Connect with us

Europe

ဗြိတိန်နိုင်ငံ တွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၂,၀၀၀ ကျော်ရှိ ၊ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှစ၍ အမြင့်ဆုံးစံချိန်သို့ ပြန်လည်ရောက်ရှိခြင်းဖြစ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လူများ ဇွန် ၁၉ ရက်၌ ကာကွယ်ဆေးထိုးနှံမှုခံယူရန် တန်းစီနေကြသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ အစိုးရ ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂၂,၈၆၈ ဦးရှိပြီး ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစ၍ အမြင့်ဆုံး စံချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နှင့် ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄,၇၅၅,၀၇၈ ဦးအထိ သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ထုတ်ပြန်ကြေညာချက်အရ ဇွန် ၂၈ ရက်တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၃ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၂၈,၁၀၃ ဦးအထိ ရောက်ရှိလာကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ဇွန် ၂၈ ရက်တွင် ဗြိတိန်နိုင်ငံ၌ ရောဂါထပ်မံကူးစက်ခံရသူ မြင့်တက်လာခဲ့ခြင်းမှာ နည်းပညာပြဿနာ နှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။ အင်္ဂလန် အများပြည်သူကျန်းမာရေးဌာန က COVID-19 ရောဂါ ကူးစက်ခံရသူ စာရင်းပြုစုရာတွင် နည်းပညာဆိုင်ရာ ပြဿနာ ဖြစ်ပွားခဲ့သဖြင့် အချို့သော စာရင်းများကို ဇွန် ၂၈ ရက်သို့ ပေါင်းထည့် စာရင်းပြုစုခဲ့ရကြောင်း ဇွန် ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဗီဇပြောင်း Delta ရောဂါပိုး (အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံး ထုတ်ပြန်ကြေညာခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုး B.1.617.2) သည် ဗြိတိန်နိုင်ငံ အချို့သော ဒေသများတွင် လျင်မြန်စွာ ပျံ့နှံ့လာသောကြောင့် အင်္ဂလန်တွင် အချိန် ၄ ပတ်တိုးမြှင့်၍ နောက်ဆုံးအဆင့် ပိတ်ဆို့မှု ပယ်ဖျက်သည့် လုပ်ငန်းကို ရွေ့ဆိုင်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က ဇွန် ၁၄ ရက်ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်ထုတ်ပြန်ထားသည့် ပိတ်ဆို့မှု ပယ်ဖျက်ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ COVID-19 ကပ်ရောဂါ အခြေအနေ တည်ငြိမ်မှုရှိပါက အင်္ဂလန်ဒေသတွင် ဇွန် ၂၁ ရက်၌ နောက်ဆုံးအဆင့် ပိတ်ဆို့မှုဖြေလျှော့ခြင်းဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်ဆောင်ရွက်မှုများကို ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)

(国际疫情)英国单日新增新冠确诊病例创1月底以来新高

新华社伦敦6月28日电(记者张家伟 金晶)英国政府28日发布的数据显示,该国当天新增新冠确诊病例22868例,创今年1月底以来单日最高纪录,累计确诊4755078例。

数据还显示,英国当天新增新冠死亡病例3例,累计死亡128103例。
据英国媒体报道,28日该国新增确诊病例数增多还和“技术问题”有关。英格兰公共卫生局表示,由于英格兰地区27日的病例统计出现一些“技术问题”,其中一些数据被纳入28日的统计数据中。

英国首相约翰逊本月14日晚宣布,鉴于德尔塔毒株(印度首先报告的B.1.617.2变异新冠病毒)正在英国部分地区快速传播,英格兰地区将推迟4周执行最后阶段的“解封”措施。按照此前公布的“解封”路线图,如果新冠疫情形势稳定,英格兰地区原定在6月21日实施最后阶段的放宽措施,取消剩余的防疫限制措施。(完)

Photo
6月19日,人们在英国伦敦一家新冠疫苗接种中心外排队。(新华社发,雷伊•唐摄)