Connect with us

Asia

ရုရှား-တရုတ် ဆက်ဆံရေးသည် နိုင်ငံတကာ ဇာတ်ခုံ၏ အရေးကြီးသည့် တည်ငြိမ်မှု အကြောင်းအရင်း ဖြစ်ကြောင်း ပူတင်ပြောကြား

မော်စကို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရုရှား-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဖော်ဆောင်နိုင်ရုံသာမက နိုင်ငံတကာ ဇာတ်ခုံ၏ အရေးကြီးသည့် တည်ငြိမ်မှု အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဒီဇင်ဘာ ၂၃ ရက်တွင် မော်စကို၌ ပြုလုပ်သော နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် ပူတင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီဒီယိုလင့်ခ်တွေ့ဆုံမှုတွင် ပြောကြားခဲ့သလို ရုရှား-တရုတ် ဆက်ဆံရေးသည် ၂၁ ရာစုတွင် နိုင်ငံချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် စံနမူနာ ဖြစ်ကြောင်း၊ ပူတင်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့သည် အပြန်အလှန် ယုံကြည်မှုရှိသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သလို နိုင်ငံတကာရေးရာများတွင် အပြန်အလှန်ပံ့ပိုးကူညီမည်ဟု သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။

ရုရှား-တရုတ် ဆက်ဆံရေးသည် နိုင်ငံတကာ ဇာတ်ခုံတွင် အရေးကြီးသော တည်ငြိမ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ဤဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် ရုရှားနှင့် တရုတ်တို့၏ သမိုင်းတွင် မကြုံစဖူးပင် ဖြစ်ကြောင်း ပူတင်ကဆိုသည်။

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ ကပ်ရောဂါမဖြစ်ပွားမီ ပမာဏထက် ကျော်လွန်ကာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ရေကြောင်းနှင့် လေကြောင်းကင်းလှည့်ခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ၊ စွမ်းအင်၊ နျူကလီးယားစွမ်းအင်၊ အာကာသ၊ အဆင့်မြင့်နည်းပညာ၊ လူမှုယဉ်ကျေးမှုပညာ၊ လူငယ်လူရွယ်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များစွာတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး၏ ခိုင်မာသော သရုပ်လက္ခဏာများဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————–
(Chinese Version)

(国际)普京:俄中关系是国际舞台上的重要稳定因素

新华社莫斯科12月23日电(记者华迪 李奥)俄罗斯总统普京23日在莫斯科举行的年度大型记者招待会上表示,俄中关系不仅造福两国人民,同时是国际舞台上的重要稳定因素。

普京在记者招待会上回答新华社记者相关提问时说,正如他在与中国国家主席习近平视频会晤时表述的那样,俄中关系是“21世纪国家间协作的典范”。他与习近平主席建立了相互信任的个人关系,并在国际事务中相互支持。

普京表示,俄中关系是国际舞台上的重要稳定因素。这种“绝对的”全面战略协作伙伴关系,在历史上,至少在俄中历史上前所未有。
普京说,中国是俄罗斯第一大贸易伙伴,两国贸易额已突破1000亿美元,超过疫情前水平。

他还表示,目前俄罗斯与中国在安全领域开展合作,并进行联合演习、海上和空中联合巡逻等。俄中在能源、核能、太空、高科技、人文、青年、教育、文化等诸多领域的交流合作均是两国关系的具体体现。(完)

图说- 12月23日,俄罗斯总统普京在莫斯科召开年度记者会。新华社发(叶甫盖尼•西尼岑摄)