Connect with us

North America

ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အစီအစဉ်မရှိသေးဟု ဘိုင်ဒန် ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဝါရှင်တန်ဒီစီ အိမ်ဖြူတော်တွင် မီဒီယာများနှင့် ဇွန် ၂၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ဟေတီနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံရုံး၏ လုံခြုံရေးနှင့် ပုံမှန်လည်ပတ်နိုင်ရေးအတွက် မရိန်းတပ်ဖွဲ့ဝင်များကိုသာ စေလွှတ်သွားမည်ဖြစ်ပြီး အခြားတပ်ဖွဲ့များကို ဟေတီသို့ စေလွှတ်ရန် လက်ရှိတွင် အစီအစဉ်မရှိသေးကြောင်း ဘိုင်ဒန်က ယင်းနေ့ညနေပိုင်း အိမ်ဖြူတော်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

အမေရိကန် သံတမန်ရေးရာမစ်ရှင်များ၏ လုံခြုံရေးကို မရိန်းတပ် သံရုံးလုံခြုံရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဟေတီနိုင်ငံအတွင်း ယိုးယွင်းနေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်စေလွှတ်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး Jen Psaki က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဟေတီ သမ္မတ ဂျိုဗီနယ်လ်မော်စီသည် နေအိမ်တွင် လက်နက်ကိုင်အဖွဲ့၏လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။ လူ ၂၈ ယောက်ပါဝင်သည့် လက်နက်ကိုင်အဖွဲ့က ဂျိုဗီနယ်လ်မော်စီအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့တွင် အမေရိကန် နိုင်ငံသား ၂ ဦးနှင့် ကိုလံဘီယာနိုင်ငံသား ၂၆ ဦး ပါဝင်ကြောင်း ဟေတီရဲတပ်ဖွဲ့က ဆိုသည်။ ဟေတီနိုင်ငံရှိ အရေးကြီးသော အခြေခံအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ယိုယွင်းပျက်စီးနေသည့် အခြေအနေကို တည်ငြိမ်အောင် ကူညီဆောင်ရွက်ပေးရန် ဟေတီအစိုးရက အမေရိကန်နိုင်ငံထံ အကူအညီတောင်းခံထားကြောင်း သိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际)拜登表示尚无计划向海地派兵

新华社华盛顿7月15日电(记者刘品然 杨士龙)美国总统拜登15日表示,美国目前没有向海地派兵的计划。
拜登当天下午在白宫回答媒体提问时说,美方只会派海军陆战队前往美驻海地大使馆以确保人员安全和一切正常,目前还没有派其他美军部队进入海地的计划。
美国外交代表机构的安保由海军陆战队使馆警卫队负责。
白宫新闻秘书普萨基12日曾表示,美方正在评估有关海地希望美国派兵协助维持局势稳定的请求,不排除美方派兵的可能性。

当地时间7日凌晨,海地总统莫伊兹在家中被一伙武装分子杀害。海地警方说,一个由28人组成的武装团伙涉嫌参与刺杀莫伊兹,包括两名美国人和26名哥伦比亚人。海地政府已向美国和联合国发出请求,希望向海地派兵保护关键基础设施,协助维持局势稳定。(完)
1. U.S. President Joe Biden speaks to the press before leaving the White House in Washington, D.C., the United States, on June 29, 2021. (Photo by Ting Shen/Xinhua)