Connect with us

International Organizations

ရုရှားရေတပ်သည် အရေးကြီးသော ပင်လယ်ရေပြင်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ဘဲရန့်ပင်လယ်ပြင်တွင် မောင်းနှင်နေသည့် ရုရှား လေယာဉ်တင် သင်္ဘော Kuznetsov အား ၂၀၀၄ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရုရှားရေတပ်စစ်သင်္ဘောတပ်ဖွဲ့က ရေကြောင်းစစ်ရေးခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံလက်နက်ကိုင်အင်အားစု၏ ၂၀၂၂ ခုနှစ် လေ့ကျင်မှုအစီအစဉ်အရ ၎င်းတို့သည် ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ ရုရှားရေတပ်စစ်သင်္ဘောတပ်ဖွဲ့ တာဝန်ရှိသော နယ်ပယ်အားလုံးတွင် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ရေကြောင်းစစ်ရေးခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုများတွင် စစ်သား ၁၀,၀၀၀ ကျော်၊ စစ်သင်္ဘောနှင့် ထောက်ပို့ရေး သင်္ဘော ၁၄၀ ကျော်၊ လေယာဉ် ၆၀ ကျော်၊ စစ်လက်နက်ပေါင်း ၁,၀၀၀ ကျော် ပါဝင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။(Xinhua)

…………………………………………
(Chinese Version)
(国际)俄国防部:俄海军将在重要海域举行一系列军演
2022-01-20 22:56:06 分类: 军事
新华社莫斯科1月20日电(记者耿鹏宇)俄罗斯国防部20日发布声明表示,俄海军舰队今年1月到2月间将举行一系列军事演习,以应对来自海洋方向的军事威胁。
声明说,根据俄联邦武装力量2022年训练计划,俄武装力量1月至2月将在俄海军舰队所有责任区域举行一系列海上军事演习。演习目标是维护俄国家海洋利益,应对来自海洋方向的军事威胁。
声明表示,预计将有约1万名军人、140余艘作战舰和补给舰、60余架飞机、1000余件武器装备参加演习。(完)