Connect with us

North America

အမေရိကန်စစ်တပ်က ဆီးရီးယားမြောက်ပိုင်းတွင် “ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု”ပြုလုပ်ခဲ့ကြောင်း ဆီးရီးယားမီဒီယာ ဖော်ပြ

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ် တောင်ပိုင်းရှိ အဆောက်အအုံအပျက်အစီးများကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကတ်၊ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

လက်တလောရက်ပိုင်းတွင် အမေရိကန်စစ်တပ်သည် ထောင်ပြေးသူများကို ဖမ်းဆီးသည်ဟု အကြောင်းပြ၍ ဆီးရီးယားအရှေ့မြောက်ပိုင်း Hasakah ပြည်နယ်တွင် “ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု”ပြုလုပ်ခဲ့ရာ စာသင်ကျောင်း၊ နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဆီးရီးယားမီဒီယာက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်အရ ” IS “အစွန်းရောက်အဖွဲ့အစည်းက ဇန်နဝါရီ ၂၀ ရက်တွင် Hasakah မြို့ အကျဉ်းထောင်အပြင်ဘက်၌ ဗုံးပါရှိသော ကားတစ်စီးကို ဖောက်ခွဲကာ ထောင်တံခါးကို ဖျက်စီး၍ ” IS “အကျဉ်းသားများကို ထွက်ပြေးလွတ်မြောက်ရန် ကူညီခဲ့ကြောင်း၊ လက်တလောရက်ပိုင်းတွင် အမေရိကန် နိုင်ငံ ၏ ထောက်ခံအားပေးမှု ကို ရရှိထားသည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ နှင့် ” IS “အစွန်းရောက်အဖွဲ့အစည်းက အကျဉ်းထောင်အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ အမေရိကန်စစ်တပ်က ထောင်ပြေးသူများကို ဖမ်းဆီးသည်ဟု အကြောင်းပြ၍ အဆိုပါဒေသရှိ အရပ်သားအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များနှင့် စာသင်ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဆီးရီးယားမီဒီယာက ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက Hasakah ပြည်နယ်တွင် အမေရိကန်စစ်တပ်၏ ရိုင်းစိုင်းသော စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ၂၀၁၄ ခုနှစ် သြဂုတ်တွင် အီရတ်နိုင်ငံအတွင်းရှိ ” IS “ကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း၊ ထိုနှစ် စက်တင်ဘာတွင် အမေရိကန်သည် လေကြောင်းတိုက်ခိုက်မှု အတိုင်းအတာကို ဆီးရီးယားအထိ တိုးချဲ့ခဲ့ပြီး “ISIS” ဆန့်ကျင်တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့သည် အမေရိကန်နိုင်ငံဦးဆောင်သော နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့၏ ထောက်ခံအားပေးမှုဖြင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း နှင့် အကြီးစား တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး နယ်မြေ အမြောက်အများ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

……………………………………..
(Chinese Version)
(国际)叙利亚媒体:美军在叙东北部实施“野蛮轰炸”
2022-01-26 05:58:11 分类: 政治法律
新华社大马士革1月25日电(记者郑一晗 汪健)叙利亚媒体25日报道说,连日来美军以追捕逃犯为由,对叙东北部哈塞克省一地区实施“野蛮轰炸”,造成学校、民居等建筑和设施损毁。
据报道,极端组织“伊斯兰国”武装分子20日在哈塞克省首府哈塞克市一所监狱外引爆装有炸弹的汽车,炸毁监狱大门后协助多名“伊斯兰国”囚犯逃脱。连日来,美军支持的“叙利亚民主军”与“伊斯兰国”武装分子在监狱周边地区交火,美军则以追捕逃犯为由对该地区民用建筑实施轰炸,造成多处民居、多所学校的大楼等建筑和设施损毁,数千名平民逃离家园。
叙利亚外交部22日发表声明,谴责美军在哈塞克省实施的“野蛮”行动。
2014年8月,美国开始对伊拉克境内的“伊斯兰国”目标实施空袭。当年9月,美国将空袭范围扩大至叙利亚境内并发起组建打击“伊斯兰国”的国际联盟。“叙利亚民主军”主要由叙库尔德武装“人民保护部队”领导,在美国主导的国际联盟支持下,“叙利亚民主军”在叙北部和东部对“伊斯兰国”发起大规模军事行动,夺取大片土地。(完)