Connect with us

Europe

ပူတင်နှင့်ဘိုင်ဒန် ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုက ရုရှား-အမေရိကန် ဆက်ဆံရေး ပြောင်းလဲလာနိုင်မလား

ဂျီနီဗာ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှား သမ္မတ ပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် တည်ငြိမ်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် စသည့် ကဏ္ဍများတွင် အကန့်အသတ်ဖြင့် သဘောတူညီမှုရရှိခဲ့သော်လည်း ယူကရိန်းအရေး၊ လူအခွင့်အရေး စသည်တို့တွင် သိသာထင်ရှားသည့် ကွဲလွဲမှုများ ရှိနေဆဲဖြစ်ရာ သိသာထင်ရှား ကြီးမားသည့် ပြောင်းလဲမှု မရရှိခဲ့ကြောင်း သိရသည်။သုံးသပ်လေ့လာသူအချို့က ယခုအကြိမ် အမေရိကန်-ရုရှား နှစ်နိုင်ငံခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှုသည် နှစ်ဖက်အကြား “အေးဆေးတည်ငြိမ်သည့် တွေ့ဆုံဆွေးနွေးမှု” ပြန်လည်ပြုလုပ်ရန်အတွက် အခွင့်အလမ်းဖြစ်ရာ သမိုင်းကာလ နှစ်နိုင်ငံဆက်ဆံရေးအနိမ့်ဆုံးအဆင့်မှ နောက်ထပ် မဆိုးဝါးလာစေရန် တားဆီးရာတွင် အထောက်အကူဖြစ်စေသော်လည်း ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စတင်ပြီး ပုံမှန်ရောက်ရှိအောင် ဆောင်ရွက်ရန်မှာ လက်တွေ့မကျဟု ယူဆကြသည်။

【တည်ငြိမ်မှုရှိသည့် ဆက်ဆံရေး】

အမေရိကန်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်တွေ့ဆုံရာတွင် မဟာဗျူဟာမြောက် တည်ငြိမ်ရေး၊ ယူကရိန်းအရေး၊ ဆိုက်ဘာလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ရာသီဥတုပြောင်းလဲမှု စသည့် ကဏ္ဍများတွင် အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး နှစ်ဦးစလုံးက သီးခြားစီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြရာ ပူတင်က “အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု”ဖြစ်ပြီး နှစ်ဖက်အကြား ရန်လိုမှုမရှိဟု ပြောကြားခဲ့သလို ဘိုင်ဒန်ကလည်း ဆွေးနွေးပွဲသည် “ကောင်းမွန်ပြီး အပြုသဘောဆောင်”သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှားသမ္မတ ပူတင်တို့တွေ့ဆုံဆွေးနွေးသည့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ Villa La Grange အဆောက်အဦ၏ မြင်ကွင်းအား ဇွန် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့နောက် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်တွင် မကြာခင်အနာဂတ်အတွင်း နှစ်ဖက်အကြား မဟာဗျူဟာမြောက် တည်ငြိမ်သည့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အနာဂတ်စစ်လက်နက်ထိန်းချုပ်ရေးနှင့် အန္တရာယ်ဖြစ်ပွားမှုကို လျှော့ချနိုင်ရေးအတွက် အုတ်မြစ်ချရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သံတမန်ရေးဖြင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြရာ နှစ်ဖက်သံအမတ်ကြီးများကို မော်စကိုနှင့်ဝါရှင်တန်သို့ အသီးသီးပြန်လာခွင့်ပေးရန် ကိစ္စလည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်-ရုရှား ဆက်ဆံရေးသည် ယခုနှစ်များတွင် ဆက်တိုက် တင်းမာမှုရှိလာခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒန်အစိုးရ အာဏာရပြီးနောက်ပိုင်း အမေရိကန်-ရုရှား နိုင်ငံအကြားတွင် စစ်လက်နက်ထိန်းချုပ်ရေးကဏ္ဍ၌ အကန့်အသတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ယူကရိန်းအရေး၊ ဆိုက်ဘာလုံခြုံရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုစသည့် ပြဿနာများတွင် ကွဲလွဲမှုများ ပေါ်လွင်လာခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ဆိုးဝါးလာခဲ့သည်။ ဧပြီလလယ်ပိုင်းတွင် အမေရိကန်အစိုးရက ဆိုက်ဘာတိုက်ခိုက်မှု၊ အမေရိကန် ရွေးကောက်ပွဲတွင် ပါဝင်စွက်ဖက်မှုစသည့် ဆိုးဝါးသည့် လုပ်ရပ်များ ရုရှားပြုလုပ်သည်ဟု ဆိုသည့်အကြောင်းပြချက်ဖြင့် ရုရှားကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့မှုများ ပြုလုပ်ကာ ရုရှား သံတမန် (၁၀)ဦးကို နှင်ထုတ်ခဲ့သည်။ ထိုကိစ္စဖြစ်ပွားပြီး တစ်လအကြာတါင် ရုရှားအစိုးရက အမေရိကန်နိုင်ငံကို “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”အမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ထိုအခြေအနေမျိုးတွင် အမေရိကန်- ရုရှား ထိပ်သီးအစည်းဝေးကျင်းပခြင်းသည် နှစ်ဖက်အကြား တင်းမာသည့်ဆက်ဆံရေးကို ဖြေလျှော့နိုင်ရန် အထောက်အကူဖြစ်မည်ဟု ယူဆချက်များရှိသည်။ ဂျီနီဗာ လုံခြုံရေးမူဝါဒ သုတေသနစင်တာ ညွှန်ကြားရေးမှူး၊ ယခင် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး Thomas Gremingerက နှစ်နိုင်ငံဆက်ဆံရေး ဆက်တိုက် ဆိုးဝါးလာခဲ့ပြီး အပြန်အလှန်ယုံကြည်မှုရေချိန် သမိုင်းကာလတွင် အနိမ့်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ရာ ယခု ထိပ်သီးဆွေးနွေးပွဲက “အေးဆေးတည်ငြိမ်သည့် တွေ့ဆုံဆွေးနွေးမှု” ပြန်လည်ပြုလုပ်ရန်အတွက် အခွင့်အလမ်းဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အပြုသဘောဆောင်သည့် တွန်းအား ဖြစ်လိမ့်မည်ဟု ဆိုသည်။ နိုင်ငံခြားဆက်ဆ့ရေးကောင်စီ(CFR)ဥက္ကဋ္ဌ Richard N. Haassက အမေရိကန်အနေဖြင့် ယခုထိပ်သီးဆွေးနွေးပွဲ၏ရည်ရွက်ချက်က နှစ်ဖက်တူညီသည့်ရလဒ်ရရှိစေနိုင်ရန် မဟုတ်ဘဲ အခြေအနေ ထပ်ပြီး မဆိုးဝါးလာစေရန် သံတမန်ရေးအရ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကြောင်း ဆိုသည်။
ဘိုင်ဒန်အစိုးရအနေဖြင့် လက်ရှိ ရုရှားအပေါ်ထားရှိသည့်မဟာဗျူဟာသည် ပြီးပြည်စုံသည့်အနေအထားမရှိသေး၍ ထိပ်သီးဆွေးနွေးပွဲ၏အနက်အဓိပ္ပါယ်က အကန့်အသတ်ရှိကြောင်း အမေရိကန်နိုင်ငံBrookings Institution ပညာရှင်အဖွဲ့ အဆင့်မြင့်သုတေသီ Michael O’Hanloက ယူဆသည်။

【ပဋိပက္ခဖြေရှင်းရန် ခဲယဉ်းမှုရှိနေ】

အမေရိကန်-ရုရှား ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဆွေးနွေးခြင်းက နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက်ဆိုးဝါးလာမှုကို တားဆီးနိုင်သော်လည်း နှစ်ဖက်ဆက်ဆံရေးသည် တစ်ကြိမ်တစ်ခါတွေ့ဆုံရုံမျှဖြင့် အလျင်အမြန် ပြန်လည်စတင်၍ ပုံမှန်ဖြစ်လာရန်မှာ ခဲယဉ်းကြောင်း သုံးသပ်သူအချို့က ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံခေါင်းဆောင်များက ပွင့်လင်းစွာ ဖလှယ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ သို့သော် ယူကရိန်းအရေး၊ လူ့အခွင့်အရေးစသည့် ပြဿာနာများတွင် နှစ်ဖက်အကြား ထင်ရှားသည့် ကွဲလွဲမှုများရှိနေဆဲဖြစ်သည်။ အမေရိကန်နှင့်မဟာမိတ်တို့၏ အဓိကအကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်ဆောင်ရွက်မှုမျိုးမဆို လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က အလေးထားပြောကြားခဲ့သလို ရုရှားလူ့အခွင့်အရေးကို လက်ညှိးထိုးအပြစ်တင်သည့် အမေရိကန်ကို ပူတင်က အာဖဂန်နစ္စတန်တွင် အရပ်သားပြည်သူအများအပြား တိုက်ခိုက်မှု ၊ Guantanamoအကျဉ်းထောင် စသည့် ကိစ္စများတွင် အမေရိကန်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအား ထုတ်ဖော်ပြောကြားပြီး တုန့်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ HSE University ဥရောပနှင့်နိုင်ငံတကာရေးရာသုတေသနစင်တာ ပါမောက္ခDmitry Suslovက ရုရှားနှင့်အမေရိကန်အကြား ပဋိပက္ခစနစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဖြေရှင်းဖို့ ခဲယဉ်းသည်ဟု ယူဆသည်။ ရုရှား၏ပြည်တွင်းရေး ဝေဖန်မှုကို အမေရိကန်က ရပ်တန့်သွားမည်မဟုတ်သလို ရုရှားအပေါ် ပိတ်ဆို့မှုများ ပို၍ ဆိုးဝါးလာနိုင်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး မည်သည့်ပုံစံနှင့်မျှကောင်းမွန်လာရန် မျှော်လင့်မထားသင့်ရာ နှစ်ဖက်ဆက်ဆံရေးသည် ကြိုတင်ခန့်မှန်းနိုင်သည့် အနာဂတ်ကာလတွင် အားပြိုင်ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုရှားနှင့် အမေရိကန် နှစ်ဖက်မူဝါဒက ရုတ်ခြည်း အချိုးအကွေ့ဖြစ်မည်မဟုတ်ကြောင်း ၊ ဝါရှင်တန်နှင့်မော်စကို၏ ရေရှည်အားပြိုင်မှုက အစပြုနေခြင်းသာ ဖြစ်ကြောင်း ရုရှားနိုင်ငံရေး သတင်းအချက်အလက်စင်တာ ညွှန်ကြားရေးမှူး Alexey Mukhinက ဆိုသည်။

ရုရှား-အမေရိကန် နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းချုပ်၍ရသည့် အတိုင်းအတာအတွင်း ထိပ်တိုက်ရင်ဆိုင်အားပြိုင်သည့်ပုံစံမျိုး ထားရှိလိုကြကြောင်း Dmitry Suslovက ဆိုသည်။ ထိုပုံစံကို အခြေပြုပြီး အားပြိုင်မှုအတွင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ဘုံစိန်ခေါ်မှုနှင့် ဘုံအကျိုးစီးပွားများတွင် ရွေးချယ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်လက်နက်ထိန်းချုပ်ရေးနှင့် မဟာဗျူဟာတည်ငြိမ်မှုရှိရေး စသည့် နှစ်ဖက် ဘုံအကျိုးစီးပွား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ဖို့ အမှန်တကယ် အကောင်အထည်ဖော်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ဟု သုံးသပ်သူအချို့က ထောက်ပြပြောဆိုကြသည်။
နျူကလီးယားစစ်ပွဲရှောင်ရှားနိုင်ရေး ရည်မှန်းချက်မှလွဲ၍ အမေရိကန်နှင့်ရုရှားသည် နျူကလီးယားအရေး အကျိုးစီးပွားတွင် အချိုးမညီမှုများ ပေါ်ပေါက်လာကြောင်း Carnegie အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန နျူကလီးယားအရေး ကျွမ်းကျင်ပညာရှင် James M. Actonက ဆိုသည်။ အမေရိကန်အနေဖြင့် ရုရှား၏ ယခုကာလများတွင် သုတေသနပြုထုတ်လုပ်သည့် နျူကလီးယားစွမ်းအင်သုံးခရုဇ်ဒုံးကျည်စသည့် နျူကလီးယားလက်နက်သစ်များကို စိုးရိမ်မှုရှိသလို ရုရှားအနေဖြင့်လည်း အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် ပစ်မှတ်အတိအကျပစ်ခတ်တိုက်ခိုက်နိုင်သည့် လက်နက် စသည့် လက်နက်စနစ်များကို စိုးရွံ့မှုများရှိရာ နှစ်ဖက်ဆွေးနွေးမှုကို အခက်တိုးစေကြောင်း ဆိုသည်။ (Xinhua)

#Putin, #Biden, #Meeting, #myanmar, #xinhua, #xinhuamyanmar, #ပူတင်, #ဘိုင်ဒန်, #တွေ့ဆုံဆွေးနွေးပွဲ, #ဆင်ဟွာ

…………………………………………
(Chinese Version)

国际观察|普京和拜登这一面,能改俄美关系吗?

新华社日内瓦6月17日电(记者凌馨、左为)美国总统拜登和俄罗斯总统普京16日在瑞士日内瓦举行会晤。双方就启动美俄双边战略稳定对话等达成有限共识,但在乌克兰、人权等议题上仍分歧明显,未取得任何重大突破。

分析人士认为,此次美俄首脑会晤为双方恢复“冷静对话”提供契机,有助于阻止已处于历史低点的美俄关系进一步恶化,但期待两国关系因此次会晤“重启”乃至“正常化”恐怕并不现实。
稳定关系
当天会晤中,美俄领导人就战略稳定、乌克兰、网络安全、人权、气候变化等问题进行交流。会后两人分别举行记者会,普京评价双方进行了“有建设性的对话”,彼此没有表现出敌意;拜登也表示会晤气氛是“良好和积极的”。

双方会后发表一份简短的共同声明。声明说,双方“将在不久的将来共同着手进行综合双边战略稳定对话”,寻求“为未来的军控和降低风险奠定基础”。双方还同意就在外交层面上互动展开磋商,包括让双方大使重回驻在国工作。

美俄关系近年来持续紧张。拜登政府上台以来,美俄在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。4月中旬,美国政府以俄罗斯进行网络袭击、干预美国选举等“恶意活动”为由,宣布对俄实施大规模制裁并驱逐10名俄外交人员;一个月后,俄罗斯政府宣布将美国列入对俄不友好国家名单。

在此背景下举行的美俄峰会被认为有助于缓和双方的紧张关系。日内瓦安全政策研究中心主任、前欧洲安全与合作组织秘书长托马斯•格雷明格说,美俄关系持续恶化,双方互信水平已降到历史最低点,这次峰会为双方恢复“冷静对话”提供了机会,将给美俄关系提供更具建设性的动力。美国外交学会会长理查德•哈斯指出,对美国而言,此次峰会的目标不在于双方能否实现共同成果,有时防止让局势变得更糟是外交层面的唯一选择。
美国智库布鲁金斯学会高级研究员迈克尔•欧汉龙则认为,拜登政府目前在对俄战略上没有完整的概念,此次峰会意义有限。

矛盾难解
分析人士强调,尽管美俄首脑会晤可能阻止两国关系持续恶化,但双边关系很难凭一次会晤就能迅速“重启”乃至“正常化”。
美俄领导人均在会晤后表示,双方进行了坦率的交流。不过,在涉及乌克兰、人权等诸多问题上,双方仍存在明显分歧。如拜登强调,美国将对任何损害美国及其盟友关键利益的行为予以反击。而针对美方对俄罗斯人权状况的指责,普京以美国在阿富汗对平民的大规模袭击、在关塔那摩监狱等采取的侵犯人权行径为例予以回击。

俄罗斯国立高等经济学院欧洲和国际研究中心教授德米特里•苏斯洛夫认为,俄美之间的系统性矛盾仍将持续存在,难以解决。他表示,美国不会停止对俄罗斯国内事务的批评,对俄制裁更可能变本加厉,不应期待俄美关系得到任何形式的改善,双方关系在可预见的未来仍将是“对抗性的”。
俄罗斯政治信息中心主任阿列克谢•穆欣也表示,俄美双边政策不会发生急转弯,“华盛顿与莫斯科间的一场长期博弈才刚刚开始”。
苏斯洛夫还说,俄美双方都支持两国关系维持一种“可控范围内的对抗”模式。基于这一模式,双方一方面在对抗中保持自我克制,同时在某些面临共同挑战和拥有共同利益的问题上展开“有选择性合作”。

不过,分析人士也指出,即使在军控和战略稳定等双方有共同利益的问题上,要想真正实现合作也并非易事。卡内基国际和平研究院核问题专家詹姆斯•阿克顿说,除了避免核战争这一整体目标外,美俄在核问题上的利益逐渐呈现不对称性。美国对俄罗斯近来研发的核动力巡航导弹等新式核武器表示忧虑,而俄罗斯更忌惮美国的反导系统和精确打击武器等常规武器系统,这种不对称性将提升双方谈判的难度。(参与记者:石昊、刘品然、兴越)

图说1:6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦的拉格朗热别墅举行会晤。(新华社发,Pool图片,丹尼斯•巴利布斯摄)
图说2:这是6月15日在瑞士日内瓦拍摄的拉格朗热别墅。拜登与普京16日在此举行会晤。(新华社记者郭晨摄)