Connect with us

မြန်မာ-中文

ရုရှားနိုင်ငံ သမ္မတ ပူတင် က ရုရှား နှင့် ဥရောပ ပူးပေါင်းဆောင်ရွက်၍ စိန်ခေါ်မှုများကို ရင်ဆိုင်သွားသင့်ကြောင်း ပြောကြား

ရုရှားနိုင်ငံသမ္မတ ပူတင်က ဧပြီ ၂၁ ရက်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ပူတင်က ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲစတင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်စဥ် မိန့်ခွန်းပြောကြားချက်ကို ကိုးကား၍ ဇွန် ၂၂ ရက်၌ ဂျာမနီနိုင်ငံ 《Die Zeit》သတင်းဌာနက ဆောင်းပါးရေးသားဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသမ္မတ ပူတင်က ရုရှား နှင့် ဥရောပ တို့သည် အတူတကွ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ၊ တံခါင်းဖွင့်သည့် သဘောထား နှင့် မိမိကိုယ်ကို အီးယူနှင့် ဘက်စုံမိတ်ဘက်ဆက်ဆံရေးကို ပြန်လည်ဖြစ်တည်ရန်ဆောင်ရွက်နေကြောင်း ရေးသားထားသည်။

ဆောင်းပါးတွင် ရုရှားနိုင်ငံ သမ္မတ ပူတင်၏ နိုင်ငံတော်ကာကွယ်ရေးစစ်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်း နှင့် ရုရှား-ဥရောပ ဆက်ဆံရေးနှင့် ပတ်သက်သော သဘေားထားများကို ဖော် ပြထားသည်။

ပူတင် က လက်ရှိချိန်တွင် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုအောက်တွင် စီးပွားရေး ကျဆင်းနေပြီး လူသားအားလုံးသည် အတူတကွ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးပါကြောင်း ဆောင်းပါးကဆိုသည်။

ရုရှားနိုင်ငံသမ္မတ က ရုရှားသည် ဥရောပတိုက်၏ အကြီးဆုံးသော နိုင်ငံတစ်ခုအပါအဝင်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံအပါအဝင် ဥရောပတိုက်အတွင်းရှိ နိုင်ငံများအားလုံးအတူတကွ ကြိုးပမ်းအားထုတ်မှသာ ဥရောပတိုက်၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် လုံခြုံမှု တို့က ဖြစ်နိုင်ခြေရှိမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ၊ တံခါင်းဖွင့်သည့် သဘောထား နှင့် မိမိကိုယ်ကို အီးယူနှင့် ဘက်စုံမိတ်ဘက်ဆက်ဆံရေးကို ပြန်လည်ဖြစ်တည်ရန်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံသမ္မတ က လက်ရှိကမ္ဘာကြီးသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေရာ စိန်ခေါ်မှုအသစ် နှင့် ခြိမ်းခြောက်မှုအသစ်များဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၊ ရုရှား နှင့် ဥရောပတို့၏ အတူတကွ ရည်မှန်းချက်မှာ ဥရောပတိုက် ပထဝီမြေကြီး၏ လုံခြုံမှုဖြစ်ကြောင်း ၊ ဥရောပတိုက် နှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်းတူညီမျှသည့် ပလက်ဖောင်းအားတည်ဆောက်၍ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တူညီသည့် ကဏ္ဍတစ်ခုအား တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)

———————————————
(Chinese Version)

(国际)普京表示俄欧应合作应对挑战

新华社莫斯科6月22日电(记者鲁金博)俄罗斯总统普京22日在德国《时代》周报就卫国战争爆发80周年发表文章。他表示,俄欧面临共同挑战,俄罗斯持建设性、开放态度,主张恢复与欧盟的全面伙伴关系。

普京在文章中回顾了卫国战争的爆发并就俄欧关系发表看法。他说,当前,新冠疫情以及疫情影响下的经济下滑是人们共同面临的挑战,合作变得尤其重要。

普京说,俄罗斯是欧洲最大的国家之一,只有通过包括俄罗斯在内的所有欧洲国家共同努力,欧洲的繁荣和安全才有可能。俄罗斯持有建设性、诚实的开放态度,主张恢复与欧盟的全面伙伴关系。

普京表示,世界在飞速发展,会遇到新的挑战与威胁。俄罗斯与欧洲的共同目标是保障欧洲大陆安全,为欧洲和世界的繁荣打造平等合作与发展的统一空间。(完)

Photo
4月21日,俄罗斯总统普京在莫斯科发表国情咨文。(新华社发,叶甫盖尼•西尼岑摄)