Connect with us

China

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံပထဝီမြေပေါ်တွင် ဘက်စုံသာယာဝပြောသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ တရုတ်နိုင်ငံသမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အား ဇူလိုင် ၁ ရက်တွင် ထျန်းအန်းမင် မျှော်စင်ပေါ်၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဘက်စုံသာယာဝပြောသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ခဲ့ခြင်းသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုင်းရင်းသားများ၏ မဟာပြန်လည်ထွန်းတောက်ရေး လုပ်ငန်းစဉ်တွင် အရေးပါသည့် မှတ်တိုင်သစ်တစ်ခု ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖိန် က ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးချုပ် ၊ တရုတ်နိုင်ငံသမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က ထျန်းအန်းမင် ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား၌ ပါတီအဖွဲ့ဝင်များ အားလုံး နှင့်နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ အဆက်မပြတ်ကြိုးပမ်းအားထုတ်မှုကြောင့် မိမိတို့အနေဖြင့် ပထမ နှစ်တစ်ရာ ကြိုးပမ်းအားထုတ်မှု ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး တရုတ်နိုင်ငံပထဝီမြေပေါ်တွင် ဘက်စုံသာယာဝပြောသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ခဲ့ကာ ဆင်းရဲနွမ်းပါးမှု ပြဿနာကို သမိုင်းဝင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘက်စုံသာယာဝပြောသည့် လူအဖွဲ့အစည်းတွင် စီးပွားရေး ၊ ဒီမိုကရေစီ ၊ ယာဉ်ကျေးမှု ၊ လူ့အသိုင်းအဝိုင်း နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းစသည်တို့ပါဝင်ပြီး ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ၏ GDP နှင့် မြို့ပြကျေးရွာနေ ပြည်သူလူထုတို့၏ ဝင်ငွေမှာ ၂၀၁၀ ပြည့်နှစ် ဖြင့် နှိုင်းယှဉ်ပါက နှစ်ဆ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်က တရုတ်နိုင်ငံ စီးပွားရေး အလုံးစုံအတိုင်းအတာပမာဏ မှာ ယွမ်ငွေ ၁၀၀ ထရီလီယံ ကျော်လွန်သွားခဲ့ပြီး ပြည်သူများ၏ ပျှမ်းမျှ တစ်ဦးချင်းသုံးစွဲနိုင်သည့်ဝင်ငွေသည် တရုတ်ငွေ ၃၂,၁၈၉ ယွမ်အထိရောက်ရှိလာခဲ့ရာ မှတ်ချိန်အတိုင်း နှစ်ဆတိုးမြင့်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် အတိုင်းအတာအကြီးမားဆုံးသော လူမှုဖူလုံရေးစနစ် ကိုတည်ဆောက်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အတိုင်းအတာအကြီးမားဆုံးသော အလယ်အလတ်ဝင်ငွေရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်နိုင်ခဲ့ကာ လုံးဝဆင်းရဲနွမ်းပါးမှု ကို သမိုင်းဝင် ဖြေရှင်းမှုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သာယာဝပြောသည့် လူအဖွဲ့အစည်း ဟူသည်မှာ တရုတ်ဘာသာတွင် “ရှောင်ခန်းဆယ်ဟွေ့” ဟူသည့် စကားဖြစ်ပြီး “ရှောင်ခန်း” ဟူသည့်စကားလုံးမှာ တရုတ် ဂန္တဝင်ကဗျာတစ်ပုဒ် ၏ “ပြည်သူများ အလွန်ဆင်းရဲပင်ပန်းနေကြသည်။ ငြိမ်းချမ်းပျော်ရွှင်မှု အနည်းငယ်ရရှိလာသင့်ပြီ” ဟူသည့် စာသားအတွင်းမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ နှစ်ပေါင်းထောင်နှင့်ချီသော တရုတ်လူမျိုးများအားလုံး၏ မရပ်မနား ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ရိုးရှင်းသော ရည်းမှန်းချက် တစ်ခုသာဖြစ်ကာ လက်ရှိချိန်တွင် တရုတ်နိုင်ငံက ယင်းရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် တိန့်ရှောင်ဖိန် က “ရှောင်ခန်း” ဖြင့် ခေတ်မီ တရုတ်ပုံစံအား ရည်ညွှန်းပြောဆိုခဲ့ပြီး ပထမဦးဆုံး သာယာဝပြောသည့် လူ့အဖွဲ့အစည်း (ရှောင်ခန်းဆယ်ဟွေ့) အား တည်ဆောက်သွားရန် အဆိုပြုခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ် ကွန်မြူနစ်ပါတီ ၁၂ ကြိမ်မြောက် အမျိုးသား ကွန်ကရက်တွင် သာယာဝပြောရေး ရည်မှန်းချက်ကို ချမှတ်ခဲ့ပြီးနောက် သာယာဝပြောရေးအား ခြေလှမ်းသုံးလှမ်းဖြင့် လျှောက်လှမ်းသွားရန် မဟာဗျူဟာအတွင်းထည့်သွင်းခဲ့သည်။
၂၀ ရာစုနှစ်ကုန်ပိုင်း တွင် တရုတ်နိုင်ငံ က အလုံးစုံ အတော်အတန်ချမ်းသာကြွယ်ဝရေးကိုဖော်ဆောင်နိုင်ခဲ့ပြီးနောက်တွင် ၂၁ ရာစုအဦးပိုင်းမှစတင်၍ နှစ်ပေါင်း ၂၀ အတွင်း ဘီလီယံနှင့်ချီသော လူများအားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အဆင့်အတန်း ပိုမိုမြင့်မားသည့် သာယာဝပြောသော လူအဖွဲ့အစည်းကို ဘက်စုံတည်ဆောက်မှုပြုလုပ်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် အမျိုးသား ကွန်ကရက်တွင် ဘက်စုံသာယာဝပြောသည့် အလူအဖွဲ့အစည်း တည်ဆောက်မှုဆိုင်ရာ ရည်မှန်းချက်သစ်ကို အဆိုပြုခဲ့ပြီး သာယာဝပြောမှုကို အဆက်မပြတ်မြှင့်တင်ရန် နှင့် ပိုမိုဘက်ပေါင်းစုံအောင် ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ဘက်စုံသာယာဝပြောသည့် လမ်းကြောင်းတွင် တစ်ဦးတစ်ယောက်မှ နောက်ကျကျန်ရစ်မနေစေရဟူသည့် မူဝါဒ အတိုင်း လွန်ခဲ့သည့် ၈ နှစ်သာကာလအတွင်း ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမှု အားနည်းနေလင့်ကစား တရုတ်နိုင်ငံ စီးပွားရေး သည် ပုံမှန်အခြေအနေသစ်တစ်ခု သို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံ သည် အလွန်ခက်ခဲ နက်ရှိုင်းသည့် ဆင်းရဲသော ဒေသများအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် ကျေးရွာတွင် နေထိုင်သူလူဦးရေပေါင်း ၉၈.၉၉ သန်းအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ရာ နှစ်ပေါင်း ၄၀ ကျော်အတွင်း လူပေါင်း သန်း ၇၇၀ ကို ဆင်းရဲနွမ်းပါးမှုမှာ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်းမှန်းချက်ကို အချိန် ၁၀ နှစ်စော၍ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘက်စုံသာယာဝပြောသည့် လူမှုအဖွဲ့အစည်း တည်ဆောက်ရာတွင် အကြီးမားဆုံးသော အားနည်းချက်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။
စီချွမ်းပြည်နယ် ချမ်းရှီးကောင်တီ ရှိုယွင်ကျေးရွာ မှ ရွာသား လီဝေယွင် က လူနေမှုဘဝပြောင်းလဲမှုဖြစ်ပွားခဲ့သည့် အပေါ် စိတ်လှုပ်ရှားစွာပြောကြားရာတွင် ကျေးရွာအတွင်း ဂေဟစနစ်စိုက်ပျိုးရေး လုပ်ဆောင်ခဲ့ပြီးနောက် ရွာသူ/ရွာသား အများအပြားသည် တိုက်အိမ်ငယ်များဖြင့် နေနိုင်လာခဲ့ပြီး ကားများလည်း ဝယ်ယူနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကောင်းမွန်သည့် လူနေမှုဘဝ သည် အိမ်အဝ အထိ ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် မက်မွန်သီး စိုက်ပျိုးခြင်းဖြင့် ယခုနှစ်တွင် ဝင်ငွေ ယွမ်ငွေ နှစ်သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အမျိုးသားအုပ်ချုပ်ရေးကျောင်း မှ ပါမောက္ခ လျိုအင်းတုန်း က လူပေါင်း ၁.၄ ဘီလီယံ ကို အတော်အတန် ချမ်းသာသည့် လူနေမှုဘဝကို ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အံ့အားသင့်ဖွယ်ရာကောင်းသော ကမ္ဘာနှင့်ချီသည့် ပေးဆပ်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ၊ ယင်းကဲ့သို့သော ဆောင်ရွက်မှုမျိုးသည် ကုန်ထုတ်လုပ်မှုအားနည်းသည့် ရိုးရာစိုက်ပျိုးရေးလုပ်ငန်း လူ့အဖွဲ့အစည်းတွင် ဖော်ဆောင်နိုင်ရန်မဖြစ်နိုင်ကြောင်း ၊ ပြည်သူသည်သာ အဓိကဟူသော ဆောင်ရွက်မှုကို ခိုင်မာစွာဆောင်ရွက်သည့် ၊ ဆောင်ရွက်နိုင်မှုစွမ်းရည် အားကောင်းသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်၌ လျှောက်လှမ်းခဲ့သဖြင့် တရုတ်နိုင်ငံ၏ တမူထူးခြားသော ဆိုရှယ်လစ်ဝါဒ လမ်းစဉ်ဖြင့်သာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ကိုယ်စားလှယ် ပိုင်ယာထင် က တရုတ်နိုင်ငံ မှ အတော်အတန် ချမ်းသာမှုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အတွက် အလွန်အရေးပါသည့် ဆောင်ရွက်မှုပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းရာတွင် တန်ဖိုးကြီးမားသည့် အတွေ့အကြုံအား ပေးအပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘက်စုံ သာယာဝပြောသည့် လူမှုအဖွဲ့အစည်း အကောင်အထည်ဖော်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် လက်ရှိတွင် ခေတ်မီဆိုရှယ်လစ်ဝါဒ အင်အားကြီးနိုင်ငံအား ဘက်စုံတည်ဆောက်နိုင်ရန်အတွက် ဒုတိယ နှစ်တစ်ရာ ကြိုးပမ်းအားထုတ်မှု ရည်မှန်းချက်ကို ဦးတည်၍ စိတ်ဓာတ်တက်ကြွစွာဖြင့် ဆက်လက် လျှောက်လှမ်းနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(中国聚焦)习近平宣告中华大地全面建成小康社会
2021-07-01 11:47:40 分类: 政治法律
新华社北京7月1日电题:习近平宣告中华大地全面建成小康社会
新华社记者李来房、吕秋平、杨迪
中国最高领导人习近平1日宣布全面建成小康社会,这是世界人口最多的国家在民族伟大复兴征程上的重要里程碑。
中共中央总书记、国家主席、中央军委主席习近平在天安门广场举行的庆祝中国共产党成立100周年大会上宣告:“经过全党全国各族人民持续奋斗,我们实现了第一个百年奋斗目标,在中华大地上全面建成了小康社会,历史性地解决绝对贫困问题。”
全面建成小康社会涵盖经济、民主、科教、文化、社会、人民生活等方面,目标包括2020年国内生产总值和城乡居民人均收入比2010年翻一番。
去年,中国经济总量突破100万亿元,居民人均可支配收入32189元,如期实现翻番。中国建成世界规模最大的社会保障体系,形成规模最大的中等收入群体,并历史性地消除了绝对贫困。
小康源自《诗经》:“民亦劳止,汔可小康。”几千年来中华民族孜孜以求的朴素理想,在今日中国变成现实。
改革开放后,邓小平用“小康”描述中国式现代化,首先提出建设小康社会。1982年中共十二大确立小康目标,之后小康列入“三步走”战略。
上世纪末中国实现总体小康后,从本世纪头20年全面建设惠及十几亿人口、更高水平的小康社会,到中共十八大提出全面建成小康社会的新目标,小康要求不断提高、更加全面。
全面小康路上一个都不能少。8年多来,在全球经济复苏乏力、中国经济进入新常态的形势下,中国攻下脱贫“硬骨头”的深度贫困区,9899万农村贫困人口全部脱贫,40多年来7.7亿人脱贫,提前10年完成联合国2030年可持续发展议程减贫目标,解决了全面建成小康社会的最大短板。
四川省苍溪县岫云村农民李伟云感慨生活之变:村里发展生态农业,许多村民住上小楼,买了汽车。“现在好日子就在家门口。”他种的脆桃今年收入20万元。
“14亿人过上小康生活是了不起的世界贡献。”中共中央党校(国家行政学院)教授刘恩东说,这在生产力低下的传统农业社会无法实现,只有在坚持人民至上、具有强大执行能力的中共领导下走中国特色社会主义道路才能达到。
联合国开发计划署驻华代表白雅婷说,中国成功实现小康为实现可持续发展目标作出了重要贡献,也为世界各国缓解贫困提供了宝贵经验。
全面实现小康后,习近平说,中国“正在意气风发向着全面建成社会主义现代化强国的第二个百年奋斗目标迈进”。(完)

Photo
7月1日上午,庆祝中国共产党成立100周年大会在北京天安门广场隆重举行。中共中央总书记、国家主席、中央军委主席习近平发表重要讲话。这是习近平在天安门城楼上。
新华社记者 李学仁 摄