သည်။ ပူးတွဲကြေညာချက် ဆွေးနွေးညှိနှိုင်းမှုတွင် တရုတ်နိုင်ငံ “နျူကလီးယားလက်နက်ဖြင့် အပြန်အလှန် သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ထိုးချိန်မည် မဟုတ်”ဟူသော အရေးကြီး အကြောင်းအရာကို ထပ်မံအလေးထား ထည့်သွင်းဖော်ပြရန် တွန်းအားပြုခဲ့ပြီး အပြုသဘောဆောင်၊အားကောင်းသည့် ကြေညာချက်အား ၅ နိုင်ငံသဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရာတွင် အရေးကြီးသည့် တွန်းအား ဖြစ်ခဲ့ကြောင်း ဆိုသည်။

နျူကလီးယား ၅ နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သလို 《နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်》တွင် နျူကလီးယားလက်နက်ပိုင်နိုင်ငံများအဖြစ် တရားဝင်သတ်မှတ်ထားခြင်းဖြစ်ရာ နျူကလီးယားစစ်ပွဲတားဆီးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းရန် တူညီသည့် တာဝန်ဝတ္တရား ရှိကြကြောင်း မာကျော့ရွှိက ပြောကြားခဲ့သည်။ နိုင်ငံ (၅) နိုင်ငံသည် ပူးတွဲကြေညာချက်ကို စမှတ်သစ်အဖြစ်ထားရှိကာ အပြန်အလှန်ယုံကြည်မှုတိုးပွားအောင်၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်သင့်ရာ အဓွန့်ရှည်ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် အများလုံခြုံရေးအတွက် ကမ္ဘာကြီးတွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် မိမိကိုယ်ကိုခုခံကာကွယ်သည့် နျူကလီးယာမဟာဗျူဟာကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားရှိပြီး နျူကလီးယားလက်နက် ဦးစွာ အသုံးမပြုရေး မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ၊ နျူကလီးယားအင်အားကို အမျိုးသားလုံခြုံရေး ကာကွယ်ထိန်းသိမ်းမှု လိုအပ်ချက်၏ အနိမ့်ဆုံးတွင် ထားရှိမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှုကိုယ်၌က ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာတည်ငြိမ်ရေးအတွက် အရေးကြီးသည့် အကျိုးဆောင်မှုပင် ဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံသည် နျူကလီးယားကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဆက်လက် တွန်းအားပေးဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ဉာဏ်ပညာ၊ တရုတ်နိုင်ငံ၏နည်းလမ်းဖြင့် အဆိုပြု အကျိုးဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအား နှစ်သက်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
(外事)外交部副部长马朝旭就五核国领导人防止核战争联合声明接受媒体采访
2022-01-03 21:03:02
新华社北京1月3日电北京时间2022年1月3日,中国、俄罗斯、美国、英国、法国五个核武器国家领导人共同发表《关于防止核战争与避免军备竞赛的联合声明》。外交部副部长马朝旭接受媒体采访,介绍联合声明的重要意义和中方所作努力,以及中方关于加强核领域全球治理的主张。
马朝旭表示,新年伊始,中、俄、美、英、法五个核武器国家共同发表《关于防止核战争与避免军备竞赛的联合声明》,强调核战争打不赢也打不得,重申不将核武器瞄准彼此或其他任何国家。这是五国领导人首次就核武器问题发表声明,体现了五国防止核战争的政治意愿,也发出了维护全球战略稳定、减少核冲突风险的共同声音。
当前,世界百年变局和世纪疫情交织叠加,国际战略安全领域面临许多重大挑战。五核国领导人发表联合声明,有助于增进相互信任,以协调合作代替大国竞争,对于构建总体稳定、均衡发展的大国关系也具有积极意义。
马朝旭强调,中国一直积极倡导“核战争打不赢也打不得”理念,并且为五国采取共同行动发挥了有力的引领作用。在联合声明磋商过程中,中方还推动写入重申不将核武器瞄准彼此或其他任何国家等重要内容,为五国达成一份内容积极、有分量的声明起到了重要的推动作用。
马朝旭表示,五核国既是联合国安理会常任理事国,也是《不扩散核武器条约》法定的核武器国家,都负有防止核战争、维护世界和平的共同责任。五国理应以联合声明为新的起点,增进互信,加强协作,为建设持久和平、普遍安全的世界发挥积极作用。
中国始终坚持自卫防御的核战略,奉行不首先使用核武器政策,将核力量维持在维护国家安全需要的最低水平,这本身就是对全球战略稳定的重要贡献。中国将继续为推动核领域全球治理贡献中国智慧、提出中国方案,愿同所有爱好和平的国家开展合作。(完)