Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးများ အီသီယိုးပီးယား နိုင်ငံသို့ရောက်ရှိ

အာဒစ်အာဘာဘာ ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီသီယိုးပီးယားနိုင်ငံသို့ ကူညီထောက်ပံ့ပေးသည့် Sinopharm COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဇွန် ၁၉ ရက်၌ အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာမြို့သို့ ရောက်ရှိသွားခဲ့ပြီး အီသီယိုးပီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စား တရုတ်နိုင်ငံ သံရုံးက အီသီယိုးပီးယားနိုင်ငံ ကြက်ခြေနီအသင်း အား ယခုအကြိမ်ရောက်ရှိလာသည့် ကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ခဲ့သည်။အီသီယိုးပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dereje Duguma က ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံ အစိုးရ နှင့် ပြည်သူများက COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အီသီယိုးပီးယားနိုင်ငံ အပေါ် ထောက်ပံ့ပေးခဲ့သည့် ကူညီထောက်ပံ့မှုအသီးသီးအပေါ် ကျေးဇူးတင်လိုကြောင်း ၊ ယခုအကြိမ် ကူညီထောက်ပံ့ပေးခဲ့သည့် ကာကွယ်ဆေးများအနက် အချို့သောကာကွယ်ဆေးများကို တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည့် Tigray ဒေသအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာမြို့တွင် ဇွန် ၁၉ ရက်၌ ဝန်ထမ်းများက တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးများ သယ်ယူနေကြစဉ်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Abera Tola က အီသီယိုးပီးယားနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အလိုအပ်ဆုံးသော ပြည်သူများအတွက် COVID-19 ရောဂါ ကာကွယ်ဆေးများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာမြို့တွင် ဇွန် ၁၉ ရက်၌ တရုတ်နိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံ ကိုယ်စားလှယ်က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများရှေ့တွင် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြစဉ်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျောက်ကျိယွမ် က အီသီယိုးပီးယားနိုင်ငံ နှင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတည်ရှိသည့် တရုတ်နိုင်ငံအနေဖြင့် ရှေ့ဆက်၍လည်း အီသီယိုးပီးယားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊ အီသီယိုးပီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုဘဝ အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်တို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇွန် ၁၈ ရက်ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ အီသီယိုးပီးယားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၇၄,၈၉၉ ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၄,၂၇၆ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

———————————————

(Chinese Version)

(国际疫情)中国红十字会援助新冠疫苗运抵埃塞俄比亚

新华社亚的斯亚贝巴6月19日电(记者汪平)中国红十字会援助埃塞俄比亚的国药集团新冠疫苗19日运抵埃塞首都亚的斯亚贝巴,中国驻埃塞俄比亚大使馆作为中方代表向埃塞俄比亚红十字会移交了这批疫苗。
埃塞俄比亚卫生部国务部长德雷杰•杜古马在疫苗移交仪式上致辞说,感谢中国政府和人民自新冠疫情暴发以来给埃塞提供的各项帮助,此次接受援助的一部分疫苗将用于支援冲突不断的提格雷地区。
埃塞俄比亚红十字会主席阿贝拉•托拉说,埃塞红十字会将履行其任务和义务,给最需要帮助的国民提供新冠疫苗。
中国驻埃塞俄比亚大使赵志远说,作为埃塞的全面战略合作伙伴,中国将继续为埃塞抗疫提供力所能及的帮助,在埃塞发展经济、改善民生的过程中发挥积极作用。
据埃塞卫生部公布的数据,截至18日晚,该国累计新冠确诊病例274899例,累计死亡病例4276例。(完)

Photo
1. 6月19日,在埃塞俄比亚首都亚的斯亚贝巴,工作人员清点中方援助的新冠疫苗。 新华社记者 汪平 摄
2. 6月19日,在埃塞俄比亚首都亚的斯亚贝巴,工作人员运输中方援助的新冠疫苗。新华社记者 汪平 摄
3. 6月19日,在埃塞俄比亚首都亚的斯亚贝巴,中埃双方代表在中方援助的新冠疫苗前合影。 新华社记者 汪平 摄