Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ သိန်းကျော်အထိ ရောက်ရှိ ၊ ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာ

ဆော်ပိုလို ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၁၉ ရက်ညပိုင်း၌ ထုတ်ပြန်သည့် စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၈၂,၂၈၈ ဦးရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၁၇,၈၈၃,၇၅၀ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၂,၃၀၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၅၀၀,၈၀၀ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် ၅ သိန်းအထက်ရှိသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း လည်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူ တတိယအများဆုံးနိုင်ငံအဖြစ် အမေရိကန် နှင့် အိန္ဒိယ နိုင်ငံ များနောက် ရပ်တည်လျက်ရှိကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံ နောက်တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့၌ အမျိုးသားတစ်ဦးက မေ ၂၉ ရက်၌ နှာခေါင်းစည်းတပ်၍ ဘတ်စ်ကားစီးနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အဓိက သတင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ ပြည်နယ်အသီးသီး ရှိ ကျန်းမာရေးဌာန တို့၏ စာရင်းပြုစုချက်အရ ဇွန် ၁၉ ရက်အထိ တစ်ပတ်အတွင်း နေ့စဉ်ပျှမ်းမျှ လူပေါင်း ၇၂,၀၀၇ ဦး COVID-19 ရောဂါကူးစက်ခံရပြီး ယခင်နှစ်ပတ်ဖြင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ၊ လွန်ခဲ့သည့် ရက်ပေါင်း ၈၀ အတွင်း ကပ်ရောဂါဆိုင်ရာ ကူးစက်ခံရမှုစာရင်းပြုစုချက်တွင် ပထမဦးဆုံးအကြိမ် ပြန်လည်၍ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ နေ့စဉ် ပျှမ်းမျှ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၀၇၃ ဦးရှိပြီး ယခင် ၂ ပတ်အချိန်ဖြင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့၌ ပြည်သူများက မေ ၂၉ ရက်၌ နှာခေါင်းစည်းတပ်၍ သွားလာနေကြသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် စာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် ပထမဦးဆုံး COVID-19 ရောဂါကြောင့် သေဆုံးသူ ဖြစ်ပွားပြီးနောက် လူပေါင်း ၁ သိန်း သေဆုံးရန် အချိန် ၁၄၉ ရက် ကြာမြင့်ခဲ့ကြောင်း ၊ လူပေါင်း ၁ သိန်း မှ ၂ သိန်းသေဆုံးရန် အချိန် ရက်ပေါင်း ၁၅၂ ရက်ကြာမြင့်ခဲ့ကြောင်း ၊ လူပေါင်း ၂ သိန်း မှ ၃ သိန်း အထိ သေဆုံးရန် ၇၆ ရက်သာ ကြာမြင့်ခဲ့ပြီး ၃ သိန်း မှ ၄ သိန်း သေဆုံးရန် ရက်ပေါင်း ၃၆ ရက်သာ ကြာမြင့်ကြောင်း ၊ COVID-19 ရောဂါဖြင့် လူပေါင်း ၄ သိန်းမှ ၅ သိန်း အထိ သေဆုံးရန် ရက်ပေါင်း ၅၁ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့၌ ပြည်သူများက မေ ၂၉ ရက်၌ နှာခေါင်းစည်းတပ်၍ သွားလာနေကြသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံရှိ ပညာရှင်များက ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းသည် ကပ်ရောဂါထိန်းချုပ်ရေး၏ အဓိကကျသော ဆောင်ရွက်မှုနည်းလမ်းတစ်ခုဖြစ်ပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးရန်တိုက်တွန်း အကြံပြုခဲ့ကြသည်။ ထို့ပြင် ဘရာဇီးနိုင်ငံတွင် အတိုင်းအတာ ကြီးမားသည့် COVID-19 ရောဂါ စစ်ဆေးမှုများကိုဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒေသခံ အစိုးရများ အနေဖြင့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ကာ COVID-19 ရောဂါ စစ်ဆေးမှု စွမ်းရည်ကို မြှင့်တင်သွားသင့်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)
——————————————–
(Chinese Version)

(国际疫情)巴西累计新冠死亡病例超50万例 居全球第二

新华社圣保罗6月19日电(记者宫若涵)巴西卫生部19日傍晚公布的数据显示,该国24小时内新增新冠确诊病例82288例,累计确诊17883750例;新增死亡病例2301例,累计死亡500800例。巴西是继美国之后第二个累计新冠死亡病例超过50万例的国家。

世界卫生组织的统计数据显示,目前巴西累计新冠确诊病例数排在全球第三,低于美国和印度;累计死亡病例数排在全球第二,仅低于美国。
巴西主流媒体根据各州卫生厅公布的数据统计得出,在截至本月19日的一周里,巴西平均每日新增确诊病例72007例,比两周前的数据上涨了16%,是疫情曲线逾80天来首次呈上升趋势;平均每日新增死亡病例2073例,比两周前的数据上涨了26%。

数据还显示,巴西累计新冠死亡病例从1例增加到10万例用了149天,从10万例增加到20万例用了152天,从20万例增加到30万例用了76天,从30万例增加到40万例用了36天,从40万例增加到50万例用了51天。

巴西专家建议,疫苗接种是控制疫情最主要的手段之一,应提高完成两剂疫苗接种者的比例。此外,巴西应采取大规模新冠病毒检测。各地方政府可以与大学合作,提升新冠检测能力。(完)

Photo
1. 5月29日,巴西圣保罗市一名男子戴口罩在街头跑步。 新华社发(拉赫尔•帕特拉索摄)
2. 5月29日,巴西圣保罗市一名男子戴口罩乘坐公共汽车。新华社发(拉赫尔•帕特拉索摄)
3. 5月29日,巴西圣保罗市民戴口罩出行。新华社发(拉赫尔•帕特拉索摄)
4. 5月29日,巴西圣保罗市民戴口罩出行。新华社发(拉赫尔•帕特拉索摄)