Connect with us

CHINA

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း (၇၀၀) ကျော် ထိုးနှံပြီးဖြစ်

Sinopharm မှ COVAX အစီအစဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက်ရှိသည်ကို မေ ၃၁ ရက်က ပေကျင်း Sinopharm သုတေသနဌာန ကာကွယ်ဆေးထုပ်ပိုးသည့် အလုပ်ရုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း(၇၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန် ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Sinopharm မှ COVAX အစီအစဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက်ရှိသည်ကို မေ ၃၁ ရက်က ပေကျင်း Sinopharm သုတေသနဌာန ကာကွယ်ဆေးထုပ်ပိုးသည့် အလုပ်ရုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

Sinopharm မှ COVAX အစီအစဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ပေးလျက်ရှိသည်ကို မေ ၃၁ ရက်က ပေကျင်း Sinopharm သုတေသနဌာန ကာကွယ်ဆေးထုပ်ပိုးသည့် အလုပ်ရုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

မေလမှစ၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေသည် ဆိုးဝါးဆဲဖြစ်ရာ မပေါ့ဆသင့်ဘဲ ကာကွယ်ရေးမဟာတံတိုင်းကို အတူပါဝင်တည်ဆောက်ရန် လိုအပ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုရန်ခွင့်ပြုထားသည့်စာရင်းတွင် ထည့်သွင်းခြင်းခံရပြီးဖြစ်သလို တရုတ်နိုင်ငံ၏ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံအများအပြားကလည်း အသိမှတ်ပြုလက်ခံအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ထုတ်ကုန်ပစ္စည်းဖြစ်စေရမည်ဟူသော တရုတ်နိုင်ငံ၏ ကတိစကားအတိုင်း တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးကို ကာကွယ်ဆေး သန်း(၃၅၀)ကျော် ပံ့ပိုးပြီးဖြစ်ရာ နိုင်ငံပေါင်း (၈၀)ကျော်ကို ကာကွယ်ဆေးအကူအညီများပေးအပ်ခဲ့သလို နိုင်ငံပေါင်း (၄၀)ကျော်ကိုလည်း ကာကွယ်ဆေး တင်ပို့ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူပူးပေါင်း၍ ကာကွယ်ဆေးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
权威快报丨全国新冠疫苗接种剂次超7亿
2021-06-03 15:03:12

国家卫健委6月3日通报,全国新冠疫苗接种超过7亿剂次。5月以来,疫苗接种进入“加速跑”。防控形势依然严峻,切莫麻痹大意。共筑“免疫长城”,需要你来助力。(记者陈席元、徐鹏航;海报设计杨轶群)

我国目前2款新冠灭活疫苗列入世卫组织紧急使用清单
中国疫苗被世界更多国家认可与接受

让疫苗成为全球公共产品
这是中国对世界的承诺

中国已向全球供应疫苗超过3.5亿剂
向80多个国家提供疫苗援助
向40多个国家出口疫苗
同多个发展中国家合作生产

记者:陈席元、徐鹏航
编辑:刘媛媛

新华社照片,北京,2021年6月1日
国药中国生物供应COVAX首批新冠疫苗在京下线
5月31日,工作人员在国药集团中国生物北京生物制品研究所新冠疫苗包装车间内工作。