Connect with us

Europe

ရုရှားနိုင်ငံသမ္မတ ပူတင် က အနောက်နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် ဆက်ဆံရေးအခင်းအကျင်းထဲ ရုရှားနိုင်ငံ ပါဝင်မည်မဟုတ်ကြောင်း ပြောကြား

ရုရှားနိုင်ငံ သမ္မတ ပူတင် က မော်စကို ရှိ သမ္မတ အိမ်တော်၌ မိန့်ခွန်းပြော ကြားခဲ့စဉ် (ဓာတ်ပုံ-Xinhua/ Sputnik)

မော်စကို ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ပူတင် က လတ်တလောရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ NBC သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားရာတွင် ရုရှားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ နှင့် ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးအား အလေးထားပြီး အနောက်နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် ဆက်ဆံရေးအခင်းအကျင်းတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ရုရှားနိုင်ငံသမ္မတ ပူတင် က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့သည် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဘက်ဆက်ဆံရေးကို တည်ထောင်ထားပြီးဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေး ၊ စီးပွားရေး နှင့် နည်းပညာစသည့် ကဏ္ဍအသီးသီးတွင် အဆင့်အတန်း မြင့်မားသည့် အပြန်အလှန်ယုံကြည်မှု နှင့် ပူးပေါင်ဆောင်ရွက်မှုကို ထိန်းသိမ်းထားကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေး သည် ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်းအပေါ် စိတ်ကျေနပ်ခဲ့ပြီး တန်ဖိုးလည်းထားကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် မခံယူထားဘဲ အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် ဆက်ဆံရေးအခင်းအကျင်းထဲတွင်လည်း ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရှင်းကျန်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ရုရှားနိုင်ငံသမ္မတ ပူတင် က မိမိအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် ဝီဂါလူမျိုးကိုယ်စားလှယ်နှင့် တွေ့ဆုံးခဲ့ပြီး ၎င်းတို့၏ တရုတ်နိုင်ငံ ဗဟိုအစိုးရ မူဝါဒအပေါ်ကြိုဆိုခြင်းကို ကြားသိခဲ့ရကြောင်း ၊ ဗဟိုအစိုးရအနေဖြင့် စီးပွားရေး နှင့် လူမှုရေး စသည့်နယ်ပယ်များတွင် ဒေသတွင်းပြည်သူလူထုများအတွက်များစွာ လုပ်ဆောင်ပေးခဲ့သည်ကိုမိမိအားပြောခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင် က တရုတ်နိုင်ငံ သည် စီးပွားရေး နှင့် ပြည်သူ့အင်အား ကြီးမားသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး လက်ရှိချိန်တွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ လူတိုင်းက ယင်းကို တွေ့မြင်ကြနိုင်မည်ဖြစ်ပြီး ရှောင်နေရန် သို့မဟုတ် ကြောက်လန့်နေရန် မလိုအပ်ဘဲ အရေးကြီးသည်မှာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား မည်ကဲ့သို့ ကိုင်တွယ်သွားခြင်းသာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)普京:俄罗斯不会被纳入西方对华关系布局中

新华社莫斯科6月16日电(记者鲁金博)俄罗斯总统普京日前在接受美国全国广播公司记者专访时表示,俄罗斯重视与中国的友好关系,不会被纳入西方对华关系布局中。

普京说,俄罗斯和中国已经建立起全面战略协作伙伴关系,双方在政治、经济、科技等各个领域都保持高水平互信与合作。俄罗斯对俄中两国关系达到新的高度感到满意并予以珍视,俄罗斯不认为中国是威胁,也不会被纳入美国为首的西方国家对华关系的布局中。

在谈到中国新疆时,普京说,他在访问中国时曾与维吾尔族代表会面,听到他们对中国中央政府的政策表示欢迎,中央政府在经济、文化等方面为当地百姓做出了巨大贡献。

普京指出,中国是经济和人口大国,正在快速发展,每个人都可以看到这一点,不必回避或者害怕,重要的是如何处理与中国的关系。(完)

Photo
5月11日,俄罗斯总统普京在位于莫斯科州的新奥加廖沃总统官邸发表讲话。新华社/卫星社