Connect with us

China

ဝေးလံခေါင်သီဒေသမှ တောတောင်သဘာဝအလှရှုခင်းများ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနှင့်အတူ ခရီးသွားအရင်းအမြစ်အဖြစ် ပွင့်လန်းလာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင် ရီဆန်းကွမ်းမြို့နယ်လေးတွင် ဝူလျင်ဆန်းတောင်းတန်းများအကြားရှိ တောင်ကြားချိုင့်ဝှမ်းကို ဖြတ်ကျော်သွယ်တန်းထားသည့် စစ်တုဟဲမြစ်ကူးတံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ဟူပေ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ ဟူပေပြည်နယ်အနောက်ဘက်လမ်းအပိုင်း ဖြစ်သည့် ရီအန်းလမ်းအပိုင်းကို ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် ဖောက်လုပ်တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားလာနိုင်ခဲ့သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင် ရီဆန်းကွမ်းမြို့နယ်လေးတွင် ဝူလျင်ဆန်းတောင်းတန်းများအကြားရှိ တောင်ကြားချိုင့်ဝှမ်းကို ဖြတ်ကျော်သွယ်တန်းထားသည့် စစ်တုဟဲမြစ်ကူးတံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင် ရီဆန်းကွမ်းမြို့နယ်လေးတွင် ရောယှက်ချိတ်ဆက်ထားသည့် ယာဉ်သွားလမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီးထူကျားလူမျိုး၊မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါးတုန်းခရိုင် ရီဆန်းကွမ်းမြို့နယ်လေး၏ သဘာအလှမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီးတွင် ရှိသည့် ဟူပေပြည်နယ်၊ အန်းစီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ပါးတုန်းခရိုင်၊ ရီဆန်းကွမ်းမြို့နယ်လေးသည် အန်းစီးပြည်နယ်ခွဲ၏ အရှေ့ဘက်တံခါးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်(၁,၁၀၀)မီတာခန့်တွင် တည်ရှိရာ ယင်းအား “တရုတ်နိုင်ငံအလယ်ပိုင်း၏ သစ်တောပင်လယ်”၊ “ဟူပေပြည်နယ်၏ အေးမြသည့်မြို့ကလေး”ဟူ၍ တင်စားခေါ်ဝေါ်လေ့ရှိသည်။ ယင်းနေရာသည် ဝူလျင်ဆန်းတောင်တန်း၏ အရှေ့ဘက်အဝင်အဝနှင့် အနောက်ဘက်ထွက်ပေါက် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်နေရာတွင်လည်း တည်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ယနေ့အခါ ရီဆန်းကွမ်းမြို့နယ်လေးသည် ရထားလမ်း၊ အဝေးပြေးအမြန်လမ်း၊ တစ်နိုင်ငံလုံး၏ပင်မယာဉ်သွားလမ်း၊ ပြည်နယ်အဓိကယာဉ်သွားလမ်းအဖြစ် ရောယှက်ချိတ်ဆက်သည့်နေရာဖြစ်လာခြင်းကြောင့် ခရီးသွားလုပ်ငန်းသည် ယင်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာအချက်တစ်ခုဖြစ်လာခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးဒေသ အားသာချက်များကြောင့် ရီဆန်းကွမ်းမြို့နယ်လေး၏ ပေါကြွယ်ဝသည့်ခရီးသွားအရင်းအမြစ်များသည် ဝေးလံခေါင်သီသည့်နေရာမှ ပွင့်လန်းလာပြီဖြစ်ရာ ဝူလျင်ဆန်းတောင်တန်းဒေသ၏ အရေးကြီးသည့် ခရီးသွားများစုစည်းထွက်ခွာရာမြို့အဖြစ်သို့ ပြောင်းလဲခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
沿着高速看中国丨交通给力 大山美景“走出深闺”
202106/0308:37:24 来源:新华网
沪渝高速公路湖北西段——宜恩段于2004年8月开工建设,2009年12月通车。位于沪渝高速公路上的湖北恩施州巴东县野三关镇,地处恩施州的东大门,海拔约1100米,有“华中林海”“湖北凉都”的美誉,是武陵山东进西出的交通咽喉。
得益于交通的快速发展,如今的野三关镇,铁路、高速、国道、省道纵横交错,带动旅游产业成为当地新的经济增长点。交通区位优势让野三关镇丰富的旅游资源“走出深闺”,成为武陵山区重要的旅游集散城镇。(张潘、曾垂伦)
图说1:位于湖北省恩施土家族苗族自治州巴东县野三关镇的四渡河大桥,坐落于鄂西武陵崇山峻岭中,横跨高山峡谷。新华网发 文林 摄
图说2:位于湖北省恩施土家族苗族自治州巴东县野三关镇的四渡河大桥,坐落于鄂西武陵崇山峻岭中,横跨高山峡谷。新华网发
图说3:航拍湖北省恩施土家族苗族自治州巴东县野三关镇,道路纵横交错。新华网发 孟祥来 摄
图说4:巴东县野三关镇花海美景。新华网发 李永衡 摄
图说5:巴东县野三关镇风景如画。新华网发 吴以红 摄
图说6:巴东县野三关镇风景如画。新华网发 吴以红 摄