Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Semeru မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦးထိ မြင့်တက်လာ

ဂျကာတာ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeruမီးတောင်သည် ဒီဇင်ဘာ ၇ ရက်အထိ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေရာ သေဆုံးသူဦးရေ ၃၄ ဦးထိ မြင့်တက်လာပြီး အခြား ပျောက်ဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၆ ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။Semeruမီးတောင်သည် ယင်းနေ့က ၇ ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးတောင်မြေငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ(BNPB) ပြောရေးဆိုခွင့်ရှိသူ Abdul Muhariက ပြောကြားခဲ့သည်။ ဒေသခံပြည်သူများ အနေဖြင့် မီးတောင်ဝအနီးတစ်ဝိုက် ၁ ကီလိုမီတာ ပတ်ဝန်းကျင်ဒေသနှင့် မီးတောင်အနီး မြစ်ကြောင်းတွင် မည်သည့် သွားလာလှုပ်ရှားမှုမျှမလုပ်ဆောင်ကြရန် BNPB က သတိပေးထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင် Semeruမီးတောင် ပေါက်ကွဲမှုအား ကြည့်ရှုနေကြသူများကို ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Abdul Muhariက မီးတောင်တည်ရှိရာ Lumajang ခရိုင်ရှိ လူနေအိမ်ခြေ ၂,၉၇၀ အိမ်နှင့် စာသင်ကျောင်း ၃၈ ကျောင်း ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၇၀၀ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ Lumajang ခရိုင်နှင့် ပြင်ပသို့ ဆက်သွယ်ရာ တံတားတစ်စင်းသည် မီးတောင်ပေါက်ကွဲရာမှ ထွက်လာသည့် အရာဝတ္ထုများနှင့် မိုးရွာသွန်းမှုက ဖြစ်ပွားသည့် ရွှံ့သဲမြေစီးဆင်းမှုကြောင့် ပျက်စီးခဲ့ကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင် မီးတောင်ပြာမှုန့်များ ဖုံးလွှမ်းနေသည့် ပစ္စည်းများအား ရှင်းလင်းနေသည်ကို ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ကပ်ဘေးသင့် အချို့ဒေသများ၌ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး မိုးကြီးခြင်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း သည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရကြောင်း Abdul Muhariက ဆိုသည်။ အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က ဒီဇင်ဘာ ၇ ရက်မှစပြီး အခြားဌာနများနှင့်ပူးတွဲကာ ကပ်ဘေးသင့်ဒေသများသို့ စားစရာ၊ ရွက်ဖျင်၊ ခြုံစောင်နှင့် အခြား လူမှုအသုံးဆောင်ပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်နေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်တွင် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူရုပ်လောင်းများအား ရွှေ့ပြောင်းနေသည်ကို ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် ကပ်ဘေးသင့်ဒေသသို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သွားရောက် စစ်ဆေးကြည့်ရှုခဲ့ရာ အစိုးရအနေဖြင့် ဒုက္ခသည်များလိုအပ်မှုကို အတတ်နိုင်ဆုံး ဖြည့်ဆည်းသွားမည်ဖြစ်ပြီး ဒေသအခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက်သွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်တွင် မီးတောင်ပြာမှုန့်များ ဖုံးလွှမ်းနေသည့် ဆိုင်ကယ်တစ်စီးအား ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Semeruမီးတောင်သည် ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှစတင်ကာ ပြာမှုန့်နှင့်မီးခိုးများ မှုတ်ထုတ်ခဲ့ခြင်း ဖြစ်ပြီး မှုတ်ထုတ်လိုက်သည့်အရာဝတ္ထုများက အရှေ့တောင်ပိုင်းအရပ်သို့ ရွေ့လာကာ ယင်းအရပ်ရှိ ကျေးရွာများကို ဖုံးလွှမ်းခဲ့သည်။ လက်ရှိတွင် Semeruမီးတောင် သတိပေးချက်အဆင့်သည် အင်ဒိုနီးရှားနိုင်ငံ မီးတောင် သတိပေးအဆင့် ၄ ဆင့်အနက် ဒုတိယအဆင့်ဖြစ်ပြီး မီးတောင်အဝ အရှေ့တောင်အရပ် ၅ ကီလိုမီတာအတွင်းကို အန္တရာယ်များဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Semeruမီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၆၇၆ မီတာရှိပြီး ဂျာဗားကျွန်း၏အမြင့်ဆုံးမီးတောင်နှင့်နာမည်ကျော်တောင်တက်ရှုမျှော်ခင်းနေရာဖြစ်သလို အင်ဒိုနီးရှားရှိ သက်ဝင်လှုပ်ရှားမီးတောင် ၁၃၀ ခန့်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)印尼塞梅鲁火山喷发致死人数升至34人
2021-12-08 00:09:54
新华社雅加达12月7日电印度尼西亚国家抗灾署7日通报,印尼东爪哇省塞梅鲁火山当天仍在喷发,造成的死亡人数已升至34人,另有17人失踪、56人受伤。

印尼国家抗灾署代理发言人阿卜杜勒•穆哈里在一份声明中说,塞梅鲁火山当天共喷发7次,还发生2次火山地震。印尼国家抗灾署建议当地民众不要在火山口周围一公里的区域或火山附近河道开展任何活动。

穆哈里说,火山所在的卢马姜县有2970所民房和38所学校遭到不同程度损坏,约3700人被紧急撤离,连接卢马姜县和外界的一座桥梁被火山喷出物和雨水引发的泥石流冲毁。

穆哈里说,目前灾区部分地区交通依然中断,大雨天气给救援工作带来挑战。印尼国家抗灾署7日开始联合其他机构使用飞机向灾区运送食品、帐篷、毛毯和其他生活必需品。

印尼总统佐科当天视察灾区时表示,政府将尽最大努力满足灾民所需,并承诺政府将重建当地基础设施。
塞梅鲁火山4日下午开始喷出火山灰和烟雾,喷出物不断向东南方向飘散,覆盖火山东南坡上多个乡村。目前,塞梅鲁火山的警戒级别为印尼四级火山警戒级别的第二级,火山口东南方向5公里以内为危险区域。

塞梅鲁火山海拔3676米,是爪哇岛最高的火山和知名登山景区,也是印尼约130座活火山之一。(完)
图说1:12月7日,在印度尼西亚东爪哇省卢马姜,救援人员转移遇难者遗体。新华社发(库尔尼亚万摄)
图说2:12月7日,人们在印度尼西亚东爪哇省卢马姜观看喷发的塞梅鲁火山。新华社发(巴育摄)
图说3:12月7日,在印度尼西亚东爪哇省卢马姜,人们清理被火山灰覆盖的物品。新华社发(巴育摄)
图说4:12月7日,在印度尼西亚东爪哇省卢马姜,救援人员转移遇难者遗体。新华社发(库尔尼亚万摄)
图说5:12月7日,在印度尼西亚东爪哇省卢马姜,一辆摩托车被火山灰掩埋。 新华社发(库尔尼亚万摄)