Connect with us

Europe

ရုရှား-အမေရိကန် ဆက်ဆံရေး ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်ရှိ Novo-Ogaryovo အိမ်တော်တွင် တယ်လီကွန်ဖရင့် တက်ရောက်နေသည့် သမ္မတ ဗလာဒီမာပူတင် အား ၂၀၂၀ ပြည့်နှစ် မေ ၁၁ ရက်၌ တွေ့ရစဉ် (ဓာတ်ပုံ - Sputnik via Xinhua)

ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရုရှားနှင့်အမေရိကန် ဆက်ဆံရေးသည် ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇွန် ၁၁ ရက် အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။NBC က ယင်းနေ့တွင် ပူတင်နှင့်သီးသန့်တွေ့ဆုံမေးမြန်းခန်း တစ်စိတ်တစ်ပိုင်းကို ထုတ်လွှင့်ပြသခဲ့ရာ ပူတင်က ရုရှား-အမေရိကန် နှစ်ဖက်ဆက်ဆံရေး ဆိုးဝါးလာသည်မှာ ယခုနှစ်များတွင် အနိမ့်ဆုံးရေချိန်ကို ရောက်ရှိခဲ့ကြောင်း ၊ သို့သော် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားက အီရန်ကို ကင်းထောက်ဂြိုဟ်တုပေးမည်ဆိုသည့် အမေရိကန် သတင်းဌာနများ၏ဖော်ပြချက်သည် သတင်းအမှားတစ်ခုဖြစ်ကြောင်း ပူတင်က အဆိုပါ သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ တုံ့ပြန်ပြောကြားလိုက်သည်။

ရုရှားသည် လာမည့် လပိုင်းအတွင်း ရုပ်ထွက်အရည်အသွေးမြင့်မားသောကင်မရာ တပ်ဆင်ထားသည့် Canopus-V ဂြိုဟ်တုကို လွှတ်တင်သွားနိုင်ပြီး ၎င်းကို အီရန်အား ပေးအပ်နိုင်ကြောင်း ၊ ထိုဆောင်ရွက်မှုက အီရန်၏ ဒေသတွင်း ပစ်မှတ်ထောက်လှမ်းနိုင်စွမ်းကို သိသိသာသာ မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ယခုလ ၁၀ ရက်တွင် ဝါရှင်တန်ပို့စ်သတင်းစာက သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားဖော်ပြထားသည်။

ဘိုင်ဒန်နှင့် ပူတင်သည် ယခုလ ၁၆ ရက်တွင် ဂျီနီဗာ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ လက်ရှိ အမေရိကန်နှင့်ရုရှား နှစ်ဖက်သဘောထားများအရ ယခုအကြိမ်ဆွေးနွေးမှုရလဒ်အပေါ် နှစ်ဖက်စလုံးကမျှော်လင့်ချက်ကြီးကြီးမားမား မထားရှိထားကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)普京:俄美关系处于近年来最低点

新华社华盛顿6月11日电(记者刘品然)俄罗斯总统普京11日在接受美国媒体采访时表示,俄罗斯与美国关系正处于近年来最低点。

美国全国广播公司当晚播出了专访普京的部分内容。普京指出俄美双边关系已恶化至近年来最低点,但他同时表示与美国总统拜登可以展开合作。

普京在专访中还驳斥了美媒关于俄罗斯将向伊朗交付一颗侦察卫星的报道,斥责其为“假新闻”。
本月10日,《华盛顿邮报》援引“消息人士”的话报道称,俄罗斯未来数月可能发射一颗配备高分辨率摄像头的“老人星-V”卫星并交付给伊朗,这将显著提升伊朗对地区目标的侦察能力。

拜登与普京将于本月16日在日内瓦举行会晤,从目前美俄双方一些表态来看,双方对此次会晤成果不抱过高期望。(完)
图说1

:Russian President Vladimir Putin attends a teleconference at Novo-Ogaryovo state residence outside Moscow, Russia, on May 11, 2020. (Sputnik via Xinhua)
———————————————-
(Zawgyi Version)

႐ုရွား-အေမရိကန္ ဆက္ဆံေရး ယခုႏွစ္မ်ားတြင္ အနိမ့္ဆုံးအဆင့္ကို ေရာက္ရွိေနသည္ဟု ပူတင္ေျပာၾကား

ဝါရွင္တန္၊ ဇြန္ ၁၂ ရက္ (ဆင္ဟြာ)

႐ုရွားႏွင့္အေမရိကန္ ဆက္ဆံေရးသည္ ယခုႏွစ္မ်ားတြင္ အနိမ့္ဆုံးအဆင့္ကို ေရာက္ရွိေနသည္ဟု ႐ုရွားႏိုင္ငံ သမၼတ ဗလာဒီမာပူတင္က ဇြန္ ၁၁ ရက္ အေမရိကန္မီဒီယာ၏ ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

NBC က ယင္းေန႔တြင္ ပူတင္ႏွင့္သီးသန႔္ေတြ႕ဆုံေမးျမန္းခန္း တစ္စိတ္တစ္ပိုင္းကို ထုတ္လႊင့္ျပသခဲ့ရာ ပူတင္က ႐ုရွား-အေမရိကန္ ႏွစ္ဖက္ဆက္ဆံေရး ဆိုးဝါးလာသည္မွာ ယခုႏွစ္မ်ားတြင္ အနိမ့္ဆုံးေရခ်ိန္ကို ေရာက္ရွိခဲ့ေၾကာင္း ၊ သို႔ေသာ္ အေမရိကန္ႏိုင္ငံ သမၼတ ဂ်ိဳးဘိုင္ဒန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

႐ုရွားက အီရန္ကို ကင္းေထာက္ၿဂိဳဟ္တုေပးမည္ဆိုသည့္ အေမရိကန္ သတင္းဌာနမ်ား၏ေဖာ္ျပခ်က္သည္ သတင္းအမွားတစ္ခုျဖစ္ေၾကာင္း ပူတင္က အဆိုပါ သီးသန႔္ေတြ႕ဆုံေမးျမန္းခန္း၌ တုံ႔ျပန္ေျပာၾကားလိုက္သည္။

႐ုရွားသည္ လာမည့္ လပိုင္းအတြင္း ႐ုပ္ထြက္အရည္အေသြးျမင့္မားေသာကင္မရာ တပ္ဆင္ထားသည့္ Canopus-V ၿဂိဳဟ္တုကို လႊတ္တင္သြားႏိုင္ၿပီး ၎ကို အီရန္အား ေပးအပ္ႏိုင္ေၾကာင္း ၊ ထိုေဆာင္႐ြက္မႈက အီရန္၏ ေဒသတြင္း ပစ္မွတ္ေထာက္လွမ္းႏိုင္စြမ္းကို သိသိသာသာ ျမႇင့္တင္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ယခုလ ၁၀ ရက္တြင္ ဝါရွင္တန္ပို႔စ္သတင္းစာက သတင္းအရင္းအျမစ္တစ္ခုကို ကိုးကားေဖာ္ျပထားသည္။

ဘိုင္ဒန္ႏွင့္ ပူတင္သည္ ယခုလ ၁၆ ရက္တြင္ ဂ်ီနီဗာ၌ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္သည္။ လက္ရွိ အေမရိကန္ႏွင့္႐ုရွား ႏွစ္ဖက္သေဘာထားမ်ားအရ ယခုအႀကိမ္ေဆြးေႏြးမႈရလဒ္အေပၚ ႏွစ္ဖက္စလုံးကေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမား မထားရွိထားေၾကာင္း သိရသည္။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.