Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၈ သန်းကျော်အထိ ရောက်ရှိလာပြီး သေဆုံးသူ၅ သိန်းခွဲခန့်အထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် လူများ ဇွန် ၈ ရက်၌ သွားလာနေကြသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆော်ပိုလို ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂၂ ရက်ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၇,၈၂၂ ဦးရှိပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈,၀၅၄,၆၅၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၁၃၁ ဦးရှီခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၀၄,၇၁၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးစာရင်းပြုစုချက်အရ လက်ရှိချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါ ကူးစက်ခံရသူအများဆုံးနိုင်ငံများထဲတွင် ဘရာဇီးနိုင်ငံက တတိယအများဆုံးဖြစ်နေပြီး အမေရိကန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နောက် ရပ်တည်လျက်ရှိကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူအများဆုံးနိုင်ငံများတွင် ဘရာဇီးနိုင်ငံ က ဒုတိယအများနိုင်ငံဖြစ်နေပြီး အမေရိကန်နိုင်ငံထက်သာလျှော့နည်းကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံအဓိကသတင်းမီဒီယာ၏ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ ပြည်နယ်အသီးသီး၏ စာရင်းပြုစုချက်တွင် ဇွန် ၂၂ ရက်အချိန်ထိ လွန်ခဲ့သည့် တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံတွင် နေ့စဉ် ပျှမ်းမျှလူပေါင်း ၇၃၂၅၅ ဦးက COVID-19 ရောဂါ ထပ်မံကူးစက်ခံရပြီး လွန်ခဲ့သည့် ၂ ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သဖြင့် ကပ်ရောဂါက ပျံ့နှံ့နေဆဲဖြစ်ကြောင်း ၊ ယခုအပတ်အတွင်း ဘရာဇီးနိုင်ငံတွင် နေ့စဉ်ပျှမ်းမျှ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၉၆၂ ဦးရှိခဲ့ပြီး လွန်ခဲ့သည့် ၂ ပတ်အချိန်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ အဓိကသတင်းမီဒီယာ၏ စာရင်းပြုစုချက်အရ ဇွန် ၂၂ ရက် ၂၀ နာရီအချိန်ထိ ဘရာဇီးနိုင်ငံတွင် လူပေါင်း ၆၅.၆၅ သန်းကျော်က ပထမကြိမ် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကာ နိုင်ငံစုစုပေါင်း လူဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ၎င်းတို့အနက် လူပေါင်း ၂၄.၅ သန်းမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ကာ နိုင်ငံစုစုပေါင်းလူဦးရေ၏ ၁၁.၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际疫情)巴西累计新冠确诊病例超1800万例

新华社圣保罗6月22日电(记者宫若涵)巴西卫生部22日傍晚公布的最新数据显示,24小时内巴西新增新冠确诊病例87822例,累计确诊18054653例;新增死亡病例2131例,累计死亡504717例。

根据世界卫生组织的最新统计,目前巴西累计新冠确诊病例数排在全球第三,低于美国和印度;累计死亡病例数排在全球第二,仅低于美国。
巴西主流媒体根据各州卫生厅公布的数据联合统计得出,在截至22日的一周里,巴西平均每日新增新冠确诊病例73255例,比两周前的数据上涨了24%,表明疫情仍在扩散;这一周巴西平均每日新增死亡病例1962例,比两周前的数据上升了14%。

巴西主流媒体统计的数据还显示,截至22日20时,巴西全国已有超过6565万人接种了第一剂新冠疫苗,占总人口的约31%;其中超过2450万人接种了第二剂疫苗,占总人口的约11.6%。(完)

Photo
6月8日,人们行走在巴西圣保罗街头。新华社发(拉赫尔•帕特拉索摄)