Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ “အရှည်ဆုံးနှင့်အမြန်ဆုံး” အမျိုးသားရထားလမ်းစီမံကိန်းကို တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိနှင့် ဖိလစ်ပိုင်းနိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တို့က ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီအများအပြားပါဝင်ဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းတစ်ခုသည် ပြီးခဲ့သည့်ရက်က ဖိလစ်ပိုင်အမျိုးသားရထားလမ်း တောင်ဘက်လမ်းပိုင်း ခရီးဝေးသယ်ယူပို့ဆောင်ရေးအပိုင်း၏ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းကို လေလံအောင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိအချိန်ထိ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်း စီမံကိန်းကို တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းမှာ ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်စေရေး၊ သယ်ယူပို့ဆောင်ရေး စွမ်းအင်မြှင့်တင်ရေးနှင့် ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းသည် ဖိလစ်ပိုင်နိုင်ငံ Laguna Province ပြည်နယ် Calamba မြို့မှ အစပြုပြီး Albay ပြည်နယ် Legazpi မြို့တွင် အဆုံးသတ်ကြောင်း စုစုပေါင်းအရှည် ၃၈၀ ကီလိုမီတာ ရှိပြီး Luzon ကျွန်းတောင်ပိုင်း ပြည်နယ်များကို ဆက်သွယ်ထားကြောင်း၊ ၎င်းစီမံကိန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး စီမံကိန်းစုစုပေါင်းတန်ဖိုးမှာ ဖိလစ်ပိုင်ပီဆို ၁၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်) ရှိကြောင်း ဖိလစ်ပိုင်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် စီမံကိန်း၏ ခရီးသည်ပို့ဆောင်ရေးရထား လည်ပတ်မှု အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား လည်ပတ်မှု အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀-၁၀၀ ဖြစ်ပြီး နှစ်စဉ်ခရီးသည်ပို့ဆောင်နိုင်မှုသည် ၁၄ ဒသမ ၆ သန်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းဆောက်လုပ်ပြီးစီးပါက မြို့တော်မနီလာမှ တောင်ပိုင်း Bicol ဒေသသို့ ခရီးသွားလာမှုကြာချိန်သည် လက်ရှိ ၁၂ နာရီကြာမြင့်ရာမှ ၄ နာရီအထိ လျှော့ချပေးသွားနိုင်မည် ဖြစ်သည်။

ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီးHuang Xilian က အဆိုပါစီမံကိန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်းစီမံကိန်းဖြစ်သလို တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်သစ်ဖြစ်လာမည် ဟုဆိုသည်။ စီမံကိန်းတည်ဆောက်မှု ကာလအတွင်း နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ ကျော်နှင့် ဆက်စပ်လုပ်ငန်းများကိုတွန်းအားပေးရင်း စီမံကိန်းတလျှောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
(国际)中企将承建菲律宾“最长最快”国铁项目
2022-01-19 17:57:55 分类: 政治法律
新华社马尼拉1月19日电(记者刘锴 闫洁)由多个中国企业组成的联营体日前中标菲律宾国家铁路南线长途运输段一期工程,将承建菲律宾迄今里程最长、速度最快的铁路项目,以完善当地基础设施,增强运输能力,满足出行需求。
菲律宾交通部18日在一份声明中说,一期工程起点为内湖省卡兰巴市,终点为阿尔拜省黎牙实比市,全长380公里,连接吕宋岛南部多个省份,是菲律宾“大建特建”重点项目之一,项目总额为1420亿菲律宾比索(约合28亿美元)。
声明说,项目客运列车运营速度预计为最高每小时160公里,货运列车运营速度为每小时80至100公里,年发送旅客能力为1460万人次。项目建成后,首都马尼拉大区至南部比科尔大区的通行时间将从现行的12小时缩短至4小时。
中国驻菲律宾大使黄溪连表示,这不仅是菲律宾迄今里程最长、速度最快的铁路项目,也将是中菲友谊合作的又一里程碑。项目建设期间,每年将直接创造1万个就业岗位,并带动相关行业创造更多就业机会,以促进项目沿线经济发展。(完)
图说-2021年6月7日,国务委员兼外长王毅在重庆会见菲律宾外长洛钦。